ရှင်ဘုရင်ကို ဆင့်ခေါ်ရာ ဟိလခိ၏သားနန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အာသပ်၏သားအတွင်းဝန်ယောအာတို့သည် သူတို့ထံသို့ လာကြ၏။
၄ ရာ 22:9 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် စာရေးတော်ကြီးရှာဖန်သည် ရှင်ဘုရင်ထံ ပြန်သွား၍ “အရှင့်အစေအပါးတို့သည် အိမ်တော်၌ တွေ့ရှိသမျှသောငွေတို့ကို စုသိမ်းပြီး ထာဝရဘုရား၏အိမ်တော်၌ ခန့်ထားသောအလုပ်ကြီးကြပ်သူတို့လက်သို့ ပေးအပ်ပါပြီ”ဟု အစီရင်ခံလျှောက်တင်လေ၏။ Common Language Bible ထိုနောက်သူသည်မင်းကြီးထံသို့ပြန်၍``အရှင် ၏အစေခံတို့သည်ဗိမာန်တော်မှငွေကိုယူ၍ ပြင်ဆင်မှုကြီးကြပ်သူတို့၏လက်သို့ပေး အပ်ပြီးကြပါပြီ'' ဟုလျှောက်ထားအစီရင် ခံလေသည်။- Garrad Bible သံ တော် ဆင့် ဖတ် ပြီး နောက် ဘု ရင် မင်း ထံ ပြန် ဝင်၍ ဗိ မာန် တော်၌ တွေ့ သော အ လှူ ငွေ ကို ထုတ် သ ဖြင့် ထေး ဖာ မှု တွင် ကြီး ကြပ် သူ ဗိ မာန် တော် မှူး တို့ လက် သို့ ကျွန် တော် မျိုး တို့ အပ် ခဲ့ ကြ ပါ ပြီ။ Judson Bible တစ်ဖန် စာရေးတော်ရှာဖန်သည် ရှင်ဘုရင်ထံသို့သွား၍၊ ကိုယ်တော်ကျွန်တို့သည် ဗိမာန်တော်၌ တွေ့သောငွေကို မှုတ်ပြီးမှ၊ ဗိမာန်တော်အုပ်၊ အမှုတော်စောင့်တို့၌ အပ်ပါပြီဟူ၍လည်းကောင်း၊ |
ရှင်ဘုရင်ကို ဆင့်ခေါ်ရာ ဟိလခိ၏သားနန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အာသပ်၏သားအတွင်းဝန်ယောအာတို့သည် သူတို့ထံသို့ လာကြ၏။
ထို့ပြင် စာရေးတော်ကြီးရှာဖန်က ရှင်ဘုရင်အား “ယဇ်ပုရောဟိတ်မင်းဟိလခိက အကျွန်ုပ်အား ဤကျမ်းစာလိပ်ကို ပေးအပ်ပါပြီ”ဟု လျှောက်တင်ပြီး ရှာဖန်သည် ဘုရင့်ရှေ့မှောက်တွင် ထိုကျမ်းစာကို ဖတ်ပြ၏။
ထို့နောက် ရှင်ဘုရင်က ယဇ်ပုရောဟိတ်ဟိလခိ၊ ရှာဖန်၏သားအဟိကံ၊ မိက္ခာယ၏သားအာခဗော်၊ စာရေးတော်ကြီးရှာဖန်၊ ဘုရင့်အမှုထမ်းအသာယတို့အား
ယောရှိမင်းကြီး နန်းစံတစ်ဆယ့်ရှစ်နှစ်တွင် မင်းကြီးသည် မေရှုလံ၏မြေး၊ အာဇလိ၏သား စာရေးတော်ကြီးရှာဖန်ကို ထာဝရဘုရား၏အိမ်တော်သို့ စေလွှတ်၍
ယဇ်ပုရောဟိတ်မင်းဟိလခိသည် စာရေးတော်ကြီးရှာဖန်အား “ထာဝရဘုရား၏အိမ်တော်တွင် ဤပညတ်တရားကျမ်းကို ရှာတွေ့ပြီ”ဟုဆိုလျက် ဟိလခိသည် ထိုကျမ်းစာလိပ်ကိုရှာဖန်အား ပေးအပ်သဖြင့် ရှာဖန်လည်း ဖတ်ကြည့်လေ၏။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးချန်ထားခဲ့သည့် ယုဒပြည်၌ကျန်ခဲ့သော လူတို့ကို အုပ်ချုပ်ရန် ရှာဖန်၏မြေး၊ အဟိကံ၏သားဂေဒလိကို ခန့်ထား၏။
သို့ရာတွင် ရှာဖန်၏သား အဟိကံသည် ယေရမိကိုကာကွယ်ပေးသဖြင့် သူ့ကိုသတ်မည့်သူတို့လက်မှ သူလွတ်မြောက်လေ၏။
ယုဒဘုရင်ဇေဒကိမင်းကြီးသည် ဘေဘီလုံမြို့ရှိ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးထံသို့ ရှာဖန်သားဧလာသနှင့် ဟိလခိသားဂေမရိတို့ကိုစေလွှတ်၍ ဤစာကို ပေးပို့လိုက်ခြင်းဖြစ်၏။ စာထဲတွင်
သူတို့သည် ယေရမိကို ထောင်ဝင်းထဲမှ ထုတ်ယူပြီးလျှင် ရှာဖန်၏မြေး၊ အဟိကံ၏သား ဂေဒလိထံသို့ သူ့ကိုအပ်၍ အိမ်သို့ပြန်ပို့စေ၏။ ဤသို့ဖြင့် ယေရမိသည် မိမိလူမျိုးတို့နှင့်အတူ နေထိုင်ရလေ၏။
ဘေဘီလုံဘုရင်သည် လူအချို့ကို ယုဒပြည်၌ ချန်ထားခဲ့၍ ထိုသူတို့ကိုအုပ်ချုပ်ရန် ရှာဖန်၏မြေး၊ အဟိကံ၏သား ဂေဒလိအား ခန့်ထားကြောင်းကို မောဘပြည်၊ အမ္မုန်အမျိုးသားတို့ပြည်၊ ဧဒုံပြည်မှစ၍ အပြည်ပြည်အရပ်ရပ်ရှိ ဂျူးလူမျိုးအပေါင်းတို့ ကြားသိသောအခါ
နေသနိ၏သားဣရှမေလနှင့် သူနှင့်အတူပါလာသောလူဆယ်ယောက်တို့သည် ပြည်ကိုအုပ်ချုပ်ရန် ဘေဘီလုံဘုရင်ခန့်ထားခဲ့သော ရှာဖန်၏မြေး၊ အဟိကံ၏သားဂေဒလိကို ထ၍ဓားဖြင့်ခုတ်သတ်လေ၏။
ထိုအရာတို့၏ရှေ့တွင် အစ္စရေးအမျိုးအနွယ် သက်ကြီးဝါကြီးအယောက်ခုနစ်ဆယ်တို့သည်ရပ်၍ သူတို့အလယ်တွင် ရှာဖန်၏သားယာဇညာ ရပ်လျက်ရှိ၏။ သူတို့လက်ထဲတွင် လင်ပန်းကိုယ်စီကိုင်ထားပြီး လင်ပန်းထဲမှ နံ့သာပေါင်းမီးခိုးလည်း တလူလူတက်နေသည်ကို တွေ့ရ၏။