ထိုအခါ ယေရှုသည် တပည့်တော်တို့အား မိမိထံသို့ ခေါ်လျက် “လူမျိုးခြားများ၏အစိုးရမင်းတို့သည် လူများအပေါ် အုပ်စိုးခြယ်လှယ်တတ်ကြ၏။ အကြီးအမှူးတို့သည်လည်း မိမိလက်အောက်တွင်ရှိသော လူများအပေါ် အာဏာပြတတ်ကြ၏။
ရှင်မာကု 10:43 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့ကမူ ထိုသို့မပြုကြနှင့်။ သင်တို့အထဲတွင် ခေါင်းဆောင်ဖြစ်လိုသူသည် သင်တို့၏ အစေခံဖြစ်ရမည်။ Common Language Bible သင်တို့အချင်းချင်းတွင်မူကားထိုသို့မဖြစ် သင့်။ သင်တို့အနက်အကြီးအကဲဖြစ်လိုသူ သည် သူတစ်ပါးတို့၏အစေကိုခံရမည်။- Garrad Bible သင် တို့ တွင် မူ ကား ထို သို့ မ ဖြစ် စေ ရ။ မည် သူ မ ဆို ကြီး မြင့် လို လျှင် သင် တို့ အ စေ ကို ခံ စေ။ Judson Bible သင်တို့မူကား၊ ထိုသို့မပြုကြနှင့်။ သင်တို့တွင် အကဲအမှူးပြုလိုသောသူသည် သင်တို့အစေခံ ဖြစ်ရမည်။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့အထဲ၌မူကား ထိုသို့မဖြစ်ရ။ သင်တို့တွင် အကြီးအကဲဖြစ်လိုသောသူသည် သင်တို့၏အစေခံဖြစ်ရမည်။ မြန်မာ သင်တို့မူကား၊ ထိုသို့မပြုကြနှင့်။ သင်တို့တွင် အကဲအမှူးပြုလိုသောသူသည် သင်တို့အစေခံ ဖြစ်ရမည်။- |
ထိုအခါ ယေရှုသည် တပည့်တော်တို့အား မိမိထံသို့ ခေါ်လျက် “လူမျိုးခြားများ၏အစိုးရမင်းတို့သည် လူများအပေါ် အုပ်စိုးခြယ်လှယ်တတ်ကြ၏။ အကြီးအမှူးတို့သည်လည်း မိမိလက်အောက်တွင်ရှိသော လူများအပေါ် အာဏာပြတတ်ကြ၏။
ယေရှုသည် ထိုင်လျက် တပည့်တော်ဆယ့်နှစ်ပါးတို့ကို ခေါ်တော်မူ၍ “အကြီးမြတ်ဆုံးဖြစ်လိုသောသူသည် အသေးနုပ်ဆုံးဖြစ်၍ လူအပေါင်းတို့၏ အစေခံဖြစ်ရမည်” ဟု မိန့်တော်မူ၏။
မိမိကိုယ်ကိုယ် ချီးမြှောက်သောသူသည် နှိမ့်ချခြင်းကို ခံရလိမ့်မည်။ မိမိကိုယ်ကိုယ် နှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကို ခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
သင်တို့အား ငါပြောဆိုသည်မှာ ထိုအခွန်ကောက်သူသည် အပြစ်ပြေလျက် အိမ်သို့ပြန်လေ၏။ ဖာရိရှဲမှာမူ အပြစ်မပြေ။ အဘယ်ကြောင့်ဆိုသော် မိမိကိုယ်ကိုယ် ချီးမြှောက်သောသူသည် နှိမ့်ချခြင်းကို ခံရ၍ မိမိကိုယ်ကိုယ် နှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကို ခံရသောကြောင့်ဖြစ်၏” ဟူ၍ မိန့်တော်မူ၏။
သို့သော် သင်တို့ကမူ ထိုကဲ့သို့မဖြစ်စေနှင့်။ သင်တို့အထဲတွင် အမြင့်မြတ်ဆုံးဖြစ်သောသူသည် အသေးနုပ်ဆုံးကဲ့သို့လည်းကောင်း၊ ခေါင်းဆောင်ဖြစ်သောသူသည် အစေခံကဲ့သို့လည်းကောင်း နေရမည်။
ထို့နောက် တပည့်တော်တို့အား “ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သောကလေးငယ်ကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်ကို လက်ခံ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့တွင် အငယ်ဆုံးသောသူသည် အကြီးမြတ်ဆုံးသောသူ ဖြစ်လိမ့်မည်” ဟု မိန့်တော်မူ၏။
ယေရှုက “ငါ့နိုင်ငံသည် လောကီနိုင်ငံမဟုတ်။ ဟုတ်လျှင် ဂျူးခေါင်းဆောင်များ၏ဖမ်းဆီးခြင်းကို ငါမခံရစေရန် ငါ့တပည့်တို့က တိုက်ခိုက်ကြလိမ့်မည်။ သို့ရာတွင် ငါ့နိုင်ငံသည် ဤကမ္ဘာလောကမှ မဟုတ်” ဟု မိန့်တော်မူ၏။
ဤလောက၏ အမူအကျင့်နှင့် ဓလေ့တို့ကို အတုမယူကြနှင့်။ သင်တို့၏ စိတ်နှလုံးကို ပြောင်းလဲစေခြင်းအားဖြင့် စိတ်သစ်လူသစ် ဖြစ်ကြလော့။ သို့ပြုလျှင် ဘုရားသခင်အလိုရှိတော်မူသည့် ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ ပြည့်စုံသောအရာတို့သည် မည်သည့်အရာဖြစ်သည်ကို သင်တို့ပိုင်းခြားသိမြင်ကြလိမ့်မည်။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် လွတ်လပ်ခွင့်ရရန်အတွက် ခေါ်တော်မူခြင်းခံရသူများ ဖြစ်၏။ သို့သော် သင်တို့၏ လွတ်လပ်ခွင့်ကို မိမိဗီဇစိတ်အလိုသို့ လိုက်ရန်အတွက် အခွင့်အရေးအဖြစ်အသုံးမပြုဘဲ မေတ္တာဖြင့် အချင်းချင်းအစေခံခြင်းအတွက် အသုံးပြုကြလော့။