သင်တို့အား ငါအမှန်ဆို၏။ တရားစီရင်သောနေ့တွင် ထိုမြို့သည် ဆိုးသွမ်းသည့်သောဒုံမြို့နှင့် ဂေါမောရမြို့ထက် ပို၍အပြစ်ဒဏ်ခံရလိမ့်မည်။
လုကာ 10:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တရားစီရင်သောအခါ သင်တို့သည် တိုင်ရာမြို့နှင့်ဆီဒုန်မြို့ထက် ပို၍ အပြစ်ဒဏ်ခံရလိမ့်မည်။ Common Language Bible ဘုရားသခင်သည်တရားစီရင်တော်မူရာ ကာလ၌ သင်တို့ထက်ပို၍တုရုနှင့်ဇိဒုံမြို့ တို့အားကရုဏာထားတော်မူပေအံ့။- Garrad Bible တု ရု နှင့် ဇိ ဒုန် မြို့ သည် တ ရား စီ ရင် တော် မူ သည့် ကာ လ သင် တို့ ထက် ခံ သာ လိမ့် မည်။ Judson Bible တရားဆုံးဖြတ်တော်မူသောအခါ သင်တို့သည် တုရုမြို့နှင့်ဇိဒုန်မြို့ထက် သာ၍ခံရကြလတ္တံ့။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် တရားစီရင်တော်မူသောအခါ တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့သည် သင်တို့ထက် ခံသာကြလိမ့်မည်။ မြန်မာ တရားဆုံးဖြတ်တော်မူသောအခါ သင်တို့သည် တုရုမြို့နှင့်ဇိဒုန်မြို့ထက် သာ၍ခံရကြလတ္တံ့။- |
သင်တို့အား ငါအမှန်ဆို၏။ တရားစီရင်သောနေ့တွင် ထိုမြို့သည် ဆိုးသွမ်းသည့်သောဒုံမြို့နှင့် ဂေါမောရမြို့ထက် ပို၍အပြစ်ဒဏ်ခံရလိမ့်မည်။
ယေရှုက “အို ခေါရာဇိန်မြို့… သင်သည် အမင်္ဂလာရှိ၏။ အို ဗက်ဇဲဒမြို့… သင်သည် အမင်္ဂလာရှိ၏။ ငါသည် သင်တို့တွင် ပြခဲ့သော အံ့ဖွယ်တန်ခိုးတို့ကို တိုင်ရာမြို့နှင့် ဆီဒုန်မြို့တွင် ပြခဲ့လျှင် ထိုမြို့တို့၌ ရှိသောသူတို့သည် လျှော်ထည်ကြမ်းကို ဝတ်၍ ပြာထဲတွင် ထိုင်လျက် ယခင်ကတည်းကပင် မိမိတို့၏ အပြစ်များအတွက် နောင်တရခဲ့ပြီးဖြစ်လိမ့်မည်။
အပြစ်စီရင်ခြင်းခံရသည့် အကြောင်းရင်းမှာ ဘုရားသခင်၏အလင်းတော်သည် ဤကမ္ဘာလောကသို့ ကြွလာသော်လည်း လူတို့သည် အကျင့်ဆိုးတို့ကို ကျင့်သောကြောင့် ထိုအလင်းတော်ထက် အမှောင်ထုကို ပို၍ နှစ်သက်ကြ၏။
ထို့ကြောင့် သူတစ်ပါးကို အပြစ်စီရင်တတ်သောသူ… သင်သည် မိမိ၌အပြစ်မရှိဟု ဆင်ခြေပေး၍ မရ။ အဘယ်ကြောင့်ဆိုသော် သင်သည်လည်း ထိုဆိုးယုတ်မှုများကို ကိုယ်တိုင် ကျူးလွန်နေသူဖြစ်သောကြောင့် သူတစ်ပါးကို အပြစ်တင်လျှင် သင့်ကိုယ်သင်အပြစ်တင်ရာရောက်၏။
သင်သည် ပညတ်ကျမ်းနှင့် အရေပြားလှီးခြင်းမင်္ဂလာကို ရရှိခံယူထားလျက်နှင့် ထိုပညတ်တရားကိုချိုးဖောက်၏။ သို့ဖြစ်လျှင် အရေပြားလှီးခြင်းမင်္ဂလာကို မခံယူသော်လည်း ပညတ်တရားကို လိုက်နာကျင့်သုံးသောလူမျိုးခြားတို့သည် သင်တို့ကို အပြစ်တင်ကြလိမ့်မည်။