သို့သော် ထိုသူက “ကျွန်ုပ်ကို ကျန်းမာစေသောသူက ‘ထလော့။ သင့်အိပ်ရာကို ယူ၍ လမ်းလျှောက်လော့’ ဟု ပြောပါသည်” ဟူ၍ ဖြေလေ၏။
ရှင်ယောဟန် 9:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူက “သူသည် အပြစ်သားဖြစ်သည်၊ မဖြစ်သည်ကို ကျွန်ုပ်မသိပါ။ ကျွန်ုပ်သိသည်မှာ ယခင်က ကျွန်ုပ်သည် မျက်မမြင်ဖြစ်ခဲ့၏။ သို့သော် ယခု မျက်စိမြင်ပြီ” ဟု ဖြေဆို၏။ Common Language Bible ထိုသူက ``ဤသူသည်အပြစ်ကူးသူဖြစ်သည် မဖြစ်သည်ကိုအကျွန်ုပ်မသိပါ။ အကျွန်ုပ်သည် ယခင်ကမျက်စိကွယ်၍ယခုမျက်စိမြင်လာ သည်ကိုသာလျှင်သိပါ၏'' ဟုပြော၏။ Garrad Bible သိသောအရာတစ်ခုမှာ မျက်မမြင်ဘူးသောကျွန်တော်သည် ယခုမြင်ရပါသည်ဟုပြန်ဆို၏။ Judson Bible လူဆိုးဖြစ်သည် မဖြစ်သည်ကို အကျွန်ုပ်မသိ။ အကျွန်ုပ်သည် အထက်ကမျက်စိကန်း၍ ယခုမျက်စိမြင်သည် အကြောင်းတစ်ခုကို အကျွန်ုပ်သိသည်ဟုဆို၏။- မြန်မာ့စံမီသမ္မာကျမ်း သူကလည်း “ထိုသူသည် အပြစ်သားဖြစ်သည် မဖြစ်သည်ကို အကျွန်ုပ်မသိပါ။ အကျွန်ုပ်သိသောအရာတစ်ခုမှာ အကျွန်ုပ်သည် မျက်မမြင်ဖြစ်ခဲ့သော်လည်း ယခုမြင်ရသည့်အကြောင်းဖြစ်သည်”ဟု ဖြေကြားလေ၏။ မြန်မာ လူဆိုးဖြစ်သည် မဖြစ်သည်ကို အကျွန်ုပ်မသိ။ အကျွန်ုပ်သည် အထက်ကမျက်စိကန်း၍ ယခုမျက်စိမြင်သည် အကြောင်းတစ်ခုကို အကျွန်ုပ်သိသည်ဟုဆို၏။- |
သို့သော် ထိုသူက “ကျွန်ုပ်ကို ကျန်းမာစေသောသူက ‘ထလော့။ သင့်အိပ်ရာကို ယူ၍ လမ်းလျှောက်လော့’ ဟု ပြောပါသည်” ဟူ၍ ဖြေလေ၏။
ထို့ကြောင့် သူတို့သည် မျက်မမြင်ဖြစ်ခဲ့ဖူးသူကို ဒုတိယအကြိမ် ခေါ်၍ “ဤအရာအတွက် ဘုရားသခင်ရှေ့တော်တွင် အမှန်အတိုင်း ပြောလော့။ ထိုယေရှုသည် အပြစ်သားဖြစ်ကြောင်း ငါတို့သိကြ၏” ဟု ဆိုကြ၏။
ထိုအခါ သူတို့က “သူသည် သင့်ကို မည်သို့ပြုသနည်း။ သင့်မျက်စိကို မည်သို့မြင်စေသနည်း” ဟု မေးကြပြန်၏။
ထိုသူက “သူသည် ကျွန်ုပ်ကို မျက်စိမြင်စေခဲ့သော်လည်း သင်တို့က ထိုသူအဘယ်ကလာသည်ကို မသိသည်မှာ အံ့ဖွယ်ကောင်းလှ၏။
ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူတိုင်းသည် ဤသက်သေခံချက် မှန်ကန်ကြောင်းကို လက်ခံ၏။ ဘုရားသခင်ကို မယုံကြည်သောသူမှာမူ ဘုရားသခင်အား “လိမ်လည်သောအရှင်” ဟု စွပ်စွဲရာရောက်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိသားတော်အကြောင်း သက်သေခံတော်မူသည်ကို ထိုသူသည် မယုံကြည်သောကြောင့်ဖြစ်၏။