ထို့နောက် သူတို့ရှိရာ လှေပေါ်သို့ တက်တော်မူလျှင် လေငြိမ်သွားလေ၏။ တပည့်တော်တို့သည် အလွန်မိန်းမောတွေဝေလျက် နေကြ၏။
ရှင်ယောဟန် 6:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ တပည့်တော်တို့သည် ယေရှုကို လှေပေါ်သို့ ဝမ်းမြောက်စွာ ကြိုဆိုလက်ခံကြ၏။ ထို့နောက် လှေသည် သူတို့သွား ရန် ရည်ရွယ်သည့်ကမ်းသို့ ချက်ချင်းရောက်သွားလေ၏။ Common Language Bible ထိုအခါသူတို့သည်ဝမ်းမြောက်စွာကိုယ်တော် အားလှေပေါ်သို့ပင့်ဖိတ်ကြ၏။ ထိုနောက်လှေ သည်တစ်ခဏချင်းတွင်ရောက်လိုရာကမ်း ခြေသို့ဆိုက်လေ၏။ Garrad Bible တပည့်တော်တို့သည် အားတက်သရောလှေပေါ်တွင်လက်ခံ၍ လှေလည်းသွားကြမည့်ဆိပ်ကမ်းသို့ ချက်ခြင်းဆိုက်ရောက်၏။ Judson Bible လှေသည်လည်း ရောက်လိုသောအရပ်သို့ တစ်ခဏချင်းတွင် ဆိုက်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ တပည့်တော်တို့သည် အားရဝမ်းမြောက်လျက် ကိုယ်တော်ကို လှေပေါ်သို့ခေါ်ဖိတ်လက်ခံကြရာ လှေသည် သူတို့သွားရန်ရည်ရွယ်ထားသည့်အရပ်သို့ ချက်ချင်းရောက်လေ၏။ မြန်မာ လှေသည်လည်း ရောက်လိုသောအရပ်သို့ တစ်ခဏချင်းတွင် ဆိုက်လေ၏။ |
ထို့နောက် သူတို့ရှိရာ လှေပေါ်သို့ တက်တော်မူလျှင် လေငြိမ်သွားလေ၏။ တပည့်တော်တို့သည် အလွန်မိန်းမောတွေဝေလျက် နေကြ၏။
နောက်တစ်နေ့ရောက်သော် အိုင်တစ်ဖက်ကမ်း၌ နေရစ်ခဲ့သော လူထုတို့သည် ယမန်နေ့က ထိုအရပ်၌ လှေတစ်စီးတည်းသာ ရှိခဲ့ကြောင်းကို သတိပြုမိကြ၏။ ထိုလှေပေါ်တွင် ယေရှုသည် တပည့်တော်တို့နှင့်အတူ လိုက်ပါသွားတော်မမူဘဲ တပည့်တော်တို့ချည်းသာ ထွက်ခွာသွားကြသည်ကိုလည်း သတိပြုမိခဲ့ကြ၏။
ကြည့်ရှုလော့။ ငါသည် တံခါးရှေ့မှာ ရပ်၍ ခေါက်လျက်နေ၏။ တစ်စုံတစ်ဦးသည် ငါ့အသံကို ကြား၍တံခါးဖွင့်လျှင် ငါဝင်၍ သူနှင့်အတူစားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။