Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၃ ရာ 17:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ထို့နောက်တွင် အိမ်ရှင်​မုဆိုးမ​၏​သား​သည် နာမကျန်း​ဖြစ်​၍ ဝေဒနာ​ပြင်းထန်​သဖြင့် သေဆုံး​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ မု​ဆိုး​မ ၏​သား​သည်​ဖျား​နာ​၍ သူ​၏​ရော​ဂါ​အ​ခြေ အ​နေ​မှာ​ဆိုး​သည်​ထက်​ဆိုး​၍​လာ​ပြီး​လျှင် နောက်​ဆုံး​၌​သူ​ငယ်​သည်​သေ​ဆုံး​သွား​တော့ ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 ထို နောက် အိမ့် ရှင် မ၏ သား သည် ရော ဂါ ကပ် ၍ ပြင်း ပြ စွာ ဝေ ဒ နာ တိုး တက် သည့် အ တွက် နိ ဇီ ဝ သ ဘော သို့ ရောက် လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ထို​နောက်​မှ အိမ်​ရှင်​မ၏​သား​သည် ပြင်း​ပြ​စွာ​သော အ​နာ​ရော​ဂါ​စွဲ​သော​ကြောင့် အ​သက်​ချုပ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၃ ရာ 17:17
16 ပူးပေါင်းရင်းမြစ်များ  

ဧလိယ​အား ထာဝရဘုရား​မိန့်ဆို​ထား​သည့်​စကား​အတိုင်း အိုး​ထဲမှ​မုန့်ညက် မ​ကုန်​၊ ဘူး​ထဲမှ​ဆီ မ​လျော့​ဘဲ ရှိ​လေ​၏​။


ထိုအခါ သူ​က ဧလိယ​အား “​အို ဘုရားသခင်​၏​လူ​၊ သင်​နှင့်​အကျွန်ုပ် အဘယ်သို့​ဆိုင်​သနည်း​။ အကျွန်ုပ်​၏​အပြစ်​များ​ကို ပြန်သတိရ​စေရန်​နှင့် အကျွန်ုပ်​သား​ကို​သေ​စေရန် အကျွန်ုပ်​ထံ ရောက်လာ​ခဲ့​သလော​”​ဟု ဆို​လေ​၏​။


သက်ရှိသတ္တဝါ​တိုင်း​၏​အသက်​၊ လူသား​တိုင်း​၏​ထွက်သက်ဝင်သက်​သည် ထာဝရဘုရား​လက်​တော်​၌​ရှိ​၏​။


ကိုယ်တော်​သည် ဝိညာဉ်​နှင့် ဇီဝအသက်​ကို မိမိ​ထံ ပြန်​ရုပ်သိမ်း​မည်​ဟု စိတ်ပိုင်းဖြတ်​တော်မူ​လျှင်


မျက်နှာ​လွှဲ​တော်မူ​သောအခါ သူ​တို့​သည် ထိတ်လန့်​ကြ​ပါ​၏​။ သူ​တို့​၏​အသက်​ကို ရုပ်သိမ်း​တော်မူ​သောအခါ သူ​တို့​သည်​သေ​၍ မိမိ​တို့​ဖြစ်လာ​ရာ မြေမှုန့်​သို့​ပြန်သွား​ကြ​ပါ​၏​။


ကောင်းကင်ဘုံရှင်​ကို ဆန့်ကျင်​၍ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်​၏​။ ထို​အရှင်​၏​ဗိမာန်တော်​မှ​ခွက်ဖလား​များ​ကို သင့်​ရှေ့မှောက်​သို့​ယူလာ​စေ​ပြီး သင်​မှစ၍ မှူးမတ်​များ​၊ မိဖုရား​များ​၊ ကိုယ်လုပ်တော်​များ​သည် ထို​ခွက်​များ​ဖြင့် စပျစ်ဝိုင်​ကို​သောက်​ပြီး မျက်စိ​လည်း​မ​မြင်​၊ နား​လည်း​မ​ကြား​၊ ဘာမျှ​လည်း မ​သိ​နိုင်​သော ရွှေ​၊ ငွေ​၊ ကြေးနီ​၊ သံ​၊ သစ်သား​၊ ကျောက်​တို့​ဖြင့် လုပ်​ထား​သော​ဘုရား​များ​ကို ထောမနာ​ပြု​ကြ​၏​။ သင့်​အသက်​၊ သင့်​ဘဝလမ်း​တစ်ခုလုံး​ကို​ပိုင်​တော်မူ​သော​ဘုရားသခင်​ကို​မူ သင်​မ​ချီးမြှောက်​ခဲ့​။


ငါ​သည် ဒါဝိဒ်​အမျိုးအနွယ်​မှစ၍ ဂျေရုဆလင်​မြို့သူမြို့သား​တို့​အား သနားကြင်နာ​တတ်​သော​စိတ်သဘော​၊ ဆုတောင်း​ပတ္ထနာပြု​တတ်​သော​စိတ်သဘော​ကို သွန်းလောင်း​ပေး​မည်​။ သူ​တို့​သည် မိမိ​တို့​ထိုးဖောက်​ခဲ့​သော​ငါ့​ကို မြင်​ရ​သောအခါ တစ်ဦးတည်း​သော​သား​အတွက် မြည်တမ်း​သကဲ့သို့ မြည်တမ်း​ရ​လိမ့်မည်​၊ သားဦး​အတွက် ခါးသီး​စွာ​ခံစား​ရ​သကဲ့သို့ ခါးသီး​စွာ​ခံစား​ရ​လိမ့်မည်​။


ထို့ကြောင့် ယေရှု​သည် သူ​တို့​အား အတိအလင်း​ပြောဆို​၍“လာဇရု​သေ​ပြီ။


စုံစမ်း​နှောင့်ယှက်​ခြင်း​ကို​သည်းခံ​သော​သူ​သည် မင်္ဂလာရှိ​၏။ အကြောင်းမူကား စုံစမ်း​စစ်ဆေး​ခြင်း​ကို​အောင်မြင်​သောအခါ ကိုယ်တော်​ကို​ချစ်​သော​သူ​တို့​အား ကတိ​ထား​တော်မူ​သော အသက်​သရဖူ​ကို ရ​လိမ့်မည်။


အကြောင်းမူကား ဝိညာဉ်​ကင်း​သော​ကိုယ်ခန္ဓာ​သည် အသေ​ဖြစ်​သကဲ့သို့ လုပ်ဆောင်​မှု​ကင်း​သော​ယုံကြည်​ခြင်း​သည်​လည်း အသေ​ဖြစ်​၏။


ဤသည်ကား မီး​ဖြင့်​စစ်ဆေး​ခြင်း​ခံရ​ပြီ​ဖြစ်​သော်လည်း ပျက်စီး​တတ်​သည့်​ရွှေ​ထက် များစွာ​အဖိုးတန်​သော သင်​တို့​၏​ယုံကြည်​ခြင်း​ကို စစ်ကြော​စုံစမ်း​ခြင်း​သည် ယေရှု​ခရစ်တော်​ပေါ်ထွန်း​တော်မူ​သော​အချိန်​၌ ချီးမွမ်း​ခြင်း၊ ဘုန်း​အသရေ​နှင့် ဂုဏ်သရေ​အဖြစ်​သို့​ရောက်​မည့်​အကြောင်း​တည်း။


ချစ်​ရ​သော​သူ​တို့၊ သင်​တို့​ကို စမ်းသပ်​စစ်ဆေး​ရန် သင်​တို့​ထံ​ကျရောက်​လာ​သည့်​ဒုက္ခ​မီး​ကို သင်​တို့​၌ ထူးဆန်း​သော​အရာ​ဖြစ်ပျက်​လာ​သကဲ့သို့ အံ့ဩ​ခြင်း​မ​ရှိ​ဘဲ


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ