မဿဲ 9:4 - Common Language Bible4 သခင်ယေရှုသည်ထိုသူတို့တွေးတောပုံကိုသိ မြင်တော်မူသဖြင့် ``သင်တို့သည်အဘယ်ကြောင့် ဤသို့မှားယွင်းစွာတွေးတောနေကြသနည်း။- အခန်းကိုကြည့်ပါ။Garrad Bible4 ထို သူ တို့၏ စိတ် ထင် များ ကို သိ မြင် တော် မူ သော် ယေ ရှု က စိတ်၌ အ ဘယ့် ကြောင့် မ ကောင်း ထင် မှတ် ကြ သ နည်း။ အခန်းကိုကြည့်ပါ။Judson Bible4 ယေရှုသည် ထိုသူတို့၏စိတ်ကို သိမြင်တော်မူလျှင်၊ သင်တို့သည် အဘယ်ကြောင့် ငြူစူသောစိတ် ရှိကြသနည်း။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 ယေရှုသည် သူတို့၏စဉ်းစားဆင်ခြင်မှုများကို သိမြင်တော်မူ၍“အဘယ်ကြောင့် သင်တို့၏စိတ်နှလုံးထဲ၌ မကောင်းသောအရာများကို စဉ်းစားဆင်ခြင်နေကြသနည်း။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း4 ယေရှုသည် ထိုသူတို့၏ စိတ်ကိုသိမြင်တော်မူသဖြင့် “သင်တို့၏ စိတ်ထဲတွင် အဘယ်ကြောင့် မကောင်းသောအတွေးများကို တွေးတောနေကြသနည်း။ အခန်းကိုကြည့်ပါ။မြန်မာ4 ယေရှုသည် ထိုသူတို့၏စိတ်ကို သိမြင်တော်မူလျှင်၊ သင်တို့သည် အဘယ်ကြောင့် ငြူစူသောစိတ် ရှိကြသနည်း။- အခန်းကိုကြည့်ပါ။ |
ထိုသူတို့၏စိတ်နှလုံးအကြံအစည်ကိုသိတော်မူ သဖြင့်ကိုယ်တော်က ``နိုင်ငံတစ်ခုတွင်လူတို့သည် စိတ်ဝမ်းကွဲပြားလျက် အချင်းချင်းတိုက်ခိုက်နေလျှင် ထိုနိုင်ငံသည်မကြာမီပျက်စီးလိမ့်မည်။ ထိုနည်း တူလူတို့စိတ်ဝမ်းကွဲပြားလျက်နေသောမြို့ သို့မဟုတ်အိမ်ထောင်သည်မရပ်မတည်နိုင်ရာ။-
ကိုယ်တော်သည်ထိုသူတို့၏အကြံအစည်ကို သိတော်မူသဖြင့် ``တိုင်းနိုင်ငံတစ်ခုတွင်လူ တို့စိတ်ဝမ်းကွဲပြားလျက်နေလျှင် ထိုနိုင်ငံသည် မကြာမီပျက်စီးမည်သာဖြစ်၏။ အိမ်ထောင်တစ် ခုတွင်အိမ်သူအိမ်သားတို့စိတ်ဝမ်းကွဲပြား လျက်နေလျှင် ထိုအိမ်ထောင်သည်ပျက်စီး မည်သာဖြစ်၏။-
သခင်ယေရှုသည်မိမိအားထိုသူတို့လျှောက် ထားမေးမြန်းလိုကြောင်းသိတော်မူသဖြင့် ``သင် တို့အချင်းချင်းအဘယ်အကြောင်းကိုမေးမြန်း ပြောဆိုလျက်နေကြသနည်း။ `အချိန်အနည်း ငယ်ကြာလျှင်သင်တို့ငါ့ကိုတွေ့မြင်ကြတော့ မည်မဟုတ်' ဟူ၍လည်းကောင်း၊ ထိုနောက် `အချိန် အနည်းငယ်ကြာပြန်သော်ငါ့ကိုပြန်၍တွေ့ မြင်ကြလိမ့်မည်' ဟူ၍လည်းကောင်းငါပြော သောစကားများနှင့်ပတ်သက်၍လော။-
တတိယအကြိမ်ကိုယ်တော်က ``ယောဟန်၏သား ရှိမုန်၊ သင်သည်ငါ့ကိုချစ်သလော'' ဟုမေးတော် မူ၏။ ဤသို့တတိယအကြိမ်မေးတော်မူသဖြင့် ပေတရုသည်ဝမ်းနည်း၍ ``သခင်၊ ကိုယ်တော်သည် အရာခပ်သိမ်းတို့ကိုသိတော်မူ၏။ ကိုယ်တော် အားအကျွန်ုပ်ချစ်သည်ကိုကိုယ်တော်သိတော် မူပါ၏'' ဟုလျှောက်၏။ သခင်ယေရှုက ``ငါ့သိုးတို့ကိုထိန်းလော့။-