ထိုအခါ တပည့်တော်တို့သည် အလွန်စိတ်ထိခိုက်လျက် “သခင်ဘုရား… ထိုသူသည် အကျွန်ုပ်လော” ဟု တစ်ဦးပြီးတစ်ဦး မေးလျှောက်ကြ၏။
ရှင်မာကု 14:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ တပည့်တော်တို့သည် အလွန်စိတ်ထိခိုက်လျက် “သခင်ဘုရား… ထိုသူသည် အကျွန်ုပ်လော” ဟု တစ်ဦးပြီးတစ်ဦး မေးလျှောက်ကြ၏။ Common Language Bible တပည့်တော်တို့သည်စိတ်မချမ်းမသာဖြစ်ကြ လျက် ``ထိုသူသည်အကျွန်ုပ်ပေလော'' ဟုတစ်ဦး နောက်တစ်ဦးကိုယ်တော်အားမေးလျှောက်ကြ၏။ Garrad Bible ဝမ်း နည်း ကြ သ ဖြင့် တစ် ယောက် နောက် တစ် ယောက် တ ပည့် တော် လော ဟု မေး လျှောက် ကြ သော်၊ Judson Bible တပည့်တော်တို့သည် ဝမ်းနည်း၍၊ အကျွန်ုပ်လော၊ အကျွန်ုပ်လောဟု တစ်ယောက်နောက်တစ်ယောက် အသီးအသီး မေးလျှောက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် စိတ်မကောင်းဖြစ်လျက် “အကျွန်ုပ်လော”ဟု ကိုယ်တော်အား တစ်ယောက်ပြီးတစ်ယောက်မေးလျှောက်ကြ၏။ မြန်မာ တပည့်တော်တို့သည် ဝမ်းနည်း၍၊ အကျွန်ုပ်လော၊ အကျွန်ုပ်လောဟု တစ်ယောက်နောက်တစ်ယောက် အသီးအသီး မေးလျှောက်ကြ၏။- |
ထိုအခါ တပည့်တော်တို့သည် အလွန်စိတ်ထိခိုက်လျက် “သခင်ဘုရား… ထိုသူသည် အကျွန်ုပ်လော” ဟု တစ်ဦးပြီးတစ်ဦး မေးလျှောက်ကြ၏။
သူတို့သည် စားပွဲ၌ ထိုင်လျက် စားသောက်နေကြစဉ် ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ ငါနှင့်အတူ စားနေသော သင်တို့အထဲမှ တစ်ယောက်သည် ငါ့ကို သစ္စာဖောက်လိမ့်မည်” ဟု မိန့်တော်မူ၏။
ကိုယ်တော်က “ထိုသူသည် သင်တို့ဆယ့်နှစ်ပါးထဲမှ ဖြစ်၍ ငါ့နှင့်အတူ ပန်းကန်တွင် မုန့်ကို တို့စားသောသူဖြစ်၏။
မည်သူကို ရည်ညွှန်း၍ မိန့်တော်မူသည်ကို တပည့်တော်တို့သည် တွေးတောလျက် အချင်းချင်းတစ်ဦးကိုတစ်ဦး ကြည့်ကြ၏။