ထို့ပြင် အမြုံဟု ပြောဆိုခံရသော သင်၏ဆွေမျိုး ဧလိရှဗက်သည်လည်း အသက်အရွယ်အိုမင်းချိန်တွင် ကိုယ်ဝန်ဆောင်၍ ယခုခြောက်လရှိလေပြီ။
ဟေဗြဲ 11:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မြုံသောစာရာသည် အသက်အရွယ်လွန်သော်လည်း ယုံကြည်ခြင်းဖြင့် ကိုယ်ဝန်ဆောင်နိုင်ခွင့်ကို ရရှိခဲ့၏။ အဘယ်ကြောင့်ဆိုသော် ကတိထားတော်မူသောအရှင်မှာ သစ္စာရှိသည်ဟု သူမှတ်ယူသောကြောင့် ဖြစ်၏။ Common Language Bible အာဗြဟံသည်အိုမင်းလေပြီ။ စာရာသည် လည်းသားသမီးမွေးဖွားနိုင်သောအရွယ် လွန်လေပြီ။ သို့ရာတွင်အာဗြဟံသည် ယုံကြည်ခြင်းအားဖြင့်ဖခင်ဖြစ်လာ၏။ ဘုရားသခင်သည်ကတိထားတော်မူသည် အတိုင်းသစ္စာတည်တော်မူသည်ဟုယုံ ကြည်၏။- Garrad Bible ယုံ ကြည် ခြင်း အား ဖြင့် စာ ရာ့ ကိုယ် တိုင် ပင် က တိ ထား ခဲ့ သော အ ရှင့် သ စ္စာ တည် တော် မူ ကြောင်း မှတ် ယူ လျက် အ ရွယ် လွန် ပြီး နောက် သ န္ဓေ ယူ နိုင် ခွင့် တန် ခိုး ကို ရ သည် ဖြစ် ၍၊ Judson Bible သူ၏ခင်ပွန်းစာရာသည်လည်း အရွယ်လွန်သောအခါ၊ ပဋိသန္ဓေယူနိုင်သော အခွင့်တန်ခိုးကို ယုံကြည်ခြင်းအားဖြင့် ခံရလေ၏။ အကြောင်းမူကား၊ ကတိထားတော်မူသောသူသည် သစ္စာရှိသည်ဟု စိတ်စွဲလမ်းခြင်းရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုနည်းတူ အမြုံဖြစ်သောစာရာသည်လည်း အသက်အရွယ်လွန်ပြီးသောအခါ ယုံကြည်ခြင်းအားဖြင့် ပဋိသန္ဓေတည်နိုင်သောအစွမ်းကိုရရှိ၏။ အကြောင်းမူကား ကတိပေးတော်မူသောအရှင်သည် သစ္စာရှိသည်ဟုမှတ်ယူသောကြောင့်ဖြစ်၏။ |
ထို့ပြင် အမြုံဟု ပြောဆိုခံရသော သင်၏ဆွေမျိုး ဧလိရှဗက်သည်လည်း အသက်အရွယ်အိုမင်းချိန်တွင် ကိုယ်ဝန်ဆောင်၍ ယခုခြောက်လရှိလေပြီ။
ဆိုလိုသည်မှာ အာဗြဟံ၏သွေးသားအားဖြင့် မွေးဖွားလာသောသူတိုင်းသည် ဘုရားသခင်၏ သားသမီးများဖြစ်ကြသည်မဟုတ်။ ဘုရားသခင်၏ကတိတော်အတိုင်း မွေးဖွားလာသောသားသမီးသာလျှင် အာဗြဟံ၏ သားသမီးအစစ်အမှန် ဖြစ်ကြ၏။
ကျွန်မ၏ သားသည် လူ့သဘာဝအရ မွေးဖွားလာသောသားဖြစ်ပြီး လွတ်လပ်သောမိန်းမ၏ သားမှာမူ ဘုရားသခင်၏ ကတိတော်အရ မွေးဖွားလာသောသား ဖြစ်၏။
ကတိပေးတော်မူသောအရှင်သည် သစ္စာရှိတော်မူသောကြောင့် ကျွန်ုပ်တို့ဝန်ခံသောမျှော်လင့်ချက်ကို မယိမ်းယိုင်ဘဲ စွဲကိုင်ကြပါစို့။