ထို့နောက် ယေရှုသည် နာဣနမြို့သို့ ကြွတော်မူ၍ တပည့်တော်များနှင့် လူအုပ်ကြီးသည်လည်း နောက်တော်သို့ လိုက်ကြ၏။
လုကာ 7:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် မြို့အဝင်တံခါးအနီးသို့ ရောက်သောအခါ လူတို့သည် လူသေအလောင်းတစ်လောင်းကို သင်္ဂြိုဟ်ရန် မြို့ပြင်သို့ ထုတ်ဆောင်လာကြ၏။ ထိုလူသေသည် မုဆိုးမတစ်ဦး၏တစ်ဦးတည်းသော သားဖြစ်၏။ မြို့သူမြို့သားတို့သည်လည်း ထိုမုဆိုးမနှင့်အတူ လိုက်ပို့ကြ၏။ Common Language Bible မြို့တံခါးအနီးသို့ကိုယ်တော်ရောက်ချိန်၌ လူတို့ သည်မုဆိုးမတစ်ယောက်၏တစ်ဦးတည်းသော သား၏အလောင်းကိုသင်္ဂြိုဟ်ရန် မြို့ပြင်သို့ထုတ် ဆောင်လာကြ၏။ ထိုမုဆိုးမနှင့်အတူမြို့သူ မြို့သားတို့သည်လိုက်ပို့ကြ၏။- Garrad Bible မြို့ တံ ခါး ဝ အ နီး ရောက် တော် မူ သော် မု ဆိုး မ တွင် ဧ က ပု တ္တ သား၏ အ လောင်း ကို ချ သွား ရာ ထို မု ဆိုး မ နှင့် အ တူ မြို့ သူ မြို့ သား အ များ လိုက် ပို့ ကြ၏။ Judson Bible မြို့တံခါးအနီးသို့ ရောက်သောအခါ၊ မုဆိုးမ၌ တစ်ယောက်တည်းသော သားအသေကောင်ကို သင်္ဂြိုဟ်ခြင်းငှာ ထုတ်သွား၍၊ မြို့သူမြို့သားများတို့သည် လိုက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း မြို့တံခါးအနီးသို့ရောက်တော်မူသောအချိန်တွင် လူတို့သည် သေဆုံးသောသူတစ်ယောက်ကို မြို့ပြင်သို့ထုတ်ဆောင်လာကြ၏။ သူသည် မိခင်ဖြစ်သူမုဆိုးမ၏တစ်ဦးတည်းသောသားဖြစ်၏။ များစွာသောမြို့သူမြို့သားတို့သည်လည်း ထိုအမျိုးသမီးနှင့်အတူရှိကြ၏။ မြန်မာ မြို့တံခါးအနီးသို့ ရောက်သောအခါ၊ မုဆိုးမ၌ တစ်ယောက်တည်းသော သားအသေကောင်ကို သင်္ဂြိုဟ်ခြင်းငှာ ထုတ်သွား၍၊ မြို့သူမြို့သားများတို့သည် လိုက်ကြ၏။- |
ထို့နောက် ယေရှုသည် နာဣနမြို့သို့ ကြွတော်မူ၍ တပည့်တော်များနှင့် လူအုပ်ကြီးသည်လည်း နောက်တော်သို့ လိုက်ကြ၏။
ယေရှုသည် မုဆိုးမကို မြင်သောအခါ သနားစိတ်ရှိတော်မူသဖြင့် “မငိုနှင့်” ဟု မိန့်တော်မူ၏။
သူ၏ဆယ့်နှစ်နှစ်အရွယ် တစ်ဦးတည်းသော သမီးငယ်သည် သေလုဆဲဆဲရှိ၏။ ယေရှုသည် ဝတ်ပြုဆောင်မှူးနှင့်အတူ ကြွတော်မူစဉ် လူအုပ်သည် ယေရှုထံ စုပြုံတိုးဝှေ့ကြ၏။
လူတို့သည် ထိုမိန်းကလေးအတွက် ရင်ဘတ်ထုလျက် အလွန်ငိုကြွေးကြသော်လည်း ယေရှုက “မငိုကြွေးကြနှင့်။ ဤမိန်းကလေးသည် သေသည်မဟုတ်။ အိပ်ပျော်နေခြင်းသာဖြစ်သည်” ဟု မိန့်တော်မူ၏။
ဂျူးလူမျိုးများစွာသည်လည်း မောင်ဖြစ်သူကို ဆုံးရှုံးသော မာသနှင့်မာရိတို့ကို နှစ်သိမ့်ရန် လာကြ၏။
ထို့ကြောင့် ပေတရုသည် သူတို့နှင့် လိုက်သွားလေ၏။ အိမ်သို့ရောက်သောအခါ သူတို့က အပေါ်ထပ်အခန်းသို့ ခေါ်ဆောင်သွားကြ၏။ မုဆိုးမတို့သည် ပေတရုအနားတွင် ရပ်ကာငိုကြွေးလျက် သူတို့နှင့်အတူရှိစဉ်က တဗိသချုပ်ပေးခဲ့သော အင်္ကျီနှင့်အဝတ်အစားများကို ပြကြလေ၏။
ပေတရုသည် မိမိလက်ကိုကမ်း၍ သူ့ကိုဆွဲထူပြီးလျှင် ယုံကြည်သူများနှင့် မုဆိုးမများကိုခေါ်ကာ အသက်ရှင်လျက်ရှိသောတဗိသကို သူတို့အား အပ်လေ၏။
ခမည်းတော်ဘုရားသခင်ရှေ့တော်၌ သန့်ရှင်းစင်ကြယ်သောဘာသာတရားကိုင်းရှိုင်းခြင်းမှာ ဆင်းရဲဒုက္ခကြုံနေသည့် မိဘမဲ့နှင့် မုဆိုးမတို့ကို ကြည့်ရှုပြုစုခြင်း၊ မိမိကိုယ်တိုင်ကိုလည်း လောကီညစ်ညူးခြင်းတို့မှ ကင်းစင်စေခြင်းဖြစ်၏။