စာရဲသည်ဟာဂရကိုသူ့လက်သို့အပ်လေ၏။ (အာဗြံသည်ခါနာန်ပြည်တွင်ဆယ်နှစ်နေထိုင် ပြီးနောက် ဟာဂရကိုမယားငယ်အဖြစ် သိမ်းပိုက်ခဲ့လေသည်။-)
ကမ္ဘာဦး 16:4 - Common Language Bible အာဗြံသည်ဟာဂရနှင့်ဆက်ဆံသဖြင့် ဟာဂရ ၌ပဋိသန္ဓေစွဲလေ၏။ ဟာဂရသည်သူ၌ပဋိ သန္ဓေစွဲကြောင်းသိရလျှင် မာန်မာနဝင်လာ၍ စာရဲကိုမထီလေးစားပြုလေ၏။ Garrad Bible အာ ဗြံ ထွက်၀င် သ ဖြင့် ဟာ ဂ ရ သ န္ဓေ စွဲ လေ၏။ စွဲ ကြောင်း သိ လျှင် ကိုယ့် သ ခင် မ ကို အ ထင် အ မြင် သေး သော ကြောင့် စာ ရဲ က၊ ကျွန် မ ခံ ရ သော နစ် နာ မှု သည် အ မောင် ကြောင့် ဖြစ် ရ၏။ Judson Bible အာဗြံသည်လည်း ဟာဂရထံသို့ဝင်၍၊ ဟာဂရသည် ပဋိသန္ဓေစွဲလေ၏။ ဟာဂရသည် မိမိတွင်ပဋိသန္ဓေစွဲနေကြောင်းကိုသိလျှင်၊ မိမိသခင်မကို မထီမဲ့မြင်ပြုလေ၏။ မြန်မာ့စံမီသမ္မာကျမ်း အာဗြံသည်လည်း ဟာဂရထံသို့ဝင်သဖြင့် ဟာဂရသည် ကိုယ်ဝန်ဆောင်လေ၏။ ဟာဂရသည် မိမိကိုယ်ဝန်ရှိနေကြောင်းသိသောအခါ မိမိသခင်မကို မထီလေးစားပြုလေ၏။ |
စာရဲသည်ဟာဂရကိုသူ့လက်သို့အပ်လေ၏။ (အာဗြံသည်ခါနာန်ပြည်တွင်ဆယ်နှစ်နေထိုင် ပြီးနောက် ဟာဂရကိုမယားငယ်အဖြစ် သိမ်းပိုက်ခဲ့လေသည်။-)
ထိုအခါစာရဲကအာဗြံအား``ကိုယ်တော်ကြောင့် ဟာဂရသည် ကျွန်မအားမထီလေးစားပြုပါ ပြီ။ ကျွန်မကသူ့ကိုကိုယ်တော်ထံအပ်၍ သူ၌ ပဋိသန္ဓေစွဲကြောင်းသိသည်နှင့် ကျွန်မအား မထီလေးစားပြုလာပါသည်။ ကိုယ်တော်နှင့် ကျွန်မတို့နှစ်ဦးအတွက် တရားသဖြင့်ဖြစ် စေရန်ထာဝရဘုရားစီရင်တော်မူပါစေ'' ဟုဆို၏။
သမီးအကြီးကသူ၏ညီမအား``ငါတို့၏အဖလည်းအိုပြီ။ ငါတို့မှအမျိုးဆက်ကျန်ရစ်ခဲ့စေရန် ကမ္ဘာမှာငါတို့အားထိမ်းမြားမည့်သူတစ်စုံတစ်ယောက်မျှမရှိ။-
တစ်နေ့သ၌အီဂျစ်အမျိုးသမီးဟာဂရ နှင့်ရသော အာဗြဟံ၏သားဣရှမေလသည် စာရာ၏သားဣဇာက်နှင့်အတူကစားလျက် ရှိသည်။-
သေတ္တာတော်ကိုမြို့တွင်းသို့ပင့်ဆောင်လာသော အခါရှောလု၏သမီးတော်မိခါလသည် လေ သာပြူတင်းမှကြည့်လိုက်ရာထာဝရဘုရား ၏ရှေ့တော်၌ ဒါဝိဒ်မင်းကခုန်လျက်နေသည် ကိုမြင်လေသော်မင်းကြီးအားရွံရှာမိ၏။-
ညီအစ်ကိုတို့၊ သင်တို့၏အကျိုးငှာဤအကြောင်း အရာများတွင် အာပေါလုနှင့်ငါ့ကိစ္စကိုဥပမာ ထည့်သွင်းဖော်ပြလိုက်ခြင်းဖြစ်၏။ ထိုသို့ဖော် ပြရခြင်းမှာ ``စည်းမျဉ်းကိုကျော်လွန်၍မပြု နှင့်'' ဟူသောဆိုရိုးစကား၏အနက်အဋ္ဌိပ္ပါယ် ကိုသင်တို့နားလည်နိုင်ကြစေရန်ဖြစ်၏။ သင် တို့သည်တစ်ယောက်ကိုချီးမွမ်း၍အခြား တစ်ယောက်ကိုမထီလေးစားမပြုကြနှင့်။-