ထိုနည်းတူ သင်တို့သည် ယခုဝမ်းနည်းကြ၏။ သို့သော် ငါသည် သင်တို့နှင့် ပြန်တွေ့မည်ဖြစ်သောကြောင့် သင်တို့သည် ဝမ်းမြောက်ကြလိမ့်မည်။ ထိုဝမ်းမြောက်ခြင်းကိုလည်း မည်သူကမျှ လုယူဖျက်ဆီး၍ မရနိုင်။
ဖိလိပ္ပိ 1:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသည်မှာ သင်တို့ထံသို့ ကျွန်ုပ်ပြန်ရောက်လာသောအခါ ကျွန်ုပ်ကြောင့် သင်တို့သည် ယေရှုခရစ်တော်အကြောင်းကို ပို၍ ဂုဏ်ယူဝင့်ကြွားနိုင်ရန် ဖြစ်၏။ Common Language Bible သို့ဖြစ်၍ငါသည်သင်တို့နှင့်တစ်ဖန်နေခွင့် ရသောအခါ၌ခရစ်တော်ယေရှုနှင့်တစ်လုံး တစ်ဝတည်းဖြစ်သူသင်တို့သည်ငါ့အတွက် ကြောင့်ပို၍ပင်ဂုဏ်ယူဝါကြွားနိုင်ကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ငါသည် သင်တို့ထံသို့ တစ်ဖန်ရောက်လာသဖြင့် သင်တို့၏ဂုဏ်ယူဝင့်ကြွားစရာအကြောင်းသည် ငါ့ကြောင့် ခရစ်တော်ယေရှု၌ တိုးပွားလိမ့်မည်။ |
ထိုနည်းတူ သင်တို့သည် ယခုဝမ်းနည်းကြ၏။ သို့သော် ငါသည် သင်တို့နှင့် ပြန်တွေ့မည်ဖြစ်သောကြောင့် သင်တို့သည် ဝမ်းမြောက်ကြလိမ့်မည်။ ထိုဝမ်းမြောက်ခြင်းကိုလည်း မည်သူကမျှ လုယူဖျက်ဆီး၍ မရနိုင်။
ယခုအချိန်ထိ သင်တို့သည် ငါ့နာမကို အမှီပြု၍ မည်သည့်အရာကိုမျှ မတောင်းကြသေး။ သင်တို့ အပြည့်အဝဝမ်းမြောက်နိုင်ရန် တောင်းကြလော့။ တောင်းလျှင် တောင်းသည့်အတိုင်း ရကြလိမ့်မည်။
ထို့ကြောင့် သင်တို့သည် ကျွန်ုပ်တို့ကို တစ်စိတ်တစ်ဒေသ သိထားသည်နှင့်အညီ သခင်ယေရှု ပြန်လည်ကြွလာမည့် နေ့ရက်၌ ကျွန်ုပ်တို့သည် သင်တို့အတွက် ဂုဏ်ယူဝင့်ကြွားစရာဖြစ်သကဲ့သို့ သင်တို့သည်လည်း ကျွန်ုပ်တို့အတွက် ဂုဏ်ယူဝင့်ကြွားစရာဖြစ်ကြောင်းကို သင်တို့ စုံလင်စွာ သိကြလိမ့်မည်ဟု ကျွန်ုပ်မျှော်လင့်၏။
ကျွန်ုပ်တို့သည် သင်တို့ရှေ့၌ တစ်ဖန် မိမိကိုယ်ကိုယ် ထောက်ခံချီးမွမ်းနေကြသည်မဟုတ်။ ကျွန်ုပ်တို့အတွက် သင်တို့ဂုဏ်ယူနိုင်ရန် အခွင့်ပေးနေခြင်းသာဖြစ်၏။ သို့မှသာ အတွင်းစိတ်ကို မကြည့်ဘဲ အပြင်ပန်းသဏ္ဌာန်ကိုသာ ကြည့်၍ ဂုဏ်ယူတတ်သောသူတို့၏ စကားကို သင်တို့ချေပနိုင်မည်ဖြစ်၏။
ကျွန်ုပ်သည် သင်တို့အကြောင်းကို တိတုအား ကြွားဝါခဲ့သော်လည်း သင်တို့သည် ကျွန်ုပ်ကို အရှက်မရစေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သင်တို့အား ကျွန်ုပ်ပြောခဲ့သော အရာအားလုံးသည် မှန်နေသကဲ့သို့ တိတုကို ကျွန်ုပ်တို့ကြွားဝါခဲ့သော သင်တို့အကြောင်းသည်လည်း မှန်နေသောကြောင့်ဖြစ်၏။
ကျွန်ုပ်သည် သင်တို့ကို အလွန်ယုံကြည်စိတ်ချ၍ သင်တို့အတွက် ဂုဏ်ယူ၏။ ကျွန်ုပ်သည် နှစ်သိမ့်မှုကို အပြည့်အဝရရှိသဖြင့် ဆင်းရဲဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်ရသော်လည်း ဝမ်းမြောက်လျက်ရှိ၏။
သို့သော်လည်း အားငယ်သောသူတို့ကို နှစ်သိမ့်ပေးတော်မူသော ဘုရားသခင်သည် တိတုရောက်လာခြင်းအားဖြင့် ကျွန်ုပ်တို့ကို နှစ်သိမ့်ပေးတော်မူ၏။
လူတိုင်း မိမိဝန်ကို ထမ်းရမည်ဖြစ်သောကြောင့် လူတိုင်း မိမိပြုသောအမှုကို ဆန်းစစ်ပါစေ။ သို့မှသာ မိမိကိုယ်မိမိ အခြားသူနှင့် မနှိုင်းယှဉ်ဘဲ ကိုယ်တိုင် ပြုသောအမှုများကြောင့် ဂုဏ်ယူဝင့်ကြွားနိုင်လိမ့်မည်။
ထို့ပြင် ညီအစ်ကိုမောင်နှမတို့… သင်တို့အတွက် သခင်ဘုရား ပြုတော်မူသောအမှုကြောင့် ဝမ်းမြောက်ကြလော့။ သင်တို့ထံ ယခင်က ကျွန်ုပ် ရေးခဲ့သော အကြောင်းအရာများကို ယခုထပ်မံ၍ ရေးရခြင်းသည် ကျွန်ုပ်အတွက် အပန်းမကြီးပေ။ မှားယွင်းသောသွန်သင်မှုဘေးမှ သင်တို့ကို ပို၍ ကာကွယ်ရန် ဖြစ်၏။
ထိုသူတို့သည် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူထားသောကြောင့် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်၏ လူများဟု ထင်တတ်ကြ၏။ သို့သော် ကျွန်ုပ်တို့သာလျှင် ဘုရားသခင်၏ စစ်မှန်သောလူများဖြစ်ကြ၏။ ကျွန်ုပ်တို့သည် ဝိညာဉ်တော်၏ အကူအညီဖြင့် ဘုရားသခင်ကို ကိုးကွယ်၍ လူ့အားထုတ်မှုအပေါ် အားမကိုးဘဲ ယေရှုခရစ်တော် ပြုပေးသော အမှုအပေါ် အားကိုးကြ၏။
သင်တို့သည် ကျွန်ုပ်အတွက် ယခုထပ်မံ၍ ငဲ့ညှာစဉ်းစားပေးသောကြောင့် သခင်ဘုရားနှင့် တပေါင်းတစည်းတည်း ဖြစ်သော ကျွန်ုပ်သည် အလွန်ဝမ်းမြောက်၏။ အမှန်တွင်မူ သင်တို့သည် ကျွန်ုပ်အတွက် ငဲ့ညှာစဉ်းစားပေးသော်လည်း ပြသရန် အခွင့်မသာခဲ့ကြ။
သင်တို့အတွက် သခင်ဘုရား ပြုတော်မူသောအမှုကြောင့် အစဉ်အမြဲ ဝမ်းမြောက်ကြလော့။ ကျွန်ုပ် ထပ်မံ၍ ပြောမည်။ ဝမ်းမြောက်ကြလော့။