ကျွန်ုပ်တို့သည် သခင်ဘုရားကို သဝန်တိုစေဝံ့သလော။ ကျွန်ုပ်တို့သည် သခင်ဘုရားထက် တန်ခိုးကြီးသလော။
ဗျာဒိတ် 18:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်၍ သူခံရမည့်ဘေးဒဏ်များဖြစ်သော သေခြင်း၊ ညည်းတွားခြင်း၊ အစာခေါင်းပါးခြင်းတို့သည် သူ့အပေါ်သို့ တစ်ရက်အတွင်း ကျရောက်လာလိမ့်မည်။ မီးသည် သူ့ကို လောင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူ့ကို တရားစီရင်တော်မူသောအရှင် ဘုရားသခင်သည် တန်ခိုးကြီးတော်မူသောကြောင့်ဖြစ်သည်” ဟူ၍ဖြစ်၏။ Common Language Bible ဤအကြောင်းကြောင့်ရောဂါဘေး၊ ဝမ်းနည်းကြေကွဲခြင်းဘေး၊ အစာငတ်မွတ်ခေါင်းပါးခြင်းဘေးများသည် သူ၏အပေါ်သို့တစ်ရက်အတွင်း ကျရောက်လာလိမ့်မည်။ သူသည်မီးရှို့ခြင်းကိုခံရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူ့အား တရားစီရင်တော်မူသောထာဝရအရှင် ဘုရားသခင်သည် တန်ခိုးကြီးတော်မူသောကြောင့်ဖြစ်သတည်း'' ဟုဆို၏။ Garrad Bible စီ ရင် ဆုံး ဖြတ် တော် မူ မည့် ထာ ဝ ရ ဘု ရား သ ခင် သည် တန် ခိုး ကြီး တော် မူ သည့် အ လျောက် ခံ ရ မည့် ဘေး များ တည်း ဟူ သော သေ ခြင်း၊ မြည် တမ်း ခြင်း၊ အ စာ ခေါင်း ပါး ခြင်း များ သည် နေ့ ချင်း သင့် ရောက် သည့် ပြင်၊ မီး ဖြင့် ကျွမ်း လောင် ခံ ရ လ တ္တံ့။ Judson Bible ထိုကြောင့်၊ သူခံရသောသေခြင်းဘေး၊ စိတ်မသာညည်းတွားခြင်းဘေး၊ မွတ်သိပ်ခြင်း ဘေးဒဏ်များတို့နှင့် တစ်နေ့ချင်းတွင်တွေ့၍၊ မီးဖြင့်လည်း ကျွမ်းလောင်ခြင်းကို ခံရလိမ့်မည်။ သူ့ကို စီရင်တော်မူသော ထာဝရ အရှင်ဘုရားသခင်သည် ခွန်အားဗလ ကြီးတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သူခံရမည့်ဘေးဒဏ်များဖြစ်သော သေခြင်း၊ ဝမ်းနည်းကြေကွဲခြင်းနှင့် ငတ်မွတ်ခေါင်းပါးခြင်းတို့သည် တစ်ရက်အတွင်း သူ့အပေါ်ကျရောက်ပြီး သူသည် မီးဖြင့်လောင်ကျွမ်းခြင်းခံရလိမ့်မည်။ အကြောင်းမူကား သူ့ကိုစီရင်တော်မူသော ထာဝရအရှင်ဘုရားသခင်သည် ခွန်အားနှင့်ပြည့်စုံတော်မူ၏။ |
ကျွန်ုပ်တို့သည် သခင်ဘုရားကို သဝန်တိုစေဝံ့သလော။ ကျွန်ုပ်တို့သည် သခင်ဘုရားထက် တန်ခိုးကြီးသလော။
“ယခုရှိလျက်၊ ယခင်ကလည်းရှိတော်မူသည့် အနန္တတန်ခိုးရှင် ဘုရားသခင်ကို အကျွန်ုပ်တို့ကျေးဇူးတင်ပါ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် မဟာတန်ခိုးကို ခံယူ၍ အုပ်စိုးတော်မူသောကြောင့်ဖြစ်၏။
သင်မြင်ရသော ဦးချိုဆယ်ချောင်းနှင့် အနီရောင်သားရဲသည် ထိုပြည့်တန်ဆာကို မုန်းကြလိမ့်မည်။ သူ၌ ရှိသမျှအရာကို ဖျက်ဆီး၍ အဝတ်ဗလာဖြစ်စေလိမ့်မည်။ သူ၏ အသားကိုလည်း စား၍ မီးရှို့ကြလိမ့်မည်။
သင်မြင်ရသော အမျိုးသမီးသည် လောကီဘုရင်တို့ကို အုပ်စိုးသည့်မြို့ကြီးကို ကိုယ်စားပြု၏” ဟု ပြောလေ၏။
ဤမျှလောက် ကြွယ်ဝသော သင်၏ စည်းစိမ်တို့သည် တစ်ခဏချင်း၌ ပျက်စီးလေပြီ” ဟူ၍ ငိုကြွေးမြည်တမ်းကြလိမ့်မည်။ ကုန်သင်္ဘောမှ ရေယာဉ်မှူးများ၊ ခရီးသည်များ၊ သင်္ဘောသားများနှင့် ပင်လယ်ကုန်သည်အပေါင်းတို့သည် အဝေးတွင်ရပ်လျက်
သူတို့သည် ဖုန်မှုန့်များကို မိမိတို့၏ ခေါင်းပေါ်တွင် ကြဲပြီး “အလိုလေး… ဖြစ်ရလေချင်း။ မိမိ၏စည်းစိမ်ဥစ္စာများကြောင့် ပင်လယ်ကူးသင်္ဘောပိုင်ရှင်များကို ချမ်းသာစေခဲ့သော မြို့ကြီး… သင်သည် တစ်ခဏချင်း၌ ပျက်စီးလေပြီ” ဟု ငိုကြွေးမြည်တမ်းကြလိမ့်မည်။
တစ်ဖန် သူတို့က “ဟာလေလုယာ။ သူ့ထံမှ မီးခိုးသည် အစဉ်ထာဝရ လွင့်တက်လျက်ရှိ၏” ဟု ကြွေးကြော်ကြ၏။