အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ရှင်ယောဟန် 10:13 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထိုသို့ အငှား​သိုးထိန်း ထွက်ပြေးရခြင်း​မှာ သူ​သည် အခကြေးငွေ​အတွက်​သာ လုပ်ဆောင်တတ်​ပြီး သိုးတို့​ကို ဂရုမစိုက်​သောကြောင့် ဖြစ်၏။

အခန်းကိုကြည့်ပါ။

Common Language Bible

သူ​ငှား​သည်​သူ​ငှား​ဖြစ်​သည့်​အ​လျောက် သိုး​တို့ ကို​ဂ​ရု​မ​စိုက်​ဘဲ​ထွက်​ပြေး​တတ်​၏။-

အခန်းကိုကြည့်ပါ။

Judson Bible

သူ​ငှား​သည် သူ​ငှား​ဖြစ်၍ သိုး​တို့၏​အ​ကျိုး​ကို မ​မှတ်​သော​ကြောင့် ထွက်​ပြေး​တတ်၏။-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထိုသို့​ဖြစ်​ရ​ခြင်းမှာ လူငှား​သည် လူငှား​ဖြစ်​သည့်​အလျောက် သိုး​တို့​၏​အရေး​ကိစ္စ​ကို ဂရုမစိုက်​သောကြောင့်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။

မြန်မာ

သူ​ငှား​သည် သူ​ငှား​ဖြစ်၍ သိုး​တို့၏​အ​ကျိုး​ကို မ​မှတ်​သော​ကြောင့် ထွက်​ပြေး​တတ်၏။-

အခန်းကိုကြည့်ပါ။



ရှင်ယောဟန် 10:13
7 ပူးပေါင်းရင်းမြစ်များ  

အငှား​သိုးထိန်း​မှာမူ ဝံပုလွေ​လာသည်​ကို မြင်​လျှင် ထွက်ပြေးတတ်၏။ သူ​သည် သိုးထိန်း မဟုတ်။ သိုးရှင်​လည်း မဟုတ်​သောကြောင့် သိုးတို့​ကို စွန့်ပစ်ထား​လိမ့်မည်။ ထိုအခါ ဝံပုလွေ​သည် သိုးအုပ်​ကို ဝင်ဆွဲ​၍ တကွဲတပြား​ဖြစ်စေတတ်၏။


ငါ​သည် သိုးထိန်းကောင်း​ဖြစ်၏။ ခမည်းတော်​သည် ငါ့​ကို သိတော်မူ​၍ ငါ​သည်လည်း ခမည်းတော်​ကို သိ၏။ ထိုကဲ့သို့ပင် ငါ့​သိုးတို့​ကို ငါ​သိ​၍ ငါ့​သိုးတို့​သည်လည်း ငါ့​ကို သိကြ၏။ ငါ​သည် ထို​သိုးတို့​အတွက် အသက်​ကို စွန့်၏။


ဤသို့​ပြောဆိုရာ​တွင် သူ​သည် ဆင်းရဲသားများ​ကို စာနာထောက်ထား​၍ ပြောဆိုခြင်း​မဟုတ်ဘဲ ခိုးဝှက်တတ်သူ​တစ်ဦး​ဖြစ်သောကြောင့် ပြောဆိုခြင်း​သာ ဖြစ်၏။ သူ​သည် တပည့်တော်တို့​၏ ငွေ​ကို စီမံရသူ​ဖြစ်​၍ ငွေအိတ်​ထဲမှ ငွေ​တချို့​ကို နှိုက်ယူ​သုံးစွဲတတ်၏။


ထိုအခါ သူတို့​အားလုံး​က ဝတ်ပြုဆောင်မှူး​သုဿင်​ကို ဖမ်း​၍ တရားခွင်​ရှေ့​၌ ရိုက်နှက်ကြ၏။ သို့ရာတွင် ဂါလျန်မင်း​သည် ထို​အမှုများ​ကို ဂရုမစိုက်ဘဲ​နေ၏။


ကျွန်ုပ်​သည် သင်တို့​အား စိုးရိမ်​ပူပန်မှု​နှင့် ကင်းလွတ်​စေချင်၏။ အိမ်ထောင်​မရှိသော​ယောက်ျား​သည် သခင်ဘုရား​ကို မည်သို့ နှစ်သက်စေရမည်​ကို တွေးတော​လျက် သခင်ဘုရား​၏ အမှုတော်​ကို ဂရုစိုက်တတ်၏။


သို့သော် အိမ်ထောင်ရှိသော​ယောက်ျား​မှာမူ မိမိ​မယား​ကို မည်သို့ နှစ်သက်စေရမည်​ကို တွေးတော​လျက် လောကီ​ဆိုင်ရာ​ဝတ္တရားများ​ကို ဂရုစိုက်တတ်၏။


သင်တို့​အကျိုး​အတွက် အမှန်တကယ်​အလေးထားမည့် တိမောသေ​ကဲ့သို့သော​သူ အခြား​တစ်စုံတစ်ယောက်​မျှ ကျွန်ုပ်​၌ မရှိပါ။