ရှင်မာကု 14:60 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် လူတို့ရှေ့တွင် ထ၍ “သင့်အား ဤသို့ စွပ်စွဲသောထွက်ဆိုချက်များကို တစ်ခွန်းမျှ မတုံ့ပြန်ဘဲနေမည်လော။ သင်၏ အမူကိစ္စနှင့်ပတ်သက်၍ မည်သို့ပြောလိုသနည်း” ဟု ယေရှုကို မေးလေ၏။ Common Language Bible ယဇ်ပုရောဟိတ်မင်းသည်လူပရိသတ်တို့အလယ် တွင်ရပ်လျက် သခင်ယေရှုအား ``ထိုသူတို့သင့်အား စွပ်စွဲပြောဆိုနေကြသည်ကို သင်သည်မည်သို့မျှ မဖြေဘဲနေသလော'' ဟုမေး၏။- Judson Bible ယဇ်ပုရောဟိတ်မင်းသည် အလယ်၌ မတ်တတ်ထ၍၊ သင်သည် တစ်ခွန်းမျှပြန်၍ မပြောသလော။ ဤသူတို့သည် အဘယ်သို့သက်သေခံသနည်းဟု ယေရှုကိုမေးလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် သူတို့ရှေ့၌ထ၍ “သင်သည် တစ်ခွန်းမျှမဖြေဘဲနေသလော။ ဤသူတို့သည် သင့်တစ်ဖက်၌ သက်သေခံကြသည်မှာ မည်သို့နည်း”ဟု ယေရှုအားမေးလေ၏။ မြန်မာ ယဇ်ပုရောဟိတ်မင်းသည် အလယ်၌ မတ်တတ်ထ၍၊ သင်သည် တစ်ခွန်းမျှပြန်၍ မပြောသလော။ ဤသူတို့သည် အဘယ်သို့သက်သေခံသနည်းဟု ယေရှုကိုမေးလျှင်၊- |
သို့ရာတွင် ယေရှုသည် မေးခွန်းကို ဖြေတော်မမူဘဲ တိတ်ဆိတ်စွာ နေတော်မူ၏။ တစ်ဖန် ယဇ်ပုရောဟိတ်မင်းက “သင်သည် မင်္ဂလာရှိသော ဘုရားသခင်၏သားတော် ခရစ်တော်ဖြစ်သလော” ဟု ယေရှုအား မေးလေ၏။