ယေရှုသည် ထိုသတင်းကို ကြားသောအခါ ထိုနေရာမှ ထွက်ခွာ၍ လှေကို စီးလျက် ဆိတ်ငြိမ်သောအရပ်သို့ ကြွတော်မူ၏။ သို့သော် လူထုပရိသတ်တို့သည် ယေရှုကြွတော်မူကြောင်းကို ကြားသိသဖြင့် မြို့ရွာများမှထွက်၍ ကုန်းကြောင်းဖြင့် လိုက်ကြ၏။
ရှင်မာကု 1:35 - ခေတ်သစ်မြန်မာ သမ္မာကျမ်း နောက်တစ်နေ့နံနက် မိုးမလင်းမီတွင် ယေရှုသည် ထတော်မူပြီးလျှင် ဆိတ်ငြိမ်သောအရပ်သို့ ကြွ၍ ဆုတောင်းတော်မူ၏။ Common Language Bible နောက်တစ်နေ့မိုးမလင်းမီကိုယ်တော်သည်အိပ်ရာ မှထတော်မူ၏။ ထိုနောက်ဆိတ်ငြိမ်ရာအရပ်သို့ ထွက်ကြွတော်မူပြီးလျှင် ဆုတောင်းပတ္ထနာပြုတော် မူ၏။- Garrad Bible နောက် နေ့ နံ နက် မ တိုင် မီ ကိုယ် တော် သည် နိုး ထ ထွက် သွား ပြီး လျှင် တော အ ရပ် သို့ ကြွ ရောက်၍ ပ ဌ နာ ပြု တော် မူ စဉ်၊ Judson Bible နံနက်အချိန်၊ မိုးမလင်းမီ ကိုယ်တော်သည် ထပြီးလျှင် တောအရပ်သို့ထွက်ကြွ၍ ဆုတောင်းတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း နံနက်စောစောမိုးမလင်းမီ ကိုယ်တော်သည်ထ၍ လူသူကင်းဝေးရာအရပ်သို့ ထွက်ခွာသွားပြီးလျှင် ထိုအရပ်၌ ဆုတောင်းတော်မူ၏။ မြန်မာ နံနက်အချိန်၊ မိုးမလင်းမီ ကိုယ်တော်သည် ထပြီးလျှင် တောအရပ်သို့ထွက်ကြွ၍ ဆုတောင်းတော်မူ၏။- |
ယေရှုသည် ထိုသတင်းကို ကြားသောအခါ ထိုနေရာမှ ထွက်ခွာ၍ လှေကို စီးလျက် ဆိတ်ငြိမ်သောအရပ်သို့ ကြွတော်မူ၏။ သို့သော် လူထုပရိသတ်တို့သည် ယေရှုကြွတော်မူကြောင်းကို ကြားသိသဖြင့် မြို့ရွာများမှထွက်၍ ကုန်းကြောင်းဖြင့် လိုက်ကြ၏။
ကိုယ်တော်သည် လူထုတို့ကို ပြန်လွှတ်တော်မူပြီးနောက် ဆုတောင်းရန် တောင်ပေါ်သို့ တက်ကြွတော်မူ၏။ ညအချိန်ရောက်သော် ထိုနေရာ၌ မိမိတစ်ကိုယ်တည်းရှိတော်မူ၏။
ထိုနေ့ရက်များ၌ ကိုယ်တော်သည်ဆုတောင်းရန် တောင်ပေါ်သို့တက်ကြွတော်မူ၍ တစ်ညလုံးဘုရားသခင်ထံ ဆုတောင်းတော်မူ၏။
ယေရှုက “ငါ့ကို စေလွှတ်တော်မူသောဘုရားသခင်၏ အလိုတော်ကို လိုက်နာ၍ ထိုအရှင်၏ အမှုတော်ကို ပြီးဆုံးသည်အထိ ဆောင်ရွက်ခြင်းသည် ငါ့စားစရာဖြစ်၏။
ယေရှုသည် ထိုသူတို့ လာ၍ မိမိကို ရှင်ဘုရင်အဖြစ် အတင်းအကျပ်တင်မြှောက်ကြမည်ကို သိမြင်တော်မူသဖြင့် တောင်ပေါ်သို့ တစ်ကိုယ်တည်း ကြွတော်မူ၏။
အမျိုးမျိုးသော ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့ဖြင့် ဝိညာဉ်တော် ညွှန်ကြားတော်မူသည့်အတိုင်း အချိန်အခါတိုင်းတွင် ဆုတောင်းကြလော့။ ထိုသို့ ဆုတောင်းနိုင်ရန် နိုးနိုးကြားကြား နေ၍ ယုံကြည်သူအပေါင်းတို့အတွက် ဇွဲမလျှော့ဘဲ ဆုတောင်းကြလော့။
သင်တို့၏ အချင်းချင်းဆက်ဆံရေးတွင် ယေရှုခရစ်တော်၌ရှိသော ထိုစိတ်သဘောထားကို ရှိစေကြလော့။
ခရစ်တော်သည် ကမ္ဘာလောက၌ လူသားအဖြစ်ရှိစဉ် သေခြင်းမှ ကယ်တင်နိုင်သော ဘုရားသခင်ထံ ပြင်းပြစွာ အော်ဟစ်၍ မျက်ရည်ကျလျက် အသနားခံတောင်းလျှောက်ခဲ့၏။ ထိုသို့ ဘုရားသခင်ထံ အပ်နှံ၍ မိမိအား ရိုသေသောကြောင့် ဘုရားသခင်သည် ကိုယ်တော်၏ ဆုတောင်းချက်များကို နားဆင်တော်မူခဲ့၏။