ယေရှုက “ဘုရားသခင်အလိုတော်ရှိသော အရာအားလုံးကို လုပ်ဆောင်ကြရမည်ဖြစ်သောကြောင့် ယခု ငါ့ကို နှစ်ခြင်းမင်္ဂလာ ပေးလော့” ဟု မိန့်တော်မူ၏။ ထိုအခါ ယောဟန်သည် ယေရှုအား နှစ်ခြင်းမင်္ဂလာပေးရန် သဘောတူလေ၏။
မဿဲ 5:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများကို ပယ်ဖျက်ရန် ငါလာသည်ဟု မထင်ကြနှင့်။ ပယ်ဖျက်ရန် လာသည်မဟုတ်။ ထိုကျမ်းများတွင် ဖော်ပြထားသည့်အတိုင်း ဖြစ်လာစေရန် ငါလာ၏။ Common Language Bible ``ပညတ်ကျမ်းနှင့်ပရောဖက်ကျမ်းတို့ကိုဖျက် သိမ်းရန်ငါလာသည်ဟုမထင်ကြနှင့်။ ဖျက်သိမ်း ရန်လာသည်မဟုတ်။ ထိုကျမ်းများတွင်ဖော်ပြ ပါရှိသည့်အတိုင်းဖြစ်ပျက်စေရန်သာငါလာ သတည်း။- Garrad Bible ငါ သည် ပ ည တ္တိ ကျမ်း၊ ပ ရော ဖက် ကျမ်း များ ကို ပယ် ဖျက် ရန် ရောက် လာ သည် မ ထင် ကြ နှင့်။ ပယ် ဖျက် ရန် မ ဟုတ်၊ ပြည့် စုံ စေ ရန် ငါ လာ ခဲ့ သ တည်း။ Judson Bible ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှာ ငါလာသည်ဟု မထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှာ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှာ ငါလာသတည်း။- မြန်မာ့စံမီသမ္မာကျမ်း ပညတ်တရားကျမ်းနှင့်ပရောဖက်ကျမ်းများကို ပယ်ဖျက်ရန် ငါလာသည်ဟု မထင်ကြနှင့်။ ပယ်ဖျက်ရန်မဟုတ်ဘဲ ပြည့်စုံစေရန်သာ ငါလာ၏။ မြန်မာ ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှာ ငါလာသည်ဟု မထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှာ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှာ ငါလာသတည်း။- |
ယေရှုက “ဘုရားသခင်အလိုတော်ရှိသော အရာအားလုံးကို လုပ်ဆောင်ကြရမည်ဖြစ်သောကြောင့် ယခု ငါ့ကို နှစ်ခြင်းမင်္ဂလာ ပေးလော့” ဟု မိန့်တော်မူ၏။ ထိုအခါ ယောဟန်သည် ယေရှုအား နှစ်ခြင်းမင်္ဂလာပေးရန် သဘောတူလေ၏။
သင်တို့အပေါ် ပြုစေလိုသည့်အတိုင်း တစ်ပါးသူတို့အပေါ် ပြုကြလော့။ ဤအရာသည် ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းတို့၏ အချုပ်ဖြစ်၏။
သို့ရာတွင် ပညတ်ကျမ်းထဲမှ အသေးငယ်ဆုံးသောအက္ခရာတစ်လုံး ပျက်စီးရန်ထက် ကောင်းကင်နှင့်မြေကြီး ပျက်စီးရန် ပို၍လွယ်ကူ၏။
ထိုကဲ့သို့သော အမျိုးသမီးကို ကျောက်ခဲနှင့်ပေါက်သတ်ရန် မောရှေသည် ပညတ်ကျမ်းတွင် ကျွန်ုပ်တို့ကို ပညတ်ထားခဲ့ပါ၏။ သို့သော် ဆရာတော်သည် မည်သို့ ဆိုမည်နည်း” ဟု လျှောက်ကြ၏။
သူတို့က “ဤသူသည် ပညတ်ကျမ်းနှင့် ဆန့်ကျင်ဘက်ပြုလျက် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ကြစေရန် လူတို့အား သွေးဆောင်နေပါ၏” ဟူ၍ စွဲချက်တင်ကြ၏။
“အစ္စရေးလူမျိုးတို့… ကူညီကြလော့။ ဤသူသည် ကျွန်ုပ်တို့၏လူမျိုးကိုလည်းကောင်း၊ ပညတ်တရားနှင့် ဤဗိမာန်ကိုလည်းကောင်း ဆန့်ကျင်လျက် နေရာတိုင်း၌ရှိသော လူအပေါင်းတို့အား သွန်သင်နေသူဖြစ်၏။ ထိုမျှမက ဂရိလူမျိုးတို့ကိုလည်း ဗိမာန်တော်ထဲသို့ခေါ်ဆောင်လာ၍ ဤသန့်ရှင်းသောနေရာကို ညစ်ညမ်းစေပါပြီ” ဟု အော်ဟစ်ပြောဆိုကြ၏။
သူတို့သည် မမှန်သောသက်သေခံများကို ခေါ်၍ “ဤလူသည် သန့်ရှင်းသောအရပ်နှင့် ပညတ်ကျမ်းအပေါ် ဆန့်ကျင်သည့်စကားကို မရပ်မနား ပြောဆိုနေ၏။
ခရစ်တော်သည် ပညတ်တရားကို အဆုံးသတ်စေတော်မူပြီဖြစ်သောကြောင့် ယုံကြည်သောသူတို့သည် ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်းခံရကြ၏။
ထိုသို့ ယုံကြည်ခြင်းကို အလေးပေးလျှင် ပညတ်တရားကို ပယ်ဖျက်နိုင်သည်ဟု ဆိုလိုသလော။ မဆိုလိုပါ။ အမှန်တွင်မူ ကျွန်ုပ်တို့၌ ယုံကြည်ခြင်းရှိမှသာလျှင် ပညတ်တရားကို ပြည့်စုံစေနိုင်မည်ဖြစ်၏။
ထိုသို့ပြုတော်မူခဲ့ခြင်းမှာ လူ့ဗီဇစိတ်အလိုအတိုင်း ပြုမူမနေထိုင်တော့ဘဲ ဝိညာဉ်တော်၏ အလိုအတိုင်း အသက်ရှင်သော ကျွန်ုပ်တို့သည် ပညတ်တရား၏ ပြဋ္ဌာန်းချက်တို့ကို အပြည့်အဝဖြည့်ဆည်းနိုင်ရန် ဖြစ်၏။