ရုတ်တရက် အိုင်ထဲတွင် လေပြင်းမုန်တိုင်းကျလာသဖြင့် လှေသည် လှိုင်းတံပိုးများအောက်တွင် နစ်လုမတတ်ရှိ၏။ သို့သော် ထိုအချိန်တွင် ယေရှုသည် အိပ်စက်နေတော်မူ၏။
မဿဲ 8:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် လှေပေါ်သို့ တက်တော်မူ၍ တပည့်တော်များနှင့်အတူ အိုင်တစ်ဖက်ကမ်းသို့ ကူးဖြတ်တော်မူ၏။ Common Language Bible ကိုယ်တော်သည်လှေပေါ်သို့တက်တော်မူ၏။ တပည့် တော်တို့သည်လည်းကိုယ်တော်နှင့်အတူလိုက်သွား ကြ၏။- Garrad Bible ထို နောက် ကိုယ် တော် သည် လှေ ပေါ် သို့ တက်၍ တ ပည့် တော် တို့ လိုက် ကြ ရာ Judson Bible ထိုအခါ လှေထဲသို့ ဝင်တော်မူ၍ တပည့်တော်တို့သည် လိုက်ကြ၏။ အိုင်၌ လှိုင်းတံပိုးပြင်းစွာထ၍ လှေကို လွှမ်းလေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် လှေပေါ်သို့တက်တော်မူလျှင် တပည့်တော်တို့သည် နောက်တော်သို့လိုက်ကြ၏။ မြန်မာ ထိုအခါ လှေထဲသို့ ဝင်တော်မူ၍ တပည့်တော်တို့သည် လိုက်ကြ၏။ အိုင်၌ လှိုင်းတံပိုးပြင်းစွာထ၍ လှေကို လွှမ်းလေ၏။- |
ရုတ်တရက် အိုင်ထဲတွင် လေပြင်းမုန်တိုင်းကျလာသဖြင့် လှေသည် လှိုင်းတံပိုးများအောက်တွင် နစ်လုမတတ်ရှိ၏။ သို့သော် ထိုအချိန်တွင် ယေရှုသည် အိပ်စက်နေတော်မူ၏။
ထို့နောက် ယေရှုသည် လှေပေါ်သို့တက်၍ အိုင်တစ်ဖက်ကမ်းသို့ ကူးဖြတ်ကာ မိမိနေရပ်မြို့သို့ကြွတော်မူ၏။
ထိုနေ့ ညနေရောက်သောအခါ ယေရှုသည် တပည့်တော်တို့အား “တစ်ဖက်ကမ်းသို့ ကူးကြစို့” ဟု မိန့်တော်မူ၏။
ယေရှုက ထိုသူတို့အား “သင်တို့ကြားရ၊ မြင်ရသမျှတို့ကို ပြန်သွား၍ ယောဟန်အား ပြောကြလော့။ မျက်မမြင်တို့သည် မျက်စိမြင်ကြပြီ။ ခြေမသန်သူတို့သည် လမ်းလျှောက်ကြပြီ။ အနာကြီးရောဂါသည်တို့သည် စင်ကြယ်ကြပြီ။ နားမကြားသောသူတို့သည် ကြားကြပြီ။ သေဆုံးသောသူတို့သည် ပြန်ရှင်ကြပြီ။ ဆင်းရဲသားတို့သည်လည်း သတင်းကောင်းကို ကြားရကြပြီ။