ရှင်ယောဟန် 12:35 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “အလင်းသည် သင်တို့တွင် ခဏတာမျှ ရှိဦးမည်။ သင်တို့ကို အမှောင်မဖုံးလွှမ်းစေရန် အလင်းရှိခိုက် သွားလာကြလော့။ အမှောင်တွင် သွားလာသူသည် မိမိအဘယ်အရပ်သို့ သွားလာသည်ကို မသိနိုင်ပေ။ Common Language Bible သခင်ယေရှုကလည်း ``အလင်းသည်သင်တို့ တွင်ခဏသာရှိပေတော့မည်။ သင်တို့အား အမှောင်မဖုံးလွှမ်းစေရန် အလင်းရှိစဉ်အခါ သွားလာကြလော့။ အမှောင်တွင်သွားလာသူ သည်မိမိအဘယ်အရပ်သို့သွားလာသည် ကိုမသိ။- Garrad Bible ယေရှုက အလင်းတော်သည်သင်တို့ဘောင်တွင် ကာလအတန်ငယ်ရှိနေတော့မည်။ မှောင်မိုက်မအုပ်မိစေရန် အလင်းတော်ရှိခိုက်သွားလာကြလော့။ မှောင်မိုက်၌သွားလာသူကား မည်သည့်အရပ်သို့ သွားသည်ကိုမသိတတ်။ Judson Bible ယေရှုကလည်း၊ အလင်းသည် သင်တို့တွင်ခဏသာရှိ၏။ အလင်းရှိစဉ်အခါ သွားလာကြလော့။ သို့မဟုတ်လျှင် မှောင်မိုက်သည် သင်တို့ကိုမီလိမ့်မည်။ မှောင်မိုက်၌သွားသောသူသည် အဘယ်ဆီသို့မိမိသွားသည်ကို မိမိမသိ။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“အလင်းသည် သင်တို့တွင် နောက်ထပ် ခဏရှိဦးမည်။ သင်တို့အား မှောင်မိုက်မလွှမ်းမိုးစေရန် အလင်းရှိခိုက် သွားလာကြလော့။ မှောင်မိုက်၌သွားလာသောသူသည် မိမိမည်သည့်အရပ်သို့သွားသည်ကိုမသိ။ မြန်မာ ယေရှုကလည်း၊ အလင်းသည် သင်တို့တွင်ခဏသာရှိ၏။ အလင်းရှိစဉ်အခါ သွားလာကြလော့။ သို့မဟုတ်လျှင် မှောင်မိုက်သည် သင်တို့ကိုမီလိမ့်မည်။ မှောင်မိုက်၌သွားသောသူသည် အဘယ်ဆီသို့မိမိသွားသည်ကို မိမိမသိ။- |
ညအချိန်တွင် သွားလာလျှင်မူ သူ၌ အလင်းမရှိသောကြောင့် ခလုတ်တိုက်မိတတ်၏” ဟု မိန့်တော်မူ၏။
ယေရှုက “တစ်ရက်တွင် နေ့အချိန် ဆယ့်နှစ်နာရီရှိ၏။ ဤကမ္ဘာလောကအား အလင်းရောင်ကို ပေးသောသူကြောင့် လူတို့သည် နေ့အချိန်တွင် ခလုတ်မတိုက်ဘဲ သွားလာနိုင်ကြ၏။
ထို့ကြောင့် အလင်းရှိခိုက် ထိုအလင်းကို ယုံကြည်ကြလော့။ သို့မှသာ သင်တို့သည် အလင်း၏သားသမီးများ ဖြစ်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။ ဤအရာများကို မိန့်တော်မူပြီးနောက် ယေရှုသည် ထွက်ကြွ၍ ထိုသူတို့ကို တိမ်းရှောင်လျက် နေတော်မူ၏။
ငါ့ကို ယုံကြည်သောသူတိုင်း အမှောင်၌ မနေစေရန် ငါသည် အလင်းအဖြစ် ဤလောကသို့ ကြွလာပြီ။
မကြာမီ အချိန်တွင် သင်တို့သည် ငါ့ကို တွေ့မြင်ကြရတော့မည်မဟုတ်။ သို့ရာတွင် အချိန်အနည်းငယ် ကြာပြန်သော် ငါ့ကို ပြန်လည်တွေ့မြင်ကြရလိမ့်မည်” ဟု မိန့်တော်မူ၏။
သို့သော် ယေရှုက “ငါသည် သင်တို့နှင့်အတူ ခဏသာ နေရလိမ့်မည်။ ထို့နောက် ငါ့ကို စေလွှတ်တော်မူသောအရှင်ထံသို့ ပြန်ရမည်။
တစ်ဖန် ယေရှုက လူတို့အား “ငါသည် လောက၏ အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် အသက်၏အလင်းကို ရရှိ၍ အမှောင်ထုထဲတွင် သွားလာရမည်မဟုတ်” ဟု မိန့်တော်မူ၏။
ထိုအစ္စရေးလူမျိုးတို့၏ စိတ်နှလုံးသည် မာကျောလျက်ရှိခဲ့၏။ ယနေ့တိုင်အောင် ပဋိညာဉ်တရားဟောင်းကို ဖတ်သောအခါ ထိုပဝါသည် သူတို့၏ စိတ်နှလုံးကို ဖုံးအုပ်လျက်ရှိ၏။ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာ ထိုပဝါကို ဖယ်ရှားနိုင်၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် အခွင့်သာတိုင်း လူအပေါင်းတို့အပေါ်၊ အထူးသဖြင့် ယုံကြည်သူမိသားစုတို့အပေါ် ကောင်းမှုပြုကြစို့။
သင်တို့သည် ယခင်က အမှောင် ဖြစ်ခဲ့သော်လည်း ယခုတွင်မူ သခင်ဘုရား၏ လူများ ဖြစ်လာကြသောကြောင့် အလင်း ဖြစ်ကြ၏။ သို့ဖြစ်၍ အလင်း၏ သားသမီးများကဲ့သို့ ပြုမူနေထိုင်ကြလော့။