အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ရှင်ယောဟန် 4:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

အမျိုးသမီး​က “သခင်​သည် ပရောဖက်​တစ်ပါး​ဖြစ်ပေမည်။

အခန်းကိုကြည့်ပါ။

Common Language Bible

အ​မျိုး​သ​မီး​က ``အ​ရှင်​သည်​ပ​ရော​ဖက် ဖြစ်​တော်​မူ​ကြောင်း​ကို​ကျွန်​မ​သိ​မြင်​နိုင် ပါ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ထိုမိန်းမက၊ အရှင်၊ ကိုယ်တော်သည်ပရောဖက်ဖြစ်မှန်းကျွန်မသိပါပြီ။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​မိန်း​မ​က​လည်း၊ သ​ခင်၊ ကိုယ်​တော်​သည် ပ​ရော​ဖက်​ဖြစ်​သည်​ကို အ​ကျွန်ုပ်​ရိပ်​မိ​ပါ၏။-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို​အမျိုးသမီး​က​လည်း “အရှင်၊ အရှင်​သည် ပရောဖက်​ဖြစ်​သည်​ကို ကျွန်မ​ရိပ်မိ​ပါ​၏။

အခန်းကိုကြည့်ပါ။

မြန်မာ

ထို​မိန်း​မ​က​လည်း၊ သ​ခင်၊ ကိုယ်​တော်​သည် ပ​ရော​ဖက်​ဖြစ်​သည်​ကို အ​ကျွန်ုပ်​ရိပ်​မိ​ပါ၏။-

အခန်းကိုကြည့်ပါ။



ရှင်ယောဟန် 4:19
14 ပူးပေါင်းရင်းမြစ်များ  

လူထု​ပရိသတ်များ​က “ဤ​သူ​သည် ဂါလိလဲပြည် နာဇရက်မြို့​မှ ပရောဖက်၊ ယေရှု​ဖြစ်သည်” ဟု ဖြေဆိုကြ၏။


ထိုအခါ ယေရှု​က “မည်သည့်​အကြောင်းအရာများ ဖြစ်သနည်း” ဟု မေးတော်မူ၏။ ထို​သူတို့​က “နာဇရက်မြို့သား​ယေရှု​ဆိုသော​သူ​၏​အကြောင်းအရာများ​ဖြစ်၏။ ထို​သူ​သည် ဘုရား​ရှေ့၊ လူ​ရှေ့​တွင် အံ့ဖွယ်တန်ခိုး​လက္ခဏာ​ကို​ပြု​၍ နှုတ်သတ္တိ​ရှိသော ပရောဖက်​တစ်ပါး​ဖြစ်၏။


လူအပေါင်းတို့​သည်လည်း အံ့သြ​ထိတ်လန့်​၍ “ငါတို့​အထဲ​တွင် ထူဆန်းသော​ပရောဖက်​တစ်ပါး ပေါ်ထွန်းလေပြီ။ ဘုရားသခင်​သည် မိမိ​လူမျိုး​အား အကူအညီ​ပေးတော်မူ​ရန် ကြွလာတော်မူပြီ” ဟူ၍ ဘုရားသခင်​၏​ဂုဏ်တော်​ကို ချီးမွမ်းကြ၏။


ထိုသို့​ပြုသည်​ကို ယေရှု​အား ဖိတ်ခေါ်သူ ဖာရိရှဲ​သည် မြင်လေသော် “ဤ​သူ​သည် ပရောဖက်​တစ်ပါး​ဖြစ်လျှင် သူ့​အား​ထိနေသော ထို​အမျိုးသမီး​သည် မည်သူ​ဖြစ်ကြောင်း​နှင့် မည်သို့သော​သူ ဖြစ်ကြောင်း​ကို သိရမည်။ ဤ​အမျိုးသမီး​သည် အပြစ်များသော အမျိုးသမီး​ဖြစ်သည်” ဟု မိမိ​စိတ်ထဲ​၌ တွေးတောလေ၏။


အမှန်​တွင် သင်​၌ ခင်ပွန်း​ငါးယောက် ရှိခဲ့ဖူးပြီ။ ယခု သင်​နှင့် နေသောသူ​သည် သင်​၏​ခင်ပွန်း မဟုတ်။ ထို့ကြောင့် သင်​သည် မှန်ကန်​စွာ ပြောပြီ” ဟု မိန့်တော်မူ၏။


“ကျွန်မ​ပြုခဲ့သမျှ​ကို အကုန်အစင်​ဖော်ပြနိုင်သော​သူ​ကို လာကြည့်ကြပါ။ သူ​သည် ခရစ်တော်​ဖြစ်မည်လော” ဟု လူတို့​အား ပြောလေ၏။


ဤသို့ ယေရှု​ပြတော်မူသော နိမိတ်​လက္ခဏာ​ကို မြင်သော​လူတို့​က “ဤ​သူ​သည် အမှန်​ပင် ကျွန်ုပ်တို့​စောင့်မျှော်နေသော ပရောဖက် ဖြစ်သည်” ဟု ဆိုကြ၏။


ဤ​စကားတော်များ​ကို ကြားသော် လူထု​ထဲမှ​တချို့​က “ဤ​သူ​သည် အမှန်​ပင် ကျွန်ုပ်တို့​စောင့်မျှော်နေသော ပရောဖက်​ဖြစ်သည်” ဟု ပြောဆိုကြ၏။


ဖာရိရှဲတို့​က ထို​မျက်မမြင်​ဖြစ်ခဲ့ဖူးသူ​အား “သင့်​ကို မျက်စိ​မြင်အောင် သူ​သည် ပြုခဲ့သည်​ဖြစ်​၍ သင်​ပြောလော့။ သူ​သည် မည်သို့သော​သူ ဖြစ်မည်နည်း” ဟု ထပ်မံ​၍ မေးကြ၏။ ထို​သူ​ကလည်း “သူ​သည် ပရောဖက်​တစ်ပါး ဖြစ်သည်” ဟု ဖြေလေ၏။