မောရှေသည် သင်တို့အား ပညတ်တရားကို ပေးခဲ့သည်မဟုတ်လော။ သို့သော် သင်တို့ထဲမှ မည်သူကမျှ ထိုပညတ်ကျမ်းကို မလိုက်နာကြ။ သင်တို့သည် အဘယ်ကြောင့် ငါ့ကို သတ်ရန်သာ ရှာကြံကြသနည်း” ဟု မိန့်တော်မူ၏။
တမန်တော်ဝတ္ထု 7:53 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် ကောင်းကင်တမန်များအားဖြင့် ပေးအပ်သော ဘုရားသခင်၏ပညတ်ကျမ်းကို ရရှိသော်လည်း လိုက်နာစောင့်ထိန်းခြင်းမရှိကြပေ” ဟု ဆိုလေ၏။ Common Language Bible ကောင်းကင်တမန်များမှတစ်ဆင့်ပေးအပ် တော်မူသည့်ပညတ်တော်ကိုရရှိသော်လည်း ထိုပညတ်တော်ကိုမလိုက်နာကြပါတကား'' ဟုသတေဖန်မြွက်ဆို၏။ Judson Bible သင်တို့သည် ကောင်းကင်တမန်များ ခင်းကျင်းသောအားဖြင့် ပညတ်တရားတော်ကို ခံရသော်လည်း မစောင့်မရှောက်ကြဟု သတေဖန် မြွက်ဆို၏။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ကောင်းကင်တမန်များအားဖြင့် ပြဋ္ဌာန်းထားသောပညတ်တရားကို ရရှိသော်လည်း ၎င်းကိုစောင့်ထိန်းခြင်းမရှိကြ”ဟု ဆိုလေ၏။ |
မောရှေသည် သင်တို့အား ပညတ်တရားကို ပေးခဲ့သည်မဟုတ်လော။ သို့သော် သင်တို့ထဲမှ မည်သူကမျှ ထိုပညတ်ကျမ်းကို မလိုက်နာကြ။ သင်တို့သည် အဘယ်ကြောင့် ငါ့ကို သတ်ရန်သာ ရှာကြံကြသနည်း” ဟု မိန့်တော်မူ၏။
သူသည် သိနာတောင်တွင် သူ့အား စကားပြောသော ကောင်းကင်တမန်နှင့်လည်းကောင်း၊ ကျွန်ုပ်တို့၏ဘိုးဘေးများနှင့်လည်းကောင်း၊ တောကန္တာရတွင် စုဝေးသောလူတို့နှင့်လည်းကောင်း ရှိခဲ့သောသူဖြစ်၏။ သူသည် ကျွန်ုပ်တို့အား ပေးအပ်ရန် အသက်ရှင်စေသော ဗျာဒိတ်တော်ကို လက်ခံရရှိလေ၏။
သို့ဖြစ်လျှင် ပညတ်တရားကို အဘယ်ကြောင့် ပေးထားသနည်း။ ပညတ်တရားကို ပေးထားရခြင်းမှာ အပြစ်၏ သဘောသဘာဝကို ဖော်ပြရန်ဖြစ်ပြီး ကတိတော်ကို ရရှိသော အမျိုးအနွယ် မပေါ်မီကာလတိုင်အောင် ထားရှိမည်ဖြစ်၏။ ဘုရားသခင်သည် ထိုပညတ်တရားကို ကောင်းကင်တမန်များဖြင့် ကြားဝင်စေ့စပ်သူ မောရှေထံမှတစ်ဆင့် ပေးအပ်တော်မူ၏။
အရေပြားလှီးခြင်းမင်္ဂလာကို ခံယူသောသူတို့ပင်လျှင် ကိုယ်တိုင် ပညတ်တရားကို လိုက်နာကျင့်သုံးကြသည်မဟုတ်။ ထိုသူတို့သည် သင်တို့၏ အသွေးအသား၌ အရေပြားလှီးခြင်းအပေါ် ကြွားဝါနိုင်ရန် သင်တို့အား အရေပြားလှီးခြင်းမင်္ဂလာကို ခံယူစေလိုကြခြင်း ဖြစ်၏။
ကောင်းကင်တမန်များမှတစ်ဆင့် မိန့်တော်မူသော ဘုရားသခင်၏ တရားတော်သည် စစ်မှန်သောကြောင့် ထိုတရားတော်ကို ချိုးဖောက်၍ မနာခံသူများသည် မိမိတို့နှင့် ထိုက်သင့်သော အပြစ်ဒဏ်ကို ခံကြရသည်မှန်လျှင်