ကိုယ်တော်ကလည်း “သင်၏သား၊ သင်ချစ်သော သင်၏တစ်ဦးတည်းသောသား ဣဇက်ကိုခေါ်၍ မောရိပြည်သို့သွားလော့။ ထိုအရပ်၌ သင့်အားငါပြမည့်တောင်တစ်လုံးပေါ်တွင် သူ့ကိုမီးရှို့ရာယဇ်အဖြစ် ပူဇော်လော့”ဟု မိန့်တော်မူ၏။
၄ ရာ 4:20 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ငယ်သားက သူ့ကိုချီပြီး သူ့မိခင်ထံခေါ်သွားရာ သူငယ်သည် မိခင်၏ပေါင်ပေါ်တွင်ထိုင်လျက် မွန်းတည့်ချိန်ရောက်လျှင် သေဆုံးသွားလေ၏။ Common Language Bible အစေခံသည်လည်းသူငယ်ကိုချီ၍ သူ၏မိခင် ထံသို့ပို့၏။ မိခင်သည်သားငယ်ကိုမွန်းတည့်ချိန် တိုင်အောင် မိမိ၏ပေါင်ပေါ်တွင်တင်ထား၏။ ထို အချိန်၌သူငယ်သေဆုံးသွားလေသည်။- Garrad Bible မိ ခင့် ထံ ပို့ လိုက် သော သူ ငယ် သည် မွန်း တည့် တိုင် အောင် မိ ခင့် ရင် ခွင်၌ ရှိ လျက် သေ လေ ၏။ Judson Bible လုလင်သည် အမိထံသို့ယူသွား၍၊ သူငယ်သည် အမိရင်ခွင်၌ထိုင်၍ မွန်းတည့်အချိန်ရှိပြီးမှ သေ၏။ |
ကိုယ်တော်ကလည်း “သင်၏သား၊ သင်ချစ်သော သင်၏တစ်ဦးတည်းသောသား ဣဇက်ကိုခေါ်၍ မောရိပြည်သို့သွားလော့။ ထိုအရပ်၌ သင့်အားငါပြမည့်တောင်တစ်လုံးပေါ်တွင် သူ့ကိုမီးရှို့ရာယဇ်အဖြစ် ပူဇော်လော့”ဟု မိန့်တော်မူ၏။
အစ္စရေးသည် ယောသပ်ကို အသက်ကြီးမှရသောကြောင့် သားအားလုံးထက် သူ့ကိုပို၍ချစ်သဖြင့် ရောင်စုံသင်တိုင်းကို သူ့အတွက်ချုပ်ပေး၏။
ယောသပ်သည် အိပ်မက်မက်၍ သူ့အစ်ကိုတို့အားပြောပြသောအခါ သူတို့သည် သူ့ကိုပို၍ပင်မုန်းကြ၏။
ထို့နောက်တွင် အိမ်ရှင်မုဆိုးမ၏သားသည် နာမကျန်းဖြစ်၍ ဝေဒနာပြင်းထန်သဖြင့် သေဆုံးလေ၏။
ဖခင်အား “ခေါင်းကိုက်၏။ ခေါင်းကိုက်၏”ဟု ဆိုသဖြင့် သူ့ဖခင်က ငယ်သားအား “သူ့မိခင်ထံ ချီသွားပါ”ဟု ဆို၏။
ထိုအခါ သူငယ်၏မိခင်သည် အထက်ခန်းသို့တက်သွား၍သူငယ်ကို ဘုရားသခင့်လူ၏ခုတင်ပေါ်တွင် ချထားခဲ့ကာ တံခါးပိတ်ပြီး ပြန်ဆင်းသွား၏။
မိခင်သည် မိမိနို့စို့ကလေးကို မေ့လျော့နိုင်မည်လော။ မိမိဝမ်းနှင့်လွယ်သောသားသမီးကို မသနားဘဲနေမည်လော။ ထိုသို့မေ့လျော့နိုင်ခဲ့လျှင်ပင် ငါသည် သင့်ကိုမေ့လျော့မည်မဟုတ်။
မိခင်သည် ကလေးငယ်ကိုနှစ်သိမ့်သကဲ့သို့ ငါသည် သင်တို့ကိုနှစ်သိမ့်မည်။ သင်တို့သည် ဂျေရုဆလင်မြို့အတွက် နှစ်သိမ့်မှုကိုရရှိကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ဤသည်ကား များစွာသောသူတို့၏စိတ်နှလုံးတွေးတောကြံစည်မှုများသည် ထင်ရှားလာမည့်အကြောင်းတည်း။ သင်၏နှလုံးကိုလည်း သန်လျက်သည်ထိုးဖောက်လိမ့်မည်”ဟု ဆိုလေ၏။
မြို့တံခါးအနီးသို့ရောက်တော်မူသောအချိန်တွင် လူတို့သည် သေဆုံးသောသူတစ်ယောက်ကို မြို့ပြင်သို့ထုတ်ဆောင်လာကြ၏။ သူသည် မိခင်ဖြစ်သူမုဆိုးမ၏တစ်ဦးတည်းသောသားဖြစ်၏။ များစွာသောမြို့သူမြို့သားတို့သည်လည်း ထိုအမျိုးသမီးနှင့်အတူရှိကြ၏။
ထို့ကြောင့် ထိုညီအစ်မတို့သည် ကိုယ်တော်ထံသို့ လူကိုစေလွှတ်၍ “သခင်ဘုရား၊ ကိုယ်တော်ချစ်ခင်တော်မူသောသူသည် နာမကျန်းဖြစ်နေပါသည်”ဟု လျှောက်ထားကြ၏။