ငါ့ကိုချစ်သည်ထက် မိမိ၏ဖခင်၊ သို့မဟုတ် မိခင်ကို ပို၍ချစ်သောသူသည် ငါ့တပည့်ဖြစ်ရန် မထိုက်တန်ပါ။ ငါ့ကိုချစ်သည်ထက် မိမိ၏သားသမီးကို ပို၍ချစ်သောသူသည်လည်း ငါ့တပည့်ဖြစ်ရန် မထိုက်တန်ပါ။
လုကာ 5:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ သူတို့သည် လှေများကို ကမ်းခြေတွင် ဆိုက်ကပ်ပြီးလျှင် ရှိသမျှကို ထားခဲ့၍ ယေရှုနောက်သို့ လိုက်ကြ၏။ Common Language Bible ထိုသူတို့သည်လှေများကိုကမ်းတွင်ဆိုက်ကပ် ပြီးနောက် ရှိသမျှတို့ကိုစွန့်၍နောက်တော် သို့လိုက်ကြ၏။ Garrad Bible ထို သူ တို့ သည် လှေ များ ကို ကမ်း၌ ဆိုက် ပြီး လျှင် အ လုံး စုံ စွန့် ခဲ့၍ နောက် တော် က လိုက် ကြ ၏။ Judson Bible ကမ်းနားမှာလှေကို ဆိုက်ပြီးလျှင်၊ ထိုသူတို့သည် ရှိသမျှတို့ကို စွန့်ပစ်၍ နောက်တော်သို့ လိုက်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သူတို့သည် လှေကို ကုန်းပေါ်တင်ပြီးလျှင် ရှိသမျှကိုစွန့်၍ နောက်တော်သို့လိုက်ကြ၏။ မြန်မာ ကမ်းနားမှာလှေကို ဆိုက်ပြီးလျှင်၊ ထိုသူတို့သည် ရှိသမျှတို့ကို စွန့်ပစ်၍ နောက်တော်သို့ လိုက်ကြ၏။ |
ငါ့ကိုချစ်သည်ထက် မိမိ၏ဖခင်၊ သို့မဟုတ် မိခင်ကို ပို၍ချစ်သောသူသည် ငါ့တပည့်ဖြစ်ရန် မထိုက်တန်ပါ။ ငါ့ကိုချစ်သည်ထက် မိမိ၏သားသမီးကို ပို၍ချစ်သောသူသည်လည်း ငါ့တပည့်ဖြစ်ရန် မထိုက်တန်ပါ။
ထိုအခါ ပေတရုက “အကျွန်ုပ်တို့သည် အရာအားလုံးကို စွန့်၍ နောက်တော်သို့ လိုက်ကြပါပြီ။ ထိုအတွက်ကြောင့် မည်သည့်အကျိုးကို ရကြပါမည်နည်း” ဟု မေးလျှောက်လေ၏။
ငါ့အတွက်ကြောင့် မိမိအိမ်များ၊ မြေများ၊ ညီအစ်ကိုမောင်နှမများ၊ မိခင်၊ ဖခင်၊ သားသမီးများ စသဖြင့် တစ်စုံတစ်ရာကို စွန့်လွှတ်သောသူတို့သည် ဤဘဝ၌ အဆတစ်ရာ အကျိုးခံစားရသည်သာမက ထာဝရအသက်ကိုလည်း ရရှိလိမ့်မည်။
ထိုအခါ သူတို့သည် ပိုက်ကွန်များကို ချက်ချင်းထားခဲ့၍ ယေရှုနောက်တော်သို့ လိုက်ကြ၏။
သူတို့သည်လည်း လှေနှင့် ဖခင်ကို ချက်ချင်းထားခဲ့၍ ယေရှုနောက်တော်သို့ လိုက်ကြ၏။
ယေရှုသည် ထိုသူကို ကြည့်လျက် မေတ္တာထားတော်မူသဖြင့် “သင်မပြုရသေးသောအရာတစ်ခု ရှိသေး၏။ သွားလော့။ သင်၏ ဥစ္စာပစ္စည်းများကို ရောင်းချကာ ရသောငွေကို ဆင်းရဲသားတို့အား လှူဒါန်းလော့။ ထိုသို့ ပြုလျှင် ကောင်းကင်ဘုံတွင် ဘဏ္ဍာကို ရရှိလိမ့်မည်။ ပြီးမှ ငါ့နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။