သို့သော် ထိုအမျိုးသမီးသည် ရှေ့တော်မှောက်သို့ချဉ်းကပ်၍ ဝပ်တွားခယလျက် “သခင်… ကျွန်မကို ကယ်တော်မူပါ” ဟု လျှောက်လေ၏။
မဿဲ 15:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “သားသမီးတို့၏ မုန့်ကိုယူ၍ ခွေးများအား ချမကျွေးသင့်” ဟု တုံ့ပြန်တော်မူ၏။ Common Language Bible ကိုယ်တော်က ``သားသမီးတို့၏အစားအစာကို ယူ၍ခွေးတို့အားမကျွေးအပ်'' ဟုမိန့်တော်မူလျှင်၊ Garrad Bible သား သ မီး တို့ အ စာ ကို ယူ၍ ခွေး များ အား မ ချ မ ပေး အပ် ဟု မိန့် တော် မူ သော်၊ Judson Bible ကိုယ်တော်က၊ သား၏အစာကိုယူ၍ ခွေးအားမပေးမချအပ်ဟု ပြန်ပြောတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“သားသမီးတို့၏အစာကိုယူ၍ ခွေးကလေးတို့အားချပေးခြင်းသည် မကောင်းမသင့်ပါ”ဟု ပြန်၍မိန့်တော်မူ၏။ မြန်မာ ကိုယ်တော်က၊ သား၏အစာကိုယူ၍ ခွေးအားမပေးမချအပ်ဟု ပြန်ပြောတော်မူ၏။- |
သို့သော် ထိုအမျိုးသမီးသည် ရှေ့တော်မှောက်သို့ချဉ်းကပ်၍ ဝပ်တွားခယလျက် “သခင်… ကျွန်မကို ကယ်တော်မူပါ” ဟု လျှောက်လေ၏။
အမျိုးသမီးက “မှန်ပါသည် သခင်။ သို့သော်လည်း ခွေးများပင်လျှင် သူတို့သခင်၏စားပွဲမှ ကျသောစားကြွင်းစားကျန်ကို စားခွင့်ရပါသည်” ဟု လျှောက်လေ၏။
သန့်ရှင်းစင်ကြယ်သောအရာကို ခွေးတို့အား မပေးကြနှင့်။ ပေးလျှင် သူတို့သည် သင်တို့ဘက်သို့ လှည့်ကာ ကိုက်ကြလိမ့်မည်။ ပုလဲရတနာများကို ဝက်တို့ရှေ့မှာ မချထားနှင့်။ ချထားလျှင် သူတို့သည် ထိုပုလဲတို့ကို ခြေဖြင့် နင်းသွားကြလိမ့်မည်။
သူတို့သည် ဘုရားသခင်၏ သားသမီးအဖြစ် ရွေးချယ်ခြင်းခံရသော အစ္စရေးလူမျိုးများ ဖြစ်ကြ၏။ ဘုရားသခင်သည် မိမိ၏ဘုန်းအသရေတော်ကို သူတို့အား ဖော်ပြတော်မူ၏။ သူတို့နှင့် ပဋိညာဉ်များဖွဲ့၍ ပညတ်တရားကိုလည်း ပေးတော်မူ၏။ ကိုးကွယ်ရမည့်နည်းနှင့် မိမိ၏ကတိတော်များကို သူတို့အား ပေးတော်မူ၏။
ကျွန်ုပ်တို့သည် အပြစ်သားလူမျိုးခြားများ မဟုတ်ဘဲ မွေးဖွားလာကတည်းကပင် ဂျူးလူမျိုးများ ဖြစ်ကြ၏။
တစ်ချိန်က သင်တို့သည် ခရစ်တော်နှင့် ကင်းကွာခဲ့ကြ၍ အစ္စရေးလူမျိုးတွင် ပါဝင်ခွင့် မရ၊ ကတိတော်နှင့်ဆိုင်သော ပဋိညာဉ်များနှင့် သက်ဆိုင်ခွင့် မရှိ၊ မျှော်လင့်ချက် မရှိ၊ ဤလောကတွင် ဘုရားသခင်ကို မသိဘဲ နေခဲ့ကြသည်ကို သတိရကြလော့။
ကိုယ်ခန္ဓာကို လှီးဖြတ်တတ်သူများဖြစ်သည့် အကျင့်ဆိုးကို ကျင့်သော ခွေးဖြစ်သူတို့ကို သတိပြုကြလော့။ ထိုသူတို့သည် ကယ်တင်ခံရရန် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူရမည်ဟု ပြောဆိုကြ၏။
မြို့ပြင်တွင်မူ ခွေးဖြစ်သောသူများ၊ ပြုစားသောသူများ၊ တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ လူသတ်သမားများ၊ ရုပ်တုကိုးကွယ်သူများ၊ လိမ်လည်ခြင်းကို နှစ်သက်၍ ကျင့်သုံးသောသူအပေါင်းတို့ ရှိကြ၏။