ဇိဒုန်မြို့မှတောင်ဘက်ရှိဂါဇမြို့အနီးဂေရာ မြို့သို့လည်းကောင်း၊ အရှေ့ဘက်ရှိသောဒုံမြို့၊ ဂေါ မောရမြို့၊ အာဒမာမြို့နှင့်လာရှမြို့အနီး ဇေဘိုင်မြို့သို့လည်းကောင်းအနှံ့အပြား ရောက်ရှိနေထိုင်ကြ၏။-
ကမ္ဘာဦး 13:7 - Common Language Bible သို့ဖြစ်၍အာဗြံ၏တိရစ္ဆာန်များကိုထိန်းကျောင်းသူများနှင့် လောတ၏တိရစ္ဆာန်များကိုထိန်းကျောင်းသူတို့အချင်းချင်းခိုက်ရန်ဖြစ်ပွားကြလေသည်။ (ထိုအချိန်၌ခါနာန်အမျိုးသားနှင့်ဖေရဇိအမျိုးသားတို့သည်လည်း ထိုပြည်တွင်နေထိုင်လျက်ရှိကြသေး၏။) Garrad Bible အာ ဗြံ၏ နွား ကျောင်း နှင့် လော တ၏ နွား ကျောင်း တို့ သည် အ ချင်း ချင်း ခိုက် ရန် ပြု ကြ၏။ ထို အ ခါ ခါ န နိ၊ ဖေ ရ ဇိ လူ မျိုး တို့ သည် ထို ပြည် တွင် တည် နေ နှင့် ကြ သ တည်း။ Judson Bible အာဗြံ၏နွားကျောင်းသား၊ လောတ၏နွားကျောင်းသားတို့သည်လည်း ခိုက်ရန်ပြုကြ၏။ ထိုအခါ၊ ခါနာန်အမျိုးသား၊ ဖေရဇိအမျိုးသားတို့သည် ထိုပြည်၌နေကြသတည်း။ မြန်မာ့စံမီသမ္မာကျမ်း အာဗြံ၏တိရစ္ဆာန်ထိန်းကျောင်းသူတို့နှင့် လောတ၏တိရစ္ဆာန်ထိန်းကျောင်းသူတို့ကြား၌ ခိုက်ရန်ဖြစ်ပွားခြင်းရှိကြ၏။ (ထိုကာလတွင် ခါနာန်လူမျိုးနှင့်ဖေရဇိလူမျိုးတို့သည် ထိုပြည်၌နေထိုင်လျက်ရှိကြ၏။) |
ဇိဒုန်မြို့မှတောင်ဘက်ရှိဂါဇမြို့အနီးဂေရာ မြို့သို့လည်းကောင်း၊ အရှေ့ဘက်ရှိသောဒုံမြို့၊ ဂေါ မောရမြို့၊ အာဒမာမြို့နှင့်လာရှမြို့အနီး ဇေဘိုင်မြို့သို့လည်းကောင်းအနှံ့အပြား ရောက်ရှိနေထိုင်ကြ၏။-
အာဗြံသည်ထိုပြည်ကိုဖြတ်သွားပြီးလျှင် ရှိခင် အရပ်၌ရှိသောမောရေသပိတ်ပင်သို့ရောက်ရှိ လာလေ၏။ (ထိုအချိန်ကခါနာန်အမျိုးသား တို့သည် ထိုပြည်တွင်နေထိုင်လျက်ရှိကြ၏။-)
အာဗြဟံသည်အဘိမလက်၏ကျွန်တို့က အတင်းအဋ္ဌမ္မသိမ်းယူသောရေတွင်းအကြောင်း ကိုအဘိမလက်အားတိုင်ကြားလေ၏။-
ဂေရာမြို့မှသိုးထိန်းတို့က``ဤရေတွင်းကို ကျွန်ုပ်တို့ပိုင်သည်'' ဟုဆို၍ဣဇာက်၏သိုးထိန်း တို့နှင့်အငြင်းပွားကြ၏။ ထို့ကြောင့်ဣဇာက်က ထိုရေတွင်းကို``အငြင်းအပွား'' နာမည်ဖြင့် မှည့်ခေါ်လေ၏။
ထိုအခါယာကုပ်ကရှိမောင်နှင့်လေဝိတို့ အား``သင်တို့သည်ငါ့ကိုဒုက္ခရောက်စေပြီ။ ဤ ပြည်မှခါနာန်အမျိုးသားနှင့်ဖေရဇိအမျိုး သားတို့သည်ငါ့ကိုမုန်းကြလိမ့်မည်။ ငါ့ထံ၌ လူအင်အားအနည်းငယ်သာရှိသည်။ အကယ်၍ သူတို့စည်းရုံးကြပြီးလျှင်ငါ့ကိုတိုက်ခိုက် ပါက ငါတို့မိသားစုအားလုံးသေကြေ ပျက်စီးရကြလိမ့်မည်'' ဟုပြောလေ၏။
ကျွန်တော်မျိုးတို့သည်ဘိုးဘေးများလက်ထက် မှစ၍ ယနေ့အထိသိုးနွားများကိုမွေးမြူသူ များဖြစ်ကြပါသည်ဟုလျှောက်ရမည်။ သို့မှ သာလျှင်သင်တို့အားဂေါရှင်အရပ်၌နေထိုင် ခွင့်ပေးလိမ့်မည်'' ဟူ၍မှာကြားလေ၏။ အီဂျစ် အမျိုးသားတို့သည် သိုးထိန်းများကိုစက်ဆုတ် ရွံရှာကြသောကြောင့်ယောသပ်ကထိုသို့ပြော ခိုင်းခြင်းဖြစ်သည်။
ထိုနောက်ငါသည်သူတို့အား``သင်တို့ပြု သောအမှုသည်မကောင်းပါတကား။ ရန်သူ လူမျိုးခြားများသည်ငါတို့အားသရော် ခြင်းမှကင်းလွတ်စေရန် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေကာသင်တို့မှန်ရာကိုလုပ် ဆောင်သင့်ကြသည်။-
သို့ရာတွင်သိုးထိန်းအချို့တို့သည်ယေသရော ၏သမီးတို့ကိုနှင်ပစ်လေ၏။ ထိုအခါမောရှေ သည်အမျိုးသမီးတို့ကိုကူညီသည့်အနေ ဖြင့်၊ သူတို့၏သိုးနှင့်ဆိတ်များကိုသူကိုယ် တိုင်ရေတိုက်လေ၏။-
ရန်တွေ့ခြင်းကို ငြိမ်းစေသောသူသည် ဂုဏ် အသရေရှိ၏။ မိုက်သောသူမူကား၊ အမှုနှင့်ရောနှော တတ်၏။
အိမ်သူအိမ်သားတို့စိတ်ဝမ်းကွဲပြားလျက်နေ သောအိမ်ထောင်သည်ရပ်တည်နိုင်မည်မဟုတ်။-
သင်တို့သည်လောကီသားများအဆင့်အတန်း ၌သာနေကြသေး၏။ အချင်းချင်းမနာလို လျက်၊ ရန်ဖြစ်လျက်နေကြသည်မှာလောကီ သားအဆင့်အတန်း၌ပင်သင်တို့ရှိနေကြ သေး၍မဟုတ်ပါလော။ လောကီထုံးစံအတိုင်း ကျင့်ကြံနေကြခြင်းပင်မဟုတ်ပါလော။-
ရုပ်တုကိုကိုးကွယ်ခြင်း၊ စုန်းအတတ်ဖြင့်ပြုစား ခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ အမျက်ထွက်ခြင်း၊ ကြီးပွားကျော်ကြားလိုစိတ် ရှိခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ ဂိုဏ်းခွဲခြင်း၊-
သင်တို့ရရှိသည့်အခွင့်ကောင်းမှန်သမျှကို အသုံးပြုကာ အခြားဘာသာဝင်တို့အား ပညာသတိနှင့်ဆက်ဆံကြလော့။-
ဤနည်းအားဖြင့်သင်တို့သည်အသင်းတော်ဝင် မဟုတ် သူတို့၏ကြည်ညိုလေးစားခြင်းကိုခံရ ကြလိမ့်မည်။ အဘယ်သူကိုမျှမှီခိုရန်လည်း လိုလိမ့်မည်မဟုတ်။
အခါတစ်ပါးကငါတို့ကိုယ်တိုင်ပင်လျှင် မိုက်မဲ၍ မနာခံဘဲလမ်းမှားလျက်နေခဲ့ ကြ၏။ ရမ္မက်ဆန္ဒနှင့်အမျိုးမျိုးသောအပျော် အပါးလိုက်စားမှုများ၏ကျွန်ဖြစ်ခဲ့ကြ၏။ ငါတို့၌အမြဲပင်မနာလိုသောသဘော၊ ငြူ စူသောသဘောရှိခဲ့ကြ၏။ သူတစ်ပါးတို့ သည်ငါတို့ကိုမုန်းကြ၏။ ငါတို့ကလည်း သူတို့ကိုမုန်းကြ၏။-
အဘယ်ကြောင့်ဆိုသော်မနာလိုစိတ်၊ တစ်ကိုယ် ကောင်းစိတ်တို့သည်မငြိမ်မဝပ်ရုန်းရင်းဆန် ခတ်မှု၊ ဆိုးညစ်ယုတ်မာမှုအမျိုးမျိုးတို့ကို ဖြစ်ပေါ်စေတတ်သောကြောင့်တည်း။-
သင်တို့တွင်အဘယ်ကြောင့်ခိုက်ရန်ဒေါသဖြစ် မှု၊ အငြင်းပွားမှုတို့ဖြစ်ပေါ်လာသနည်း။ သင် တို့၏ကာယလိုအင်ဆန္ဒများထကြွနေသော ကြောင့်မဟုတ်လော။-
မယုံကြည်သူတို့သည်သင်တို့အားမကောင်း မှုပြုကြသူများဟု ပြစ်တင်စွပ်စွဲလျက်နေ ကြစဉ် သင်တို့၏အကျင့်ကောင်းများကိုမြင် သဖြင့်ဘုရားသခင်ကြွလာတော်မူရာနေ့ ၌ ကိုယ်တော်၏ဘုန်းအသရေတော်ကိုချီးကူး ကြစေရန် သင်တို့သည်ထိုသူတို့ရှေ့တွင်တင့် တယ်လျောက်ပတ်စွာပြုမူကျင့်ကြံလျက် နေကြလော့။