သို့သော် တရားနှင့်မညီသော မေထုန်ကိုပြုခြင်းတို့ကြောင့် အမျိုးသားတိုင်း၌ ဇနီးရှိသင့်ပြီး အမျိုးသမီးတိုင်း၌လည်း ခင်ပွန်း ရှိသင့်၏။
၁ ကော 7:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ခင်ပွန်းဖြစ်သူသည် ဇနီးအပေါ် ခင်ပွန်းဝတ်ကို ကျေပွန်ရမည်ဖြစ်ပြီး ဇနီးဖြစ်သူသည်လည်း ခင်ပွန်းအပေါ် ဇနီးဝတ်ကို ကျေပွန်ရမည်။ Common Language Bible လင်သည်မယားအားပြုသင့်သည့်ဝတ်ကိုလည်း ကောင်း၊ မယားသည်လင်အားပြုသင့်သည့်ဝတ်ကို လည်းကောင်းပြုလျက် တစ်ဦး၏အလိုကိုတစ်ဦး ကဖြည့်တင်းပေးရာ၏။- Garrad Bible လင် သည် မ ယား အား ပြု သင့် ရာ ဝတ် ကို လည်းကောင်း၊ မ ယား သည် လင် အား ပြု သင့် ရာ ဝတ် ကို လည်း ကောင်း ပြု ကြ စေ။ Judson Bible ယောက်ျားသည် ဆက်ဆံခြင်းဝတ်ကို မိမိမယားအား ပြုစေလော့။ ထိုနည်းတူ၊ မိန်းမသည်လည်း ဆက်ဆံခြင်းဝတ်ကို မိမိလင်အား ပြုစေလော့။- မြန်မာ့စံမီသမ္မာကျမ်း ယောက်ျားသည် မိမိမယားအပေါ်ပြုအပ်သောဝတ်ကို ပြုရမည်။ မိန်းမသည်လည်း မိမိလင်ယောက်ျားအပေါ် ထိုနည်းတူပြုရမည်။ |
သို့သော် တရားနှင့်မညီသော မေထုန်ကိုပြုခြင်းတို့ကြောင့် အမျိုးသားတိုင်း၌ ဇနီးရှိသင့်ပြီး အမျိုးသမီးတိုင်း၌လည်း ခင်ပွန်း ရှိသင့်၏။
ဇနီးသည် မိမိကိုယ်ခန္ဓာကို မပိုင်။ ခင်ပွန်းကသာ ပိုင်၏။ ထို့အတူ ခင်ပွန်းသည် မိမိကိုယ်ခန္ဓာကို မပိုင်။ ဇနီးကသာ ပိုင်၏။
ထိုနည်းတူ ခင်ပွန်းသည်တို့… သင်တို့၏ဇနီးသည်သည် ထာဝရအသက်ကျေးဇူးတော်ကို သင်တို့နှင့်အတူတကွ အမွေခံရသူကဲ့သို့ဖြစ်ပြီး အားနွဲ့သောမိန်းမသားဖြစ်ကြောင်း သိမှတ်နားလည်၍ တန်ဖိုးထားပေါင်းသင်းကြလော့။ ဤသည်မှာ သင်တို့၏ ဆုတောင်းခြင်းကို အတားအဆီးမရှိစေရန် ဖြစ်၏။