ယောဟန်ထောင်ချခံရကြောင်းကို ကြားတော်မူသောအခါ ယေရှုသည် ဂါလိလဲပြည်သို့ ကြွတော်မူ၏။
လုကာ 4:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် ဝိညာဉ်တော်တန်ခိုးနှင့် ပြည့်ဝလျက်ဂါလိလဲပြည်သို့ ပြန်ကြွတော်မူ၏။ ယေရှု၏သတင်းတော်သည်လည်း ထိုအရပ်ဒေသတစ်လျှောက်လုံးတွင် ပျံ့နှံ့သွား၏။ Common Language Bible သခင်ယေရှုသည်သန့်ရှင်းသောဝိညာဉ်တော် တန်ခိုးနှင့်ပြည့်ဝလျက်ဂါလိလဲပြည်သို့ပြန် လာတော်မူ၏။ သတင်းတော်သည်ထိုဒေသ တစ်လျှောက်လုံးတွင်ပျံ့နှံ့သွား၏။- Garrad Bible ယေ ရှု သည် ဝိ ညာဉ် တော်၏ တန် ခိုး တော် နှင့်၊ ဂါ လိ လဲ နယ် သို့ ပြန် ကြွ၍ ပတ် ဝန်း ကျင် အ ရပ် ရပ်၌ ကိုယ် တော့် အ ကြောင်း သ တင်း ကြေ ငြာ လျက်၊ Judson Bible ယေရှုသည် ဝိညာဉ်တော်တန်ခိုးနှင့် ဂါလိလဲပြည်သို့ပြန်၍၊ သတင်းတော်သည် ပတ်ဝန်းကျင်အရပ်တို့၌ အနှံ့အပြား ကျော်စောလေ၏။ တရားဇရပ်တို့၌ ဆုံးမဩဝါဒပေးတော်မူ၍၊- မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် ဝိညာဉ်တော်တန်ခိုးနှင့်ပြည့်ဝလျက် ဂါလိလဲနယ်သို့ပြန်ကြွတော်မူသောအခါ ကိုယ်တော်နှင့်ပတ်သက်သောသတင်းသည် ထိုဒေသဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေ၏။ မြန်မာ ယေရှုသည် ဝိညာဉ်တော်တန်ခိုးနှင့် ဂါလိလဲပြည်သို့ပြန်၍၊ သတင်းတော်သည် ပတ်ဝန်းကျင်အရပ်တို့၌ အနှံ့အပြား ကျော်စောလေ၏။ တရားဇရပ်တို့၌ ဆုံးမဩဝါဒပေးတော်မူ၍၊- |
ယောဟန်ထောင်ချခံရကြောင်းကို ကြားတော်မူသောအခါ ယေရှုသည် ဂါလိလဲပြည်သို့ ကြွတော်မူ၏။
သို့သော်လည်း သူတို့သည် ထွက်သွား၍ ယေရှု၏သတင်းတော်ကို ထိုနယ်တစ်ခွင်လုံး၌ ပျံ့နှံ့စေကြ၏။
ယောဟန်ထောင်ချခံရပြီးနောက် ယေရှုသည် ဂါလိလဲပြည်သို့ ကြွ၍ ဘုရားသခင်ထံတော်မှ သတင်းကောင်းကို ဟောပြောတော်မူ၏။
ထို့နောက် ကိုယ်တော်၏သတင်းတော်သည် ဂါလိလဲပြည်တစ်ခွင်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားလေ၏။
မာရ်နတ်သည် မိမိ၏ဖြားယောင်းသွေးဆောင်ခြင်းအားလုံး ပြီးဆုံးသောအခါ ယေရှုထံမှထွက်ခွာ၍ နောက်ထပ်အခွင့်အခါကောင်းကို စောင့်လျက်နေ၏။
နှစ်ခြင်းမင်္ဂလာတရားကို ယောဟန်ဟောပြောပြီးနောက် ဂါလိလဲပြည်မှစ၍ ယုဒပြည်တစ်လျှောက်လုံးတွင် မည်သို့ဖြစ်ပျက်ကြောင်းကို သင်တို့သိကြ၏။