ထို့နောက် တပည့်တော်တို့အား “ထို့ကြောင့် သင်တို့အား ငါပြောဆိုသည်မှာ သင်တို့အသက်ရှင်ရန်အတွက် မည်သည့်အရာစားရမည်ကိုလည်းကောင်း၊ သင်တို့ကိုယ်ခန္ဓာအတွက် မည်သည့်အရာဝတ်ရမည်ကိုလည်းကောင်း မစိုးရိမ်ကြနှင့်။
လုကာ 12:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အသက်သည် အစာထက်မြတ်၏။ ကိုယ်ခန္ဓာသည် အဝတ်ထက်မြတ်၏။ Common Language Bible အသက်သည်အစားအစာထက်အရေးကြီး ၏။ ကိုယ်ခန္ဓာသည်အဝတ်ထက်အရေးကြီး၏။- Garrad Bible အ သို့ ဆို သော် အ သက် သည် အ စာ ထက်၊ ကိုယ် ခ န္ဓာ သည် အ ဝတ် ထက် မြတ်၏။ Judson Bible အစာထက် အသက်မြတ်သည်မဟုတ်လော။ အဝတ်ထက် ကိုယ်မြတ်သည်မဟုတ်လော။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား အသက်သည် အစာထက် အရေးကြီး၏။ ကိုယ်ခန္ဓာသည်လည်း အဝတ်ထက် အရေးကြီး၏။ မြန်မာ အစာထက် အသက်မြတ်သည်မဟုတ်လော။ အဝတ်ထက် ကိုယ်မြတ်သည်မဟုတ်လော။- |
ထို့နောက် တပည့်တော်တို့အား “ထို့ကြောင့် သင်တို့အား ငါပြောဆိုသည်မှာ သင်တို့အသက်ရှင်ရန်အတွက် မည်သည့်အရာစားရမည်ကိုလည်းကောင်း၊ သင်တို့ကိုယ်ခန္ဓာအတွက် မည်သည့်အရာဝတ်ရမည်ကိုလည်းကောင်း မစိုးရိမ်ကြနှင့်။
ကျီးကန်းများကို ကြည့်ရှုဆင်ခြင်ကြလော့။ သူတို့သည် မျိုးစေ့ကို မကြဲ။ သီးနှံကိုလည်း မရိတ်သိမ်းကြ။ သူတို့သည် စပါးကျီမရှိ။ သိုလှောင်စရာ နေရာလည်းမရှိ။ သို့သော် ဘုရားသခင်သည် သူတို့ကို ကျွေးမွေးတော်မူ၏။ သင်တို့သည် ထိုငှက်များထက် များစွာအဖိုးတန်သည်မဟုတ်လော။
အစာကိုဝအောင်စားသောက်ပြီးကြသောအခါ ဂျုံဆန်ကို ပင်လယ်ထဲသို့ပစ်ချ၍ သင်္ဘောကိုပေါ့စေကြ၏။