အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဗျာ​ဒိတ် 21:25 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

မြို့တံခါးများ​ကို မပိတ်ဘဲ တစ်နေ့လုံး​ဖွင့်ထား​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထို​မြို့​၌ ည​ဟူ၍ မရှိ​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။

Common Language Bible

မြို့​တံ​ခါး​တို့​ကို​တစ်​နေ့​လုံး​ဖွင့်​ထား​လိမ့်​မည်။ ထို မြို့​၌​ည​အ​ချိန်​မ​ရှိ​သ​ဖြင့်​မြို့​တံ​ခါး​တို့​ကို အ​ဘယ်​အ​ခါ​၌​မျှ​ပိတ်​ထား​လိမ့်​မည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။

Judson Bible

မြို့​တံ​ခါး​တို့​ကို နေ့​အ​ချိန်၌ အ​လျှင်း​မ​ပိတ်​တတ်။ ည​မူ​ကား မ​ရှိ။-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို​နေရာ​၌ ည​မ​ရှိ​သောကြောင့် မြို့​တံခါး​များ​ကို မည်သည့်​နေ့ရက်​တွင်​မျှ ပိတ်​ထား​ခြင်း​မ​ရှိ။

အခန်းကိုကြည့်ပါ။



ဗျာ​ဒိတ် 21:25
7 ပူးပေါင်းရင်းမြစ်များ  

၎င်း​တွင် ကြီးမား​၍ မြင့်မားသော​မြို့ရိုး​ရှိပြီး တံခါး​ဆယ့်နှစ်ပေါက်​ပါ၏။ တံခါးဝတို့​တွင် ကောင်းကင်တမန်​ဆယ့်နှစ်ပါး​ရှိပြီး တံခါး​အသီးသီး​ပေါ်တွင် အစ္စရေး​မျိုးနွယ်စု ဆယ့်နှစ်စုတို့​၏ အမည်​အသီးသီး​ကို ရေးထား၏။


ကျွန်ုပ်​နှင့် စကားပြောသော​ကောင်းကင်တမန်​သည် ထို​မြို့၊ မြို့တံခါး​နှင့် မြို့ရိုးတို့​ကို တိုင်းထွာ​ရန် ရွှေ​ကျူရိုး​ကို ကိုင်ဆောင်ထား၏။


ဘုရားသခင်​၏​ဘုန်းအသရေတော်​သည် အလင်း​ပေးတော်မူ​၍ သိုးသငယ်တော်​သည် ထို​မြို့​၏ ဆီမီး​သဖွယ် ဖြစ်​သောကြောင့် မြို့​သည် နေ​နှင့်​လတို့​၏​အလင်း​ကို မလိုအပ်ပေ။


ည​ဟူ၍ ရှိတော့မည်​မဟုတ်။ ဘုရားသခင်​သည် အလင်း​ကို ပေးတော်မူမည်​ဖြစ်၍ သူတို့​သည် ဆီမီး​၏​အလင်း​နှင့် နေ​၏​အလင်း​ကို လိုအပ်တော့မည်​မဟုတ်။ သူတို့​သည် အစဉ်​ထာဝရ အုပ်စိုးကြ​လိမ့်မည်။