ဘုရားသခင်၏ ပုံသဏ္ဌာန်တော်အတိုင်း ဖန်ဆင်းခံရသည့်လူသစ်ကဲ့သို့ ဖြစ်၍ စစ်မှန်သော ဖြောင့်မတ်ခြင်းနှင့် စစ်မှန်သော သန့်ရှင်းခြင်းတို့ဖြင့် နေထိုင်ကြလော့။
ဟေဗြဲ 12:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့၏ဖခင်များသည် ကောင်းသည်ဟု ထင်မြင်ကြသည့်အတိုင်း ကျွန်ုပ်တို့အား ခေတ္တမျှဆုံးမတတ်ကြ၏။ သို့သော် ဘုရားသခင်ကမူ ကျွန်ုပ်တို့အား မိမိကဲ့သို့ သန့်ရှင်းစေရန် ကျွန်ုပ်တို့၏ကောင်းကျိုးအတွက် ဆုံးမတော်မူ၏။ Common Language Bible ဤတိုတောင်းသောဘဝ၌လူဖခင်များသည် မိမိတို့လျောက်ပတ်သည်ဟုထင်မှတ်သည့် အတိုင်းငါတို့အားဒဏ်ပေးတတ်ကြ၏။ သို့ရာတွင်ဘုရားသခင်မူကားငါတို့ အကျိုးကိုထောက်၍ မိမိကဲ့သို့မြင့်မြတ် သန့်ရှင်းနိုင်ကြစေရန်ငါတို့အားဒဏ် ပေးတော်မူပေသည်။- Garrad Bible ဆို ခဲ့ သော အ ဖ တို့ သည် သင့် လျော် သည် ဟု ထင် မြင် တိုင်း နေ့ ရက် အ နည်း ငယ် ပဲ့ ပြင် ခဲ့ ကြ၏။ ကိုယ် တော် မူ ကား သန့် ရှင်း စေ တော် မူ ခြင်း ကို ဆက် ဆံ ခွင့် ရ ကြ စေ ရန် ငါ တို့ အ ကျိုး ငှာ ပဲ့ ပြင် တော် မူ၏။ Judson Bible အကြောင်းမူကား၊ ထိုအဘတို့သည် မိမိအလိုသို့လိုက်၍ တစ်ခဏသာ ဆုံးမပေးကြ၏။ ကိုယ်တော်မူကား၊ မိမိသန့်ရှင်းခြင်းပါရမီတော်ကို ငါတို့သည် ဆက်ဆံစေခြင်းငှာ၊ ငါတို့အကျိုးကိုထောက်၍သာ ဆုံးမပေးတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား လူသားဖခင်တို့သည် ကောင်းသည်ဟု မိမိတို့ထင်မြင်သည့်အတိုင်း ခဏသာဆုံးမပဲ့ပြင်တတ်ကြ၏။ ဝိညာဉ်ရေးဆိုင်ရာဖခင်မူကား သူ၏သန့်ရှင်းခြင်း၌ ငါတို့ပါဝင်ခံစားရမည့်အကြောင်း ငါတို့အကျိုးကိုထောက်၍ ဆုံးမပဲ့ပြင်တော်မူ၏။ |
ဘုရားသခင်၏ ပုံသဏ္ဌာန်တော်အတိုင်း ဖန်ဆင်းခံရသည့်လူသစ်ကဲ့သို့ ဖြစ်၍ စစ်မှန်သော ဖြောင့်မတ်ခြင်းနှင့် စစ်မှန်သော သန့်ရှင်းခြင်းတို့ဖြင့် နေထိုင်ကြလော့။
ယခုတွင်မူ ကိုယ်တော်သည် သွေးသားနှင့် ဖွဲ့စည်းထားသော ခရစ်တော်၏ကိုယ်ခန္ဓာကို အသေခံစေတော်မူခြင်းအားဖြင့် သင်တို့ကို မိမိနှင့် ပြန်လည်သင့်မြတ်စေတော်မူပြီ။ ဤသည်မှာ သင်တို့သည် သန့်ရှင်း၍ အပြစ်အနာအဆာကင်းလျက် အပြစ်ဆိုဖွယ်မရှိသောသူများအဖြစ် ရှေ့တော်၌ ဆက်သနိုင်ရန် ဖြစ်၏။
သခင်ယေရှုသည် ကျွန်ုပ်တို့အား ဒုစရိုက်အမျိုးမျိုးမှ ရွေးနုတ်ရန်နှင့် ကျွန်ုပ်တို့အား မိမိအတွက် စင်ကြယ်စေရန် မိမိအသက်ကို ပေးတော်မူ၏။ ဤသည်မှာ ကျွန်ုပ်တို့သည် ကိုယ်တော်၏ လူများဖြစ်လာ၍ ကောင်းမှုပြုရာတွင် စိတ်အားထက်သန်ကြရန် ဖြစ်၏။
လူတိုင်းနှင့် သဟဇာတဖြစ်ရန်၊ သန့်ရှင်းသောဘဝနှင့်နေထိုင်ရန် အစွမ်းကုန်ကြိုးစားလော့။ မသန့်ရှင်းသောသူတို့သည် ထာဝရဘုရားကို ဖူးမြင်ရမည်မဟုတ်။
သင်တို့သည်လည်း အသက်ရှင်သောကျောက်များကဲ့သို့ ဝိညာဉ်ရေးရာအိမ်တော်တည်ဆောက်ရာတွင် ပါဝင်အသုံးခံကြ၏။ ဤသည်မှာ သင်တို့သည် သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်၍ ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်နှစ်သက်ဖွယ် ဝိညာဉ်ရေးရာပူဇော်စရာများကို ပူဇော်နိုင်ရန်ဖြစ်၏။
သို့သော် သင်တို့မှာမူ ရွေးကောက်ခံရသောအမျိုး၊ တော်ဝင်ယဇ်ပုရောဟိတ်အမျိုး၊ သန့်ရှင်းသောလူမျိုး၊ ဘုရားသခင်ပိုင်ဆိုင်သောလူမျိုးဖြစ်ကြ၏။ ဤသည်မှာ သင်တို့ကို အမှောင်ထဲမှ အံ့ဖွယ်အလင်းထဲသို့ ခေါ်တော်မူသောဘုရားသခင်ပြုသည့် အံ့ဩဖွယ်အမှုများကို ကြွေးကြော်ရန်ဖြစ်၏။
ကိုယ်တော်သည် မိမိ၏ ဘုန်းအသရေတော်နှင့် ကောင်းမြတ်တော်မူခြင်းအားဖြင့် အဖိုးတန်၍ ကြီးမြတ်သောကတိတော်ကို ကျွန်ုပ်တို့အား ပေးတော်မူ၏။ ဤသည်မှာ ထိုကတိတော်အားဖြင့် သင်တို့အား ဤလောကီတပ်မက်ခြင်းကြောင့် ဖြစ်သည့်ပျက်စီးခြင်းမှ လွတ်မြောက်၍ ဘုရားဖြစ်ခြင်းသဘော၌ ပါဝင်ပတ်သက်လာစေရန်ဖြစ်၏။