လူထုပရိသတ်များက “ဤသူသည် ဂါလိလဲပြည် နာဇရက်မြို့မှ ပရောဖက်၊ ယေရှုဖြစ်သည်” ဟု ဖြေဆိုကြ၏။
ရှင်ယောဟန် 7:40 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤစကားတော်များကို ကြားသော် လူထုထဲမှတချို့က “ဤသူသည် အမှန်ပင် ကျွန်ုပ်တို့စောင့်မျှော်နေသော ပရောဖက်ဖြစ်သည်” ဟု ပြောဆိုကြ၏။ Common Language Bible ပရိသတ်အထဲမှလူအများပင်ဤသို့ကိုယ်တော် ကြွေးကြော်တော်မူသည်ကိုကြားကြ၏။ သို့ဖြစ်၍ သူတို့က ``ဤသူသည်ဧကန်ပင်ပရောဖက်ဖြစ်၏'' ဟုဆိုကြ၏။ Garrad Bible ထိုမိန့်ဆိုချက်ကိုကြားသော် လူပရိသတ်အနက်အချို့က ဤသူသည် ထိုပရောဖက်မုချဖြစ်သည်ဟူ၍လည်းကောင်း၊ Judson Bible စကားတော်ကို ကြားသောလူအများတို့က၊ ဤသူသည် လာလတ္တံ့သောပရောဖက် အမှန်ဖြစ်သည်ဟု ဆိုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း လူထုပရိသတ်ထဲမှ အချို့တို့သည် ဤတရားစကားတို့ကိုကြားသောအခါ “ဤသူသည် အမှန်ပင် ထိုပရောဖက်ဖြစ်သည်”ဟု ဆိုကြ၏။ မြန်မာ စကားတော်ကို ကြားသောလူအများတို့က၊ ဤသူသည် လာလတ္တံ့သောပရောဖက် အမှန်ဖြစ်သည်ဟု ဆိုကြ၏။- |
လူထုပရိသတ်များက “ဤသူသည် ဂါလိလဲပြည် နာဇရက်မြို့မှ ပရောဖက်၊ ယေရှုဖြစ်သည်” ဟု ဖြေဆိုကြ၏။
ထိုသူတို့က “သို့ဖြစ်လျှင် သင်သည် မည်သူနည်း။ ဧလိယလော” ဟု မေးကြ၏။ ယောဟန်က “မဟုတ်ပါ” ဟု ဖြေ၏။ သူတို့က “သင်သည် ငါတို့စောင့်မျှော်နေသောပရောဖက်လော” ဟု မေးကြပြန်လျှင် ယောဟန်က “မဟုတ်ပါ” ဟု ဖြေပြန်၏။
ဤသို့ ယေရှုပြတော်မူသော နိမိတ်လက္ခဏာကို မြင်သောလူတို့က “ဤသူသည် အမှန်ပင် ကျွန်ုပ်တို့စောင့်မျှော်နေသော ပရောဖက် ဖြစ်သည်” ဟု ဆိုကြ၏။
လူထု အထဲတွင်လည်း ကိုယ်တော်အကြောင်းကို အမျိုးမျိုးတီးတိုးပြောဆိုလျက်ရှိကြ၏။ တချို့က “သူသည် သူတော်ကောင်းတစ်ဦးဖြစ်သည်” ဟု ဆိုကြ၏။ တချို့ကမူ “သူတော်ကောင်း မဟုတ်။ သူသည် လူထုကို လှည့်ဖြားသူဖြစ်သည်” ဟု ဆိုကြ၏။
ဤစကားများကို ပေါလုပြောသောအခါ ဂျူးတို့သည် အချင်းချင်းပြင်းထန်စွာ ငြင်းခုံလျက် ထွက်သွားကြ၏။