ထိုကယ်တင်ရှင်သည် လူမျိုးခြားတို့အား ကိုယ်တော့်အကြောင်းကို ဖော်ပြပေးမည့်အလင်းနှင့် ကိုယ်တော်၏လူမျိုးတော်ဖြစ်သော အစ္စရေးလူမျိုးတို့၏ ဘုန်းအသရေအတွက် အလင်းဖြစ်တော်မူ၏” ဟု ဆိုလေ၏။
ရောမ 4:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤကောင်းချီးမင်္ဂလာသည် အရေပြားလှီးခြင်းမင်္ဂလာကိုခံယူသောသူတို့အတွက်သာ ဖြစ်သလော။ သို့မဟုတ် အရေပြားလှီးခြင်းမင်္ဂလာကို မခံယူသောသူတို့အတွက်လည်း ဖြစ်သလော။ ကျွန်ုပ်တို့ဆိုခဲ့သည့်အတိုင်း အာဗြဟံသည် သူ၏ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခြင်းခံရ၏။ Common Language Bible ဒါဝိဒ်မင်းဖော်ပြသောမင်္ဂလာကိုအရေဖျား လှီးခြင်းခံသူတို့သာလျှင်ရရှိကြသလော။ အရေဖျားလှီးခြင်းမခံသူတို့လည်းရရှိ ကြပေသည်။ ငါတို့ဖော်ပြခဲ့သောကျမ်းစာ အရ``အာဗြဟံသည်ဘုရားသခင်ကိုယုံကြည် သဖြင့်ဘုရားသခင်သည်သူ့အားဖြောင့်မတ် သောသူအဖြစ်လက်ခံတော်မူ၏။-'' Garrad Bible ထို မင်္ဂ လာ စ ကား ကို လှီး ဖြတ် ခြင်း ခံ သူ တို့ အ ပေါ် တွင် သာ မြွက် ဆို သ လော။ မ ခံ သူ တို့ အ ပေါ် တွင် လည်း မြွက် ဆို သည် မ ဟုတ် လော။ အာ ဗြ ဟံ၏ ယုံ ကြည် ခြင်း ကို ဖြောင့် မတ် ခြင်း ဟု မှတ် တော် မူ ကြောင်း ငါ တို့ ဆို ကြ သည် မှာ၊ Judson Bible အရေဖျားလှီးခြင်းကိုခံသော သူတို့သာလျှင် ထိုမင်္ဂလာကို ရကြသလော။ သို့မဟုတ် အရေဖျားလှီးခြင်းကိုမခံသော လူတို့သည်လည်း ရကြသလော။ အဘယ်ကြောင့် မေးသနည်းဟူမူကား၊ ယုံကြည်ခြင်းကို အာဗြဟံ၌ ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်သည်ဟု ဆိုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်လျှင် ဤမင်္ဂလာသည် အရေဖျားလှီးထားသောသူအတွက်သာ ဖြစ်သလော၊ သို့မဟုတ် အရေဖျားမလှီးသောသူအတွက်လည်း ဖြစ်သလော။ “အာဗြဟံအတွက် သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်တော်မူ၏”ဟု ငါတို့ဆိုကြသောအခါ |
ထိုကယ်တင်ရှင်သည် လူမျိုးခြားတို့အား ကိုယ်တော့်အကြောင်းကို ဖော်ပြပေးမည့်အလင်းနှင့် ကိုယ်တော်၏လူမျိုးတော်ဖြစ်သော အစ္စရေးလူမျိုးတို့၏ ဘုန်းအသရေအတွက် အလင်းဖြစ်တော်မူ၏” ဟု ဆိုလေ၏။
ဤသို့ဆိုသော် မည်သို့သောအခြေအနေတွင် သတ်မှတ်သနည်း။ အရေပြားလှီးခြင်းမင်္ဂလာကို သူခံယူပြီးမှလော။ မခံယူမီကလော။ ခံယူပြီးမှ မဟုတ်။ မခံယူမီကပင် သတ်မှတ်ခြင်းခံရ၏။
ကျမ်းစာ၌ “အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သဖြင့် ထိုယုံကြည်ခြင်းကို ထောက်၍ ဘုရားသခင်သည် အာဗြဟံအား ဖြောင့်မတ်သူအဖြစ် သတ်မှတ်တော်မူ၏” ဟု ဖော်ပြထား၏။
ဤသို့ ရွေးနုတ်တော်မူခြင်းမှာ လူမျိုးခြားတို့သည် ယေရှုခရစ်တော်အားဖြင့် အာဗြဟံခံစားရသော ကောင်းချီးမင်္ဂလာကို ခံစားနိုင်ရန်လည်းကောင်း၊ ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်ကတိထားတော်မူသော ဝိညာဉ်တော်ကို ယုံကြည်ခြင်းအားဖြင့် ခံယူရရှိနိုင်ရန်လည်းကောင်းဖြစ်၏။
ကျွန်ုပ်သည် ယုံကြည်သူများထဲတွင် အသေးနုပ်ဆုံးသောသူ ဖြစ်သော်လည်း ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်ကို ခံစားရ၏။ ဤသို့ ခံစားရခြင်းသည် လူမျိုးခြားတို့ကို ခရစ်တော်၏ အကန့်အသတ်မဲ့ ကြွယ်ဝခြင်းအကြောင်း ဟောပြောရန်နှင့်
သို့ဖြစ်၍ ဂျူးလူမျိုးနှင့် ဂရိလူမျိုး၊ အရေပြားလှီးခြင်းမင်္ဂလာကို ခံယူသူနှင့် မခံယူသူ၊ လူမျိုးကွဲ၊ လူရိုင်း၊ ကျွန်နှင့် လွတ်လပ်သူဟူ၍ ခြားနားမှုမရှိပေ။ ခရစ်တော်သည်သာ အရေးပါ၍ ကျွန်ုပ်တို့အားလုံးအထဲတွင် ကိန်းအောင်းတော်မူ၏။