သင်၏ခြေကို ကျောက်နှင့် မထိခိုက်စေရန် သူတို့သည် သင့်ကို လက်ဖြင့် ချီပင့်ကြလိမ့်မည်’ ဟူ၍ ဖြစ်သည်” ဟု လျှောက်လေ၏။
လုကာ 4:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ကျမ်းစာတွင် ရေးသားထားသည်မှာ ‘ဘုရားသခင်သည် ကောင်းကင်တမန်များအား သင့်ကိုစောင့်ရှောက်ရန် မှာထားတော်မူလိမ့်မည်။ Common Language Bible ကျမ်းစာတော်တွင် `သင့်ကိုစောင့်ရှောက်စေရန် ဘုရားသခင်သည်ကောင်းကင်တမန်များအား အမိန့်ပေးတော်မူမည်' ဟူ၍လည်းကောင်း၊- Judson Bible ကျမ်းစာလာသည်ကား၊ သင့်ကို စောင့်ရှောက်စေခြင်းငှာ ကောင်းကင်တမန်တို့အား သင့်အဖို့ မှာထားတော်မူသည်ဖြစ်၍၊- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမှာ ‘သင့်ကိုစောင့်ရှောက်စေရန် ဘုရားသခင်သည် မိမိ၏ကောင်းကင်တမန်တို့ကို သင့်အဖို့မိန့်မှာတော်မူမည်ဖြစ်၍ မြန်မာ ကျမ်းစာလာသည်ကား၊ သင့်ကို စောင့်ရှောက်စေခြင်းငှာ ကောင်းကင်တမန်တို့အား သင့်အဖို့ မှာထားတော်မူသည်ဖြစ်၍၊- |
သင်၏ခြေကို ကျောက်နှင့် မထိခိုက်စေရန် သူတို့သည် သင့်ကို လက်ဖြင့် ချီပင့်ကြလိမ့်မည်’ ဟူ၍ ဖြစ်သည်” ဟု လျှောက်လေ၏။
ထိုအခါ မာရ်နတ်က “သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲကို စားစရာဖြစ်စေရန် အမိန့်ပေးပါလော့” ဟု လျှောက်လေ၏။
ယေရှုကလည်း “ကျမ်းစာ၌ ‘သင်၏ဘုရားသခင် ထာဝရဘုရားကိုသာ ကိုးကွယ်ရမည်။ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ ဟူ၍ ရေးသားထားသည်” ဟု မိန့်တော်မူ၏။
၎င်းသည် အံ့ဩစရာမဟုတ်။ စာတန်ပင်လျှင် မိမိကိုယ်ကိုယ် အလင်း၏ ကောင်းကင်တမန်အဖြစ် အယောင်ဆောင်တတ်၏။
သို့ဖြစ်လျှင် ကောင်းကင်တမန်များသည် ကယ်တင်ခြင်းအမွေခံမည့်သူများကို အစေခံရန် ဘုရားသခင်စေလွှတ်တော်မူသော အစေခံဝိညာဉ်များ ဖြစ်ကြသည်မဟုတ်လော။