မဿဲ 17:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ပေတရုက “သခင်… ဤနေရာတွင် အကျွန်ုပ်တို့ရှိနေသည်မှာ ကောင်းပေ၏။ သခင် အလိုရှိပါက သခင့်အတွက် တဲတစ်ဆောင်၊ မောရှေအတွက် တစ်ဆောင်၊ ဧလိယအတွက် တစ်ဆောင်၊ တဲသုံးဆောင်ကို အကျွန်ုပ်ဆောက်ပါမည်” ဟု လျှောက်လေ၏။ Common Language Bible ထိုအခါပေတရုက ``အရှင်ဘုရား၊ ဤအရပ် တွင်နေဖွယ်ကောင်းပါ၏။ အရှင်အလိုတော်ရှိ လျှင်အရှင့်အတွက်တဲတစ်ဆောင်၊ မောရှေအတွက် တစ်ဆောင်၊ ဧလိယအတွက်တစ်ဆောင်၊ တဲသုံး ဆောင်ကိုအကျွန်ုပ်ဆောက်လုပ်ပါမည်'' ဟုလျှောက် ထား၏။ Garrad Bible ပေ တ ရု က အ ရှင် ဘု ရား၊ ဤ တွင် နေ ထိုင် ရန် ကောင်း ပါ သည်။ အ လို တော် ရှိ လျှင် ကိုယ် တော် ဖို့ တစ် ဆောင် မော ရှေ ဖို့ တစ် ဆောင် ဧ လိ ယ ဖို့ တစ် ဆောင် တဲ သုံး ဆောင် ထိုး ပါ မည် ဟု ယေ ရှု အား လျှောက်၏။ Judson Bible ထိုအခါ ပေတရုက၊ သခင်၊ ဤအရပ်၌ နေဖွယ်ကောင်းပါ၏။ ကိုယ်တော်ဖို့ တဲတစ်ဆောင်၊ မောရှေဖို့ တစ်ဆောင်၊ ဧလိယဖို့ တစ်ဆောင်၊ တဲသုံးဆောင်ကို အလိုတော်ရှိလျှင် အကျွန်ုပ်တို့သည် ဆောက်လုပ်ပါမည်ဟု လျှောက်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ပေတရုက “သခင်ဘုရား၊ ဤနေရာသည် အကျွန်ုပ်တို့အတွက် နေစရာကောင်းပါ၏။ ကိုယ်တော်အလိုရှိလျှင် ဤနေရာ၌ တဲသုံးဆောင်ကို ကိုယ်တော်အတွက်တစ်ဆောင်၊ မောရှေအတွက်တစ်ဆောင်၊ ဧလိယအတွက်တစ်ဆောင် အကျွန်ုပ်ဆောက်ပါမည်”ဟု ယေရှုအား လျှောက်ထားလေ၏။ မြန်မာ ထိုအခါ ပေတရုက၊ သခင်၊ ဤအရပ်၌ နေဖွယ်ကောင်းပါ၏။ ကိုယ်တော်ဖို့ တဲတစ်ဆောင်၊ မောရှေဖို့ တစ်ဆောင်၊ ဧလိယဖို့ တစ်ဆောင်၊ တဲသုံးဆောင်ကို အလိုတော်ရှိလျှင် အကျွန်ုပ်တို့သည် ဆောက်လုပ်ပါမည်ဟု လျှောက်လေ၏။- |
ယေရှုထံမှ မောရှေနှင့် ဧလိယတို့ထွက်ခွာချိန်တွင် ပေတရုက “သခင်… ဤနေရာတွင် အကျွန်ုပ်တို့ရှိနေသည်မှာ ကောင်းပေ၏။ အကျွန်ုပ်တို့သည် သခင့်အတွက် တဲတစ်ဆောင်၊ မောရှေအတွက် တစ်ဆောင်၊ ဧလိယအတွက် တစ်ဆောင်၊ တဲသုံးဆောင် ဆောက်ပါရစေ” ဟု မိမိအဘယ်အရာပြောဆိုသည်ကို မသိဘဲ လျှောက်ဆိုလေ၏။
အို အဖ… အကျွန်ုပ်အား ကိုယ်တော်ပေးအပ်တော်မူသောသူတို့ကို အကျွန်ုပ်ရှိမည့်အရပ်၌ အကျွန်ုပ်နှင့်အတူရှိစေလိုပါ၏။ သို့ပြုလျှင် ကမ္ဘာ မတည်မရှိမီကပင် ကိုယ်တော်သည် အကျွန်ုပ်ကို ချစ်၍ ပေးတော်မူသော ဘုန်းအသရေကို သူတို့တွေ့မြင်ပါလိမ့်မည်။
ကျွန်ုပ်သည် ဤအရာနှစ်ခုကြားတွင် အခက်တွေ့နေ၏။ ဤဘဝကို စွန့်ခွာပြီး ခရစ်တော်နှင့် အတူရှိနေရန် ကျွန်ုပ်တောင့်တ၏။ ထိုအရာသည် ကျွန်ုပ်အတွက် ပို၍ကောင်း၏။
ချစ်ရသောသူတို့… ယခု ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြပြီး အနာဂတ်တွင် မည်သို့ဖြစ်မည်ကို သေချာစွာ မသိရသေးပေ။ သို့သော် ခရစ်တော်ကြွလာသောအခါ ကိုယ်တော်ဖြစ်တော်မူသည်အတိုင်း ဖူးမြင်ကြရမည်ဖြစ်၍ ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်တူကြလိမ့်မည်ကို သိကြ၏။
ဘုရားသခင်၏ဘုန်းအသရေတော်သည် အလင်းပေးတော်မူ၍ သိုးသငယ်တော်သည် ထိုမြို့၏ ဆီမီးသဖွယ် ဖြစ်သောကြောင့် မြို့သည် နေနှင့်လတို့၏အလင်းကို မလိုအပ်ပေ။