ယေရှုသည် ထိုသူတို့၏ တွေးတောကြံစည်မှုကို ကောင်းစွာသိတော်မူသဖြင့် “နိုင်ငံတစ်နိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်လျှင် ထိုနိုင်ငံသည် ပျက်စီးလိမ့်မည်။ ထိုနည်းတူ မြို့တစ်မြို့၊ သို့မဟုတ် မိသားစုတစ်စုတွင် စိတ်ဝမ်းကွဲလျှင် ပြိုကွဲလိမ့်မည်။
မဿဲ 9:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် ထိုသူတို့၏ စိတ်ကိုသိမြင်တော်မူသဖြင့် “သင်တို့၏ စိတ်ထဲတွင် အဘယ်ကြောင့် မကောင်းသောအတွေးများကို တွေးတောနေကြသနည်း။ Common Language Bible သခင်ယေရှုသည်ထိုသူတို့တွေးတောပုံကိုသိ မြင်တော်မူသဖြင့် ``သင်တို့သည်အဘယ်ကြောင့် ဤသို့မှားယွင်းစွာတွေးတောနေကြသနည်း။- Garrad Bible ထို သူ တို့၏ စိတ် ထင် များ ကို သိ မြင် တော် မူ သော် ယေ ရှု က စိတ်၌ အ ဘယ့် ကြောင့် မ ကောင်း ထင် မှတ် ကြ သ နည်း။ Judson Bible ယေရှုသည် ထိုသူတို့၏စိတ်ကို သိမြင်တော်မူလျှင်၊ သင်တို့သည် အဘယ်ကြောင့် ငြူစူသောစိတ် ရှိကြသနည်း။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် သူတို့၏စဉ်းစားဆင်ခြင်မှုများကို သိမြင်တော်မူ၍“အဘယ်ကြောင့် သင်တို့၏စိတ်နှလုံးထဲ၌ မကောင်းသောအရာများကို စဉ်းစားဆင်ခြင်နေကြသနည်း။ မြန်မာ ယေရှုသည် ထိုသူတို့၏စိတ်ကို သိမြင်တော်မူလျှင်၊ သင်တို့သည် အဘယ်ကြောင့် ငြူစူသောစိတ် ရှိကြသနည်း။- |
ယေရှုသည် ထိုသူတို့၏ တွေးတောကြံစည်မှုကို ကောင်းစွာသိတော်မူသဖြင့် “နိုင်ငံတစ်နိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်လျှင် ထိုနိုင်ငံသည် ပျက်စီးလိမ့်မည်။ ထိုနည်းတူ မြို့တစ်မြို့၊ သို့မဟုတ် မိသားစုတစ်စုတွင် စိတ်ဝမ်းကွဲလျှင် ပြိုကွဲလိမ့်မည်။
အကျွန်ုပ်တို့သည် အခွန်ဆက်သသင့်သလော၊ မဆက်သင့်သလော” ဟု မေးလျှောက်ကြ၏။ ယေရှုသည် ထိုသူတို့၏ လှည့်ကွက်ကို သိမြင်တော်မူ၍ “သင်တို့သည် အဘယ်ကြောင့်ငါ့ကို ထောင်ချောက်ဆင်ဖမ်းရန် ကြိုးစားကြသနည်း။ ဒင်္ဂါးပြားတစ်ပြားကို ယူခဲ့လော့။ ငါပြောမည်” ဟု မိန့်တော်မူ၏။
ယေရှုသည် ကျမ်းတတ်ဆရာများက ထိုသို့တွေးတောနေကြသည်ကို ချက်ချင်းသိတော်မူသဖြင့် သူတို့အား “သင်တို့စိတ်ထဲ၌ အဘယ်ကြောင့် ဤသို့တွေးတောနေကြသနည်း။
ယေရှုသည် ထိုသူတို့၏တွေးတောကြံစည်မှုကို ကောင်းစွာ သိတော်မူသဖြင့် “နိုင်ငံတစ်နိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်လျှင် ထိုနိုင်ငံသည် ပျက်စီးလိမ့်မည်။ ထိုနည်းတူ မိသားစုတစ်စုတွင် အချင်းချင်း စိတ်ဝမ်းကွဲလျှင် ပြိုကွဲလိမ့်မည်။
ယေရှုသည် ထိုသူတို့ မည်သို့တွေးတောနေကြသည်ကို သိတော်မူသဖြင့် “သင်တို့စိတ်ထဲ၌ အဘယ်ကြောင့် ဤသို့တွေးတောနေကြသနည်း။
ကိုယ်တော်သည် ထိုသူတို့၏တွေးတောကြံစည်မှုကို ကောင်းစွာသိတော်မူသော်လည်း လက်သေသောသူအား “ထလော့။ လူတို့ရှေ့ လာ၍ ရပ်လော့” ဟု မိန့်တော်မူ၏။ ထိုသူသည်လည်း ထ၍ရပ်လေ၏။
ယေရှုက ထိုသူအား “ရှိမုန်… ငါသည် သင့်အားပြောစရာတစ်ခုရှိ၏” ဟူ၍ မိန့်တော်မူလျှင် ရှိမုန်ကလည်း “မိန့်တော်မူပါ ဆရာတော်” ဟု လျှောက်လေ၏။
ယေရှုသည် တပည့်တော်တို့ မေးခွန်းမေးလျှောက်လိုကြောင်းကို သိတော်မူသောအခါ “ ‘မကြာမီ အချိန်တွင် သင်တို့သည် ငါ့ကို တွေ့မြင်ကြရတော့မည်မဟုတ်။ သို့ရာတွင် အချိန်အနည်းငယ် ကြာပြန်သော် ငါ့ကို ပြန်လည်တွေ့မြင်ကြရလိမ့်မည်’ ဟု သင်တို့ကို ငါပြောသောစကားနှင့်ပတ်သက်၍ အချင်းချင်းမေးမြန်းပြောဆို နေကြသလော။
ကိုယ်တော်သည် အရာခပ်သိမ်းကို သိမြင်တော်မူ၍ မည်သူမျှ ကိုယ်တော့်ကို မေးလျှောက်ရန် မလိုကြောင်း ယခု အကျွန်ုပ်တို့သိကြပါ၏။ ထို့ကြောင့် သခင်သည် ဘုရားသခင်ထံမှ ကြွလာကြောင်းကို အကျွန်ုပ်တို့ ယုံကြည်ကြပါ၏” ဟု လျှောက်ကြ၏။
ယေရှုက “ယောဟန်၏သားရှိမုန်… သင်သည် ငါ့ကို ချစ်သလော” ဟု တတိယအကြိမ် မေးတော်မူ၏။ ဤသို့ “သင်သည် ငါ့ကို ချစ်သလော” ဟု သုံးကြိမ်တိုင်တိုင် မေးတော်မူသဖြင့် ပေတရုသည် စိတ်ထိခိုက်၍ “သခင်… သခင်သည် အရာအားလုံးကို သိတော်မူ၏။ အကျွန်ုပ်သခင့်ကို ချစ်ကြောင်း သခင်သိပါ၏” ဟု လျှောက်၏။ ယေရှုက “သို့ဖြစ်လျှင် ငါ့သိုးတို့ကို ကျွေးမွေးလော့။
တပည့်တော်များညည်းညူပြောဆိုကြသည်ကို သိတော်မူသဖြင့် ယေရှုက “ဤသွန်သင်ချက်ကြောင့် သင်တို့စိတ်ပျက်ကြသလော။
သို့သော်လည်း သင်တို့ထဲမှ တချို့သည် ငါ့ကို မယုံကြည်ကြ” ဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူရခြင်းမှာ ယေရှုသည် မည်သူတို့ မယုံကြည်ဘဲနေသည်ကိုလည်းကောင်း၊ မည်သူ မိမိကို သစ္စာဖောက်မည်ကိုလည်းကောင်း အစဦးကပင် သိတော်မူသောကြောင့်ဖြစ်၏။
ထိုအခါ ပေတရုက သူ့အား “သင်တို့နှစ်ဦးစလုံးသည် အဘယ်ကြောင့် ထာဝရဘုရား၏ဝိညာဉ်တော်ကို လှည့်စားရန် သဘောတူ၍ ပူးပေါင်းကြံစည်ကြသနည်း။ ကြည့်လော့။ သင်၏ခင်ပွန်းကို သင်္ဂြိုဟ်သောသူတို့သည် တံခါးနားတွင် ရောက်နေကြပြီဖြစ်၍ သူတို့သည် သင့်ကိုလည်း သယ်ဆောင်ကြလိမ့်မည်” ဟု ဆို၏။
ငါသည် သူ၏သားသမီးများကို အသက်ဆုံးစေမည်။ ငါသည် လူတို့၏စိတ်နှလုံးနှင့် အကြံအစည်ကိုဆန်းစစ်သောသူဖြစ်ကြောင်း အသင်းတော်အပေါင်းတို့သည် သိကြလိမ့်မည်။ သင်တို့အသီးသီး၏အကျင့်နှင့်အညီ ထိုက်သင့်သည့်အတိုင်း ငါပေးဆပ်မည်။