ထိုအခါ ရှင်ဘုရင်က “သူရှိမည့်နေရာကို သွား၍စုံစမ်းပါ။ သူ့ကို လူလွှတ်ပြီးဖမ်းမည်”ဟု မိန့်ဆို၏။ “ဒေါသန်မြို့၌ရှိသည်”ဟု ရှင်ဘုရင် သတင်းရလျှင်
မင်းကြီးက``ထိုသူအဘယ်မှာရှိသည်ကို စုံစမ်းကြလော့။ သူ့အားငါဖမ်းဆီးမည်'' ဟုမိန့်တော်မူ၏။ မင်းကြီးသည်ဒေါသန်မြို့တွင်ဧလိရှဲရှိနေ ကြောင်း ကြားသိတော်မူသောအခါ-
ငါ ဖမ်း ဆီး ရ မိ စေ ရန် ထို သူ့ နေ ရာ အ ရပ် ကို သွား၍ ချောင်း ကြည့် လော့ ဟု မိန့် ဆို ရာ ဒေါ သန် မြို့ တွင် ရှိ ပါ သည် ဟု တင် လျှောက် လေ ၏။
ရှင်ဘုရင်ကလည်း၊ သူသည် အဘယ်အရပ်၌ရှိသည်ကိုသွား၍ ချောင်းကြည့်လော့။ သူ့ကိုဖမ်းဆီးစေခြင်းငှာ ငါစေလွှတ်မည်ဟု မိန့်တော်မူပြီးမှ၊ ဒေါသန်မြို့၌ရှိပါသည်ဟု လျှောက်လေ၏။
ထိုလူက “သူတို့သည် ဤနေရာမှထွက်သွားကြပြီ။ ‘ဒေါသန်အရပ်သို့ ငါတို့သွားကြစို့’ဟု သူတို့ပြောဆိုနေကြသည်ကို ငါကြားသည်”ဟု ဆို၏။ ထို့ကြောင့် ယောသပ်သည် မိမိအစ်ကိုတို့နောက်သို့လိုက်သွားရာ ဒေါသန်အရပ်၌ သူတို့ကိုတွေ့လေ၏။
ထို့နောက် ရှင်ဘုရင်က တပ်သားငါးဆယ်အုပ်တပ်မှူးနှင့် သူ၏တပ်သားငါးဆယ်ကို ဧလိယထံသို့ စေလွှတ်၏။ တပ်မှူးက ဧလိယနေထိုင်ရာ တောင်ထိပ်သို့ တက်သွားပြီး “အို ဘုရားသခင်၏လူ၊ ‘ဆင်းလာပါ’ဟူ၍ ရှင်ဘုရင်မိန့်မှာလိုက်ပါ၏”ဟု ဆို၏။
ထိုအခါ အမှုထမ်းတစ်ဦးက “အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ မည်သူမျှမရှိပါ။ အစ္စရေးပြည်ရှိ ပရောဖက်ဧလိရှဲက အရှင့်အိပ်ခန်းတွင်းမှပြောသောစကားများကို အစ္စရေးဘုရင်အား ပြန်ပြောပြလေ့ရှိပါ၏”ဟု လျှောက်တင်၏။
ထိုမြို့သို့ မြင်းတပ်၊ ရထားတပ်နှင့် စစ်သူရဲအမြောက်အမြားကို စေလွှတ်၍ ညအချိန်တွင် မြို့ကို ဝိုင်းထားကြ၏။
ရှင်ဘုရင်သည် သားတော်ယေရမေလ၊ အာဇရေလ၏သားစရာယနှင့် အာဗဒေလ၏သားရှေလမိတို့အား စာရေးတော်ကြီးဗာရုတ်နှင့်ပရောဖက်ယေရမိတို့ကို ဖမ်းဆီးရန် အမိန့်ပေး၏။ သို့သော် ထာဝရဘုရားသည် သူတို့ကို ဝှက်ထားတော်မူ၏။