ယခု ဤအသုံးမကျသောအစေခံကို အပြင်ဘက်အမှောင်ထဲသို့ နှင်ထုတ်ကြလော့။ ထိုနေရာ၌ သူသည် အံကြိတ်၍ ငိုကြွေးရလိမ့်မည်’ ဟု ဆို၏။
ရောမ 3:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူအပေါင်းတို့သည် လမ်းလွဲ၍ တညီတညွတ်တည်း အသုံးမကျသောသူများဖြစ်လာကြပြီ။ ကောင်းမှုပြုသောသူမရှိ။ တစ်ယောက်မျှပင် မရှိ။ Common Language Bible လူအပေါင်းတို့သည်ကိုယ်တော်ကို ကျောခိုင်းသွားကြလေပြီ။ သူတို့အားလုံးပင်လမ်းလွဲကြလေပြီ။ အမှန်တရားကိုပြုကျင့်သူဟူ၍မရှိ။ တစ်ယောက်မျှမရှိ။ Garrad Bible ခပ် သိမ်း တို့ လမ်း လွဲ၍ အ သုံး မဲ့ ဖြစ် ကြ ကုန် ပြီ။ အ ကောင်း ပြု ကျင့် သူ တစ် ဦး တစ် ယောက် မျှ မ ရှိ ချေ။ Judson Bible လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း အသုံးမရသောသူဖြစ်ကြပြီ။ ကောင်းသောအကျင့်ကို ကျင့်သောသူမရှိ၊ တစ်ယောက်မျှမရှိ။- မြန်မာ့စံမီသမ္မာကျမ်း လူအပေါင်းတို့သည် လမ်းလွဲကြ၍ တညီတညွတ်တည်းအသုံးမကျသောသူများဖြစ်ကြပြီ။ ကောင်းသောအမှုကိုပြုသောသူမရှိ၊ တစ်ယောက်မျှမရှိ။ |
ယခု ဤအသုံးမကျသောအစေခံကို အပြင်ဘက်အမှောင်ထဲသို့ နှင်ထုတ်ကြလော့။ ထိုနေရာ၌ သူသည် အံကြိတ်၍ ငိုကြွေးရလိမ့်မည်’ ဟု ဆို၏။
သူတို့၏ လည်ချောင်းသည် ဖွင့်ထားသောသင်္ချိုင်းဂူဖြစ်၏။ သူတို့၏ လျှာသည် လှည့်ဖြားတတ်၏။ သူတို့၏နှုတ်ခမ်းတွင် မြွေဆိုးအဆိပ်ရှိ၏။
ကျွန်ုပ်တို့အားလုံးသည်လည်း တစ်ချိန်က ထိုသူတို့ကဲ့သို့ပင် လူ့ဗီဇစိတ်၏ တပ်မက်မှုအတိုင်း လုပ်ဆောင်၍ စိတ်နှင့် ခန္ဓာတို့၏ အလိုအတိုင်း ပြုမူနေထိုင်ခဲ့ကြ၏။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် သဘာဝအားဖြင့် အခြားသူတို့ကဲ့သို့ပင် ဘုရားသခင်၏ အမျက်တော်ကို ခံထိုက်သူများဖြစ်ကြ၏။
သူသည် ယခင်က သင့်အတွက် အသုံးမဝင်သူဖြစ်ခဲ့သော်လည်း ယခုတွင်မူ သင့်အတွက်ရော ကျွန်ုပ်အတွက်ပါ အသုံးဝင်သူဖြစ်၏။
သင်တို့သည် ယခင်က လမ်းလွဲ၍ ပျောက်သောသိုးများနှင့်တူကြ၏။ သို့သော် ယခုတွင် သင်တို့၏ စိတ်ဝိညာဉ်ကို ကြည့်ရှုပြုစုသော သိုးထိန်းထံသို့ ပြန်ရောက်ကြပြီ။