၄ ရာ 9:18 - မြန်မာ့စံမီသမ္မာကျမ်း
ထို့ကြောင့် မြင်းစီးသူရဲတစ်ဦးသည် ယေဟုနှင့် သွားတွေ့ပြီး “ရှင်ဘုရင်က ‘ငြိမ်းချမ်းပါ၏လော’ဟူ၍ မေးတော်မူပါသည်”ဟု ဆိုလျှင် ယေဟုက “ငြိမ်းချမ်းခြင်းသည် သင်နှင့်မည်သို့ဆိုင်သနည်း။ ငါ့နောက်သို့ လိုက်ခဲ့လော့”ဟု ပြန်ပြော၏။ ကင်းစောင့်ကလည်း “တမန်သည် သူတို့ထံရောက်သွားပြီး ပြန်မလာတော့ပါ”ဟု သတင်းပို့လာ၏။
အခန်းကိုကြည့်ပါ။
မင်းကြီး၏စေတမန်သည်ယေဟုထံရောက် ၍``အရှင်သည်မိတ်ဆွေအနေဖြင့်လာပါ သလောဟုမင်းကြီးကစုံစမ်းခိုင်းပါ သည်'' ဟုမေး၏။ ယေဟုက``ဤကိစ္စသည်သင်နှင့်မသက်ဆိုင်။ ငါ့ နောက်မှလိုက်လော့'' ဟုဆို၏။ ထိုစေတမန်သည်ယေဟုထံသို့ရောက်ရှိသွား သော်လည်း ပြန်မလာဘဲနေသည်ကိုမျှော်စင် ပေါ်ရှိကင်းစောင့်ကအစီရင်ခံသောအခါ၊-
အခန်းကိုကြည့်ပါ။
မြင်း သည် တော် သွား ရောက် လျက် သ တင်း ကောင်း သ လော ဟူ သော အ မိန့် တော် ကို ပြန် ကြား သည့် ကာ လ ယေ ဟု က သင် သည် သ တင်း ကောင်း နှင့် မည် သို့ ဆိုင် သ နည်း။ ငါ့ နောက် သို့ လိုက် လော့ ဟု မိန့် ဆို၏။ စောင့် ကြည့် သူ က လည်း မြင်း သည် တော် ရောက်၍ မ ပြန် မ လာ ကြောင်း ပြော ပြီး နောက်
အခန်းကိုကြည့်ပါ။
မြင်းစီးသူရဲသည် ဆီးကြိုခြင်းငှာသွား၍၊ ငြိမ်သက်ခြင်းရှိသလောဟု ရှင်ဘုရင်မေးတော်မူကြောင်းကိုပြောဆိုသော်၊ ယေဟုက၊ သင်သည် ငြိမ်သက်ခြင်းနှင့် အဘယ်သို့ဆိုင်သနည်း။ ငါ့နောက်သို့လှည့်၍ လိုက်လော့ဟုဆို၏။ စောင့်သောသူကလည်း၊ မြင်းစီးသူရဲသည် အလုံးအရင်းသို့ရောက်၍ ပြန်မလာပါဟုဆိုသော်၊
အခန်းကိုကြည့်ပါ။