ထိုအခါ လူတချို့သည် လေဖြတ်သူတစ်ဦးကို ထမ်းစင်ပေါ်တင်၍ ယေရှုထံသို့ ခေါ်ဆောင်လာကြ၏။ ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကို မြင်သောအခါ လေဖြတ်သူအား “ငါ့သား… မစိုးရိမ်နှင့်။ သင်၏အပြစ်များကို ခွင့်လွှတ်ပြီ” ဟု မိန့်တော်မူ၏။
လုကာ 5:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ‘သင်၏အပြစ်များကို ခွင့်လွှတ်ပြီ’ ဟု ပြောရန် ပို၍ လွယ်ကူသလော။ သို့မဟုတ် ‘ထ၍ လမ်းလျှောက်လော့’ ဟု ပြောရန် ပို၍ လွယ်ကူသလော။ Common Language Bible `သင်၏အပြစ်ကိုဖြေလွှတ်ပြီ' ဟုပြောရန်ပို၍ လွယ်ကူသလော။ သို့တည်းမဟုတ်`နေရာမှထ ၍လှမ်းသွားလော့' ဟုပြောရန်ပို၍လွယ်ကူ သလော။- Garrad Bible အ ပြစ် ပြေ လွတ် ပြီ ဟု ဆို ရန် လွယ် ကူ သ လော။ ထ၍ လှမ်း သွား လော့ ဟု ဆို ရန် လွယ် ကူ သ လော။ Judson Bible အဘယ်စကားကိုသာ၍ ပြောလွယ်သနည်း။ သင်၏အပြစ်ကိုလွတ်စေပြီဟု ပြောလွယ်သလော။ သင်ထ၍ လှမ်းသွားလော့ဟု ပြောလွယ်သလော။- မြန်မာ့စံမီသမ္မာကျမ်း ‘သင်၏အပြစ်များခွင့်လွှတ်ခြင်းခံရပြီ’ဟု ဆိုရန်နှင့် ‘ထ၍ လမ်းလျှောက်လော့’ဟု ဆိုရန် မည်သည့်အရာက ပို၍လွယ်ကူသနည်း။ မြန်မာ အဘယ်စကားကိုသာ၍ ပြောလွယ်သနည်း။ သင်၏အပြစ်ကိုလွတ်စေပြီဟု ပြောလွယ်သလော။ သင်ထ၍ လှမ်းသွားလော့ဟု ပြောလွယ်သလော။- |
ထိုအခါ လူတချို့သည် လေဖြတ်သူတစ်ဦးကို ထမ်းစင်ပေါ်တင်၍ ယေရှုထံသို့ ခေါ်ဆောင်လာကြ၏။ ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကို မြင်သောအခါ လေဖြတ်သူအား “ငါ့သား… မစိုးရိမ်နှင့်။ သင်၏အပြစ်များကို ခွင့်လွှတ်ပြီ” ဟု မိန့်တော်မူ၏။
‘သင်၏အပြစ်များကို ခွင့်လွှတ်ပြီ’ ဟု ပြောရန် ပို၍ လွယ်ကူသလော။ သို့မဟုတ် ‘ထ၍ လမ်းလျှောက်လော့’ ဟု ပြောရန် ပို၍ လွယ်ကူသလော။
ဤလေဖြတ်သူအား ‘သင်၏အပြစ်များကို ခွင့်လွှတ်ပြီ’ ဟု ပြောရန် ပို၍ လွယ်ကူသလော။ သို့မဟုတ် ‘ထ၍ သင့်ထမ်းစင်ကို ယူလျက် လမ်းလျှောက်လော့’ ဟု ပြောရန် ပို၍လွယ်ကူသလော။
ယေရှုသည် ထိုသူတို့ မည်သို့တွေးတောနေကြသည်ကို သိတော်မူသဖြင့် “သင်တို့စိတ်ထဲ၌ အဘယ်ကြောင့် ဤသို့တွေးတောနေကြသနည်း။
သို့သော် လူသားသည် ဤလောကတွင် အပြစ်လွှတ်ပိုင်သောအခွင့်အာဏာရှိသည်ကို သင်တို့အား ငါသက်သေပြမည်” ဟု ဆိုကာ လေဖြတ်သူအား “သင့်အား ငါဆို၏။ ထလော့။ သင့်ထမ်းစင်ကိုယူ၍ အိမ်သို့ ပြန်လော့” ဟု မိန့်တော်မူ၏။