သဖန်းပင်မှ သင်ခန်းစာ ယူကြလော့။ သဖန်းပင်တွင် အကိုင်းအခက်သစ်များ ထွက်လာ၍ ရွက်နုများ ထွက်ပြူလာသောအခါ နွေကာလ ရောက်လုနီးပြီဖြစ်ကြောင်းကို သင်တို့သိကြ၏။
ရှင်မာကု 13:29 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနည်းတူ ဖော်ပြခဲ့သောအခြင်းအရာများကို သင်တို့မြင်ရသောအခါ လူသားသည် တံခါးဝအနီးသို့ ရောက်နေပြီဖြစ်ကြောင်းကို သိမှတ်ကြလော့။ Common Language Bible ထိုနည်းတူစွာဖော်ပြခဲ့သောအမှုအရာများ ဖြစ်ပျက်လျက်ရှိသည်ကိုတွေ့မြင်ရသောအခါ လူသားသည်သင်တို့အနီး၊ တံခါးဝသို့ပင် ရောက်ရှိနေပြီဟုသိမှတ်ကြလော့။- Garrad Bible ဆို ခဲ့ သော အ ခြင်း အ ရာ များ ကို မြင် ကြ သော် လူ့ သား သည် နီး လှ၍ တံခါး ဝ တိုင် ရောက် ကြောင်း သိ မှတ် ကြ လော့။ Judson Bible ထိုနည်းတူ ထိုအကြောင်းအရာများဖြစ်သည်ကို မြင်ရလျှင်၊ လူသားသည် တံခါးဝတိုင်အောင် အနီးသို့ ရောက်တော်မူသည်ကို သိမှတ်ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ထိုနည်းတူ သင်တို့သည်လည်း ဤအရာများဖြစ်ပျက်နေကြသည်ကို မြင်ရသောအခါ လူ့သားသည် တံခါးဝအနီးသို့ရောက်ရှိနေပြီဖြစ်ကြောင်း သိမှတ်ကြလော့။ မြန်မာ ထိုနည်းတူ ထိုအကြောင်းအရာများဖြစ်သည်ကို မြင်ရလျှင်၊ လူသားသည် တံခါးဝတိုင်အောင် အနီးသို့ ရောက်တော်မူသည်ကို သိမှတ်ကြလော့။- |
သဖန်းပင်မှ သင်ခန်းစာ ယူကြလော့။ သဖန်းပင်တွင် အကိုင်းအခက်သစ်များ ထွက်လာ၍ ရွက်နုများ ထွက်ပြူလာသောအခါ နွေကာလ ရောက်လုနီးပြီဖြစ်ကြောင်းကို သင်တို့သိကြ၏။
သင်တို့အား ငါအမှန်ဆို၏။ ဤအရာများအားလုံး မဖြစ်ပျက်မီအချိန်ထိ ယခုရှိသောမျိုးဆက် ကွယ်ပျောက်လိမ့်မည်မဟုတ်ပေ။
ညီအစ်ကိုမောင်နှမတို့… အပြစ်စီရင်ခြင်း မခံရရန် အချင်းချင်း အပြစ်တင်၍ မညည်းတွားကြနှင့်။ ကြည့်လော့။ တရားစီရင်သောအရှင်သည် တံခါးဝတွင် ရပ်နေတော်မူ၏။