တပည့်တော်တို့က “တချို့က ကိုယ်တော်သည် နှစ်ခြင်းဆရာယောဟန်၊ တချို့က ဧလိယ၊ တချို့က ယေရမိ၊ သို့မဟုတ် အခြားပရောဖက်တစ်ပါးပါး ဖြစ်သည်ဟူ၍ ဆိုကြ၏” ဟု လျှောက်ကြ၏။
လုကာ 9:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တချို့က ဧလိယပေါ်ထွန်းလေပြီဟူ၍ လည်းကောင်း၊ တချို့က ရှေးပရောဖက်တစ်ပါးပါး သေရာမှ ပြန်ရှင်လာသည်ဟူ၍ လည်းကောင်း ထင်မြင်ပြောဆိုကြသောကြောင့်ဖြစ်၏။ Common Language Bible အချို့က ``ဧလိယကြွလာလေပြီ'' ဟူ၍ လည်းကောင်း၊ အချို့ကမူ ``ရှေးပရောဖက်တစ် ပါးအသက်ပြန်၍ရှင်လာလေပြီ'' ဟူ၍လည်း ကောင်းပြောဆိုနေကြသည်ကိုဟေရုဒ်သည် ကြားသဖြင့်စိတ်ရှုပ်ထွေးလျက်၊- Judson Bible အချို့က ဧလိယပေါ်ထွန်းပြီဟု ဆိုကြ၏။ အချို့က ရှေးပရောဖက်တစ်ပါးပါး ထပြန်ပြီဟု ဆိုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အချို့တို့က “ဧလိယပေါ်ထွန်းလေပြီ”ဟူ၍လည်းကောင်း၊ အချို့တို့ကလည်း “ရှေးပရောဖက်တစ်ပါးပါးထမြောက်လာပြီ”ဟူ၍လည်းကောင်း ပြောဆိုနေကြသောကြောင့်ဖြစ်၏။ မြန်မာ အချို့က ဧလိယပေါ်ထွန်းပြီဟု ဆိုကြ၏။ အချို့က ရှေးပရောဖက်တစ်ပါးပါး ထပြန်ပြီဟု ဆိုကြ၏။- |
တပည့်တော်တို့က “တချို့က ကိုယ်တော်သည် နှစ်ခြင်းဆရာယောဟန်၊ တချို့က ဧလိယ၊ တချို့က ယေရမိ၊ သို့မဟုတ် အခြားပရောဖက်တစ်ပါးပါး ဖြစ်သည်ဟူ၍ ဆိုကြ၏” ဟု လျှောက်ကြ၏။
ထိုအခါ တပည့်တော်တို့က “ဧလိယသည် ခရစ်တော်ထက် စော၍ ကြွလာမည်ဟူ၍ ကျမ်းတတ်ဆရာများက အဘယ်ကြောင့်ပြောဆိုကြသနည်း” ဟု ယေရှုအား မေးလျှောက်ကြ၏။
သို့သော် တချို့က “သူသည် ပရောဖက်ဧလိယဖြစ်သည်” ဟု ဆိုကြ၏။ တချို့က “သူသည် ရှေးပရောဖက်ကဲ့သို့သော ပရောဖက်တစ်ပါးဖြစ်သည်” ဟု ဆိုကြ၏။
တပည့်တော်တို့က “တချို့က ကိုယ်တော်သည် နှစ်ခြင်းဆရာယောဟန်၊ တချို့က ဧလိယ၊ တချို့က အခြားပရောဖက်တစ်ပါးပါး ဖြစ်သည်ဟူ၍ ဆိုကြ၏” ဟု လျှောက်ကြ၏။
တပည့်တော်တို့က “တချို့က ကိုယ်တော်သည် နှစ်ခြင်းဆရာယောဟန်ဟု ဆိုကြ၏။ သို့သော် တချို့က ဧလိယဖြစ်သည်ဟု ဆိုကြ၍ တချို့က သေရာမှ ပြန်ရှင်လာသော ရှေးပရောဖက်တစ်ပါးပါးဖြစ်သည်ဟု ဆိုကြပါသည်” ဟု လျှောက်ကြ၏။
ထိုသူတို့က “သို့ဖြစ်လျှင် သင်သည် မည်သူနည်း။ ဧလိယလော” ဟု မေးကြ၏။ ယောဟန်က “မဟုတ်ပါ” ဟု ဖြေ၏။ သူတို့က “သင်သည် ငါတို့စောင့်မျှော်နေသောပရောဖက်လော” ဟု မေးကြပြန်လျှင် ယောဟန်က “မဟုတ်ပါ” ဟု ဖြေပြန်၏။