ထိုသို့ ကျေးဇူးမတုံ့ပြန်နိုင် သူများကို ဖိတ်ခေါ်သည့်အတွက် သင်သည် မင်္ဂလာရှိလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဖြောင့်မတ်သောသူများ ထမြောက်မည့်ကာလ၌ ဘုရားသခင်သည် သင့်အား ကျေးဇူးတုံ့ပြန်လိမ့်မည်” ဟု မိန့်တော်မူ၏။
ရှင်ယောဟန် 11:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မာသကလည်း “နောက်ဆုံးသောနေ့၊ သေရာမှထမြောက်မည့်ကာလတွင် သူသည်လည်း ပြန်ရှင်မည်ကို ကျွန်မသိပါ၏” ဟု လျှောက်လေ၏။ Common Language Bible မာသက ``နောက်ဆုံးသောနေ့၌သူသေတို့ ထမြောက်ကြသောအခါ သူသည်အသက် ပြန်၍ရှင်မည်ကိုကျွန်မသိပါ၏'' ဟု လျှောက်၏။- Garrad Bible မာသကလည်း နောက်ဆုံးနေ့တွင် သူသေတို့ရှင်ပြန်ထမြောက်သည့်ကာလ သူရှင်ပြန်ထမြောက်မည်ကို တပည့်တော်မ သိပါသည်ဟုလျှောက်ပြန်သော်၊ Judson Bible မာသကလည်း၊ နောက်ဆုံးသောနေ့တည်းဟူသော ထမြောက်ရာကာလ၌ သူသည် ထမြောက်လိမ့်မည်ကို ကျွန်မသိပါသည်ဟု လျှောက်၏။- မြန်မာ့စံမီသမ္မာကျမ်း မာသက “နောက်ဆုံးသောနေ့တည်းဟူသော ရှင်ပြန်ထမြောက်ရာကာလ၌ သူထမြောက်မည်ကို ကျွန်မသိပါသည်”ဟု လျှောက်လေ၏။ မြန်မာ မာသကလည်း၊ နောက်ဆုံးသောနေ့တည်းဟူသော ထမြောက်ရာကာလ၌ သူသည် ထမြောက်လိမ့်မည်ကို ကျွန်မသိပါသည်ဟု လျှောက်၏။- |
ထိုသို့ ကျေးဇူးမတုံ့ပြန်နိုင် သူများကို ဖိတ်ခေါ်သည့်အတွက် သင်သည် မင်္ဂလာရှိလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဖြောင့်မတ်သောသူများ ထမြောက်မည့်ကာလ၌ ဘုရားသခင်သည် သင့်အား ကျေးဇူးတုံ့ပြန်လိမ့်မည်” ဟု မိန့်တော်မူ၏။
ဘုရားသခင်၏ အလိုတော်မှာ ငါ့ကို ပေးအပ်ထားတော်မူသောသူများထဲမှ တစ်ဦးတစ်ယောက်ကိုမျှ မဆုံးရှုံးစေဘဲ နောက်ဆုံးသောနေ့တွင် ထိုသူတို့ကို သေရာမှ ထမြောက်စေရန်ဖြစ်၏။
သို့ဖြစ်၍ သားတော်ကို မြင်၍ ယုံကြည်သောသူအပေါင်းတို့သည် ထာဝရအသက်ကို ရစေရန် ငါ့ခမည်းတော်အလိုရှိ၏။ ငါသည်လည်း ထိုသူတို့ကို နောက်ဆုံးသောနေ့၌ သေရာမှ ထမြောက်စေမည်” ဟု မိန့်တော်မူ၏။
ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူ အပေါင်းတို့သည် သေရာမှပြန်ရှင်လိမ့်မည်ဟု သူတို့စောင့်မျှော်လျက်နေသကဲ့သို့ အကျွန်ုပ်သည်လည်း ဘုရားသခင်ကို အမှီပြု၍ စောင့်မျှော်လျက်နေပါ၏။
အချို့အမျိုးသမီးများသည် မိမိတို့၏ ဆွေမျိုးများ သေရာမှ ထမြောက်လာသောကြောင့် သူတို့ကို ပြန်လည်ရရှိကြ၏။ အချို့လူတို့သည် ပိုမိုမွန်မြတ်သောဘဝသို့ ထမြောက်လိုသဖြင့် လွတ်မြောက်ခွင့်ကို လက်မခံဘဲ နှိပ်စက်ညှဉ်းပန်းခြင်းကို ခံကြ၏။