ယေရှုသည် မာရိငိုကြွေးသည်ကိုလည်းကောင်း၊ မာရိနှင့်အတူလိုက်လာသော ဂျူးလူမျိုးတို့လည်း ငိုကြွေးကြသည်ကိုလည်းကောင်း မြင်တော်မူသောအခါ အလွန်ဝမ်းနည်း၍ စိတ်မချမ်းမသာဖြစ်တော်မူ၏။
ရှင်ယောဟန် 14:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “သင်တို့စိတ်မပူပန်ကြနှင့်။ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။ Common Language Bible သခင်ယေရှုက ``သင်တို့စိတ်မပူပန်ကြ နှင့်။ ဘုရားသခင်ကိုယုံကြည်ကြလော့။ ငါ့ ကိုလည်းယုံကြည်လော့။- Garrad Bible သင်တို့၌နှလုံးမသာမရှိကြနှင့်။ ဘုရားသခင်ကိုယုံကြည်၍ ငါ့ကိုလည်းယုံကြည်ကြလော့။ Judson Bible တစ်ဖန်တုံယေရှုက၊ သင်တို့ စိတ်နှလုံးပူပန်ခြင်း မရှိစေနှင့်။ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့စိတ်ပူပန်ခြင်းမရှိကြနှင့်။ ဘုရားသခင်ကိုယုံကြည်ကြလော့။ ငါ့ကိုလည်းယုံကြည်ကြလော့။ မြန်မာ တစ်ဖန်တုံယေရှုက၊ သင်တို့ စိတ်နှလုံးပူပန်ခြင်း မရှိစေနှင့်။ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။- |
ယေရှုသည် မာရိငိုကြွေးသည်ကိုလည်းကောင်း၊ မာရိနှင့်အတူလိုက်လာသော ဂျူးလူမျိုးတို့လည်း ငိုကြွေးကြသည်ကိုလည်းကောင်း မြင်တော်မူသောအခါ အလွန်ဝမ်းနည်း၍ စိတ်မချမ်းမသာဖြစ်တော်မူ၏။
ယခုငါသည် အလွန်စိတ်ပူပန်လျက်ရှိ၏။ ငါ့ခမည်းတော်ထံ ‘အို အဖ… အကျွန်ုပ်ကို ဤဒုက္ခရောက်ချိန်နှင့် ကင်းလွှတ်စေတော်မူပါ’ ဟု ဆုတောင်းရမည်လော။ သို့ရာတွင် ငါသည် ဤအချိန်နာရီအတွက် ရောက်လာခြင်းဖြစ်၏။
ယေရှုက “ငါ့ကို ယုံကြည်သောသူသည် ငါ့ကိုသာ ယုံကြည်သည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုလည်း ယုံကြည်၏။
ထိုအတိုင်း ဖြစ်လာသောအခါ ငါသည် ခရစ်တော်ဖြစ်ကြောင်းကို သင်တို့ယုံကြည်လာစေရန် ထိုအရာမဖြစ်ပျက်မီ ယခုအချိန်ကပင် သင်တို့ကို ကြိုတင်၍ ငါပြောနှင့်ပြီ။
ယခုအချိန်ထိ သင်တို့သည် ငါ့နာမကို အမှီပြု၍ မည်သည့်အရာကိုမျှ မတောင်းကြသေး။ သင်တို့ အပြည့်အဝဝမ်းမြောက်နိုင်ရန် တောင်းကြလော့။ တောင်းလျှင် တောင်းသည့်အတိုင်း ရကြလိမ့်မည်။
ဤသို့ပြုကြခြင်းမှာ သူတို့သည် ခမည်းတော်ကိုလည်းကောင်း၊ ငါ့ကိုလည်းကောင်း မသိကြသောကြောင့် ဖြစ်၏။
ထိုသို့ မမေးသည့်အပြင် ဤအကြောင်းအရာများကို ငါပြောသောကြောင့် သင်တို့အလွန်ဝမ်းနည်းပူဆွေးကြ၏။
သို့ဖြစ်၍ သားတော်ကို မြင်၍ ယုံကြည်သောသူအပေါင်းတို့သည် ထာဝရအသက်ကို ရစေရန် ငါ့ခမည်းတော်အလိုရှိ၏။ ငါသည်လည်း ထိုသူတို့ကို နောက်ဆုံးသောနေ့၌ သေရာမှ ထမြောက်စေမည်” ဟု မိန့်တော်မူ၏။
ယခုအချိန်သည် သူ့ကို ခွင့်လွှတ်၍ နှစ်သိမ့်ရမည့်အချိန်ဖြစ်၏။ ထိုသို့မဟုတ်လျှင် သူသည် အလွန်အကျွံ ဝမ်းနည်းခြင်းထဲ၌ နစ်မြုပ်သွားလိမ့်မည်။
ထို့ကြောင့် သခင်ယေရှုအပေါ် ထားသော သင်တို့၏ ယုံကြည်ခြင်းနှင့် ယုံကြည်သူများအပေါ် ထားသော သင်တို့၏ ချစ်ခြင်းအကြောင်းတို့ကို ကြားသည့်အချိန်မှစ၍
ပရောဖက်ပြုဟောပြောခြင်းဖြင့်ဖြစ်စေ၊ နှုတ်စကားဖြင့်ဖြစ်စေ၊ ကျွန်ုပ်တို့ရေးပို့သည့် စာကဲ့သို့သော စာဖြင့်ဖြစ်စေ သခင်ဘုရား ပြန်လည်ကြွလာသည့် နေ့ရက် ကျရောက်ပြီ ဖြစ်ကြောင်း ကျွန်ုပ်တို့က သွန်သင်သည့် ပုံမျိုးဖြင့် ပြောဆိုကြလျှင်ပင် လွယ်လွယ်နှင့် မတုန်လှုပ် မစိုးရိမ်ကြရန် ကျွန်ုပ်တို့ တောင်းပန်ပါ၏။
ကိုယ်တော်ကို သေခြင်းမှ ထမြောက်စေ၍ ဘုန်းအသရေကို ပေးတော်မူသော ဘုရားသခင်ကို သင်တို့သည် ခရစ်တော်အားဖြင့်ယုံကြည်ကြ၏။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်ကို ယုံကြည်၍ မျှော်လင့်ကြ၏။