ယေရှုက “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် မည်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။
တမန်တော်ဝတ္ထု 2:28 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်သည် ကျွန်ုပ်အား အသက်လမ်းတို့ကို ဖော်ပြတော်မူပြီဖြစ်၍ ကိုယ်တော်၏ရှေ့တော်၌ ဝမ်းမြောက်ခြင်းနှင့် ပြည့်ဝစေလိမ့်မည်’ ဟု ဆို၏။ Common Language Bible အသက်ရှင်ရာလမ်းသို့ကျွန်တော်မျိုးအား ကိုယ်တော်ရှင်ပြညွှန်တော်မူပါ၏။ ကိုယ်တော်သည်ကျွန်တော်မျိုးနှင့်အတူ ရှိတော်မူခြင်းဖြင့် ကျွန်တော်မျိုးအားဝမ်းမြောက် စေတော်မူလိမ့်မည်' ဟုဆို၏။ Garrad Bible အ သက် လမ်း ကို အ ကျွန်ုပ် အား ကိုယ် တော် သိ ကျွမ်း စေ တော် မူ ပါ ပြီ။ ရှေ့ တော်၌ လည်း ဝမ်း မြောက် ခြင်း နှင့် ပြည့် စုံ စေ တော် မူ ပါ လိမ့် မည် ဟူ၍ တည်း။ Judson Bible မျက်နှာတော်ကို ဖူးမြင်ရသောအားဖြင့် ဝမ်းမြောက်သောစိတ်နှင့် အကျွန်ုပ်ကို ပြည့်စုံစေတော်မူလိမ့်မည်ဟု ဒါဝိဒ်ဆိုသတည်း။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် အကျွန်ုပ်အား အသက်ရှင်ခြင်းလမ်းကိုသိစေ၍ ရှေ့တော်၌ အကျွန်ုပ်ကို ဝမ်းမြောက်ခြင်းနှင့်ပြည့်ဝစေတော်မူလိမ့်မည်’ဟု ဆိုထား၏။ |
ယေရှုက “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် မည်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။
ကိုယ်တော်သည် အကျွန်ုပ်၏ဝိညာဉ်ကို မရဏနိုင်ငံ၌ စွန့်ပစ်ထားတော်မူမည်မဟုတ်။ ကိုယ်တော်၏သန့်ရှင်းသူကိုလည်း ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့စေတော်မူမည်မဟုတ်။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် သင်တို့အား ကျွန်ုပ်တို့ဘိုးဘေးဒါဝိဒ်မင်း၏အကြောင်းကို သေချာစွာပြောပါရစေ။ သူသည် သေလွန်၍ သင်္ဂြိုဟ်ခံရသဖြင့် သူ၏သင်္ချိုင်းဂူသည် ယနေ့တွင် ငါတို့နှင့်အတူ ရှိသေး၏။
ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို စတင်ဖြစ်တည်စေ၍ ပြီးပြည့်စုံစေသော ယေရှု၏အကြောင်းကို အစဉ်တွေးတောဆင်ခြင်ကြစို့။ ကိုယ်တော်သည် မိမိရှေ့၌ရှိသော ဝမ်းမြောက်စရာအကြောင်းကြောင့် အရှက်ကို မှတ်ယူတော်မမူဘဲ လက်ဝါးကပ်တိုင်၏ဝေဒနာကို သည်းခံတော်မူ၏။ ယခုတွင်မူ ဘုရားသခင်၏ ရာဇပလ္လင် လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။