စားသောက်ပွဲတည်ခင်းပုံ၊ မင်းမှုထမ်းတို့၏နေရာထိုင်ခင်း၊ အမှုထမ်းတို့တာဝန်ထမ်းဆောင်ပုံနှင့် ဝတ်စားဆင်ယင်ပုံ၊ ဖလားတော်ဝန်များ၊ ထာဝရဘုရား၏အိမ်တော်တွင် ပူဇော်သောမီးရှို့ရာယဇ်များ စသည်တို့ကို မြင်သောအခါ ရင်သပ်ရှုမောမဆုံး ဖြစ်ရလေ၏။
၄ ရာ 11:5 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သူတို့အား “သင်တို့ ဤသို့ပြုရမည်။ ဥပုသ်နေ့တွင် တာဝန်ကျသောသူတို့ကို သုံးစုခွဲပြီး တစ်စုသည် ဘုရင့်နန်းတော်ကို စောင့်ကြပ်ရမည်။ Common Language Bible ``ဥပုသ်နေ့၌တာဝန်ထမ်းဆောင်ရန်လာသော အခါ သင်တို့အနက်သုံးပုံတစ်ပုံသည်နန်း တော်ကိုစောင့်ရကြမည်။- Garrad Bible သင် တို့ ဆောင် ရွက် ကြ ရ သည် မှာ ဥ ပုသ် နေ့ တွင် ဝင် စောင့် ရ သော သင် တို့ အ နက် နန်း တော် ကို တစ် စု၊ Judson Bible ယောယဒကလည်း၊ သင်တို့ပြုရသောအမှုဟူမူကား၊ ဥပုသ်နေ့၌ဝင်သောလူ သုံးစုတစ်စုသည် နန်းတော်တံခါးကို စောင့်ရမည်။ |
စားသောက်ပွဲတည်ခင်းပုံ၊ မင်းမှုထမ်းတို့၏နေရာထိုင်ခင်း၊ အမှုထမ်းတို့တာဝန်ထမ်းဆောင်ပုံနှင့် ဝတ်စားဆင်ယင်ပုံ၊ ဖလားတော်ဝန်များ၊ ထာဝရဘုရား၏အိမ်တော်တွင် ပူဇော်သောမီးရှို့ရာယဇ်များ စသည်တို့ကို မြင်သောအခါ ရင်သပ်ရှုမောမဆုံး ဖြစ်ရလေ၏။
ရာတပ်မှူးများ၊ ကိုယ်ရံတော်များ၊ အစောင့်တပ်သားများနှင့် ပြည်သူပြည်သားအပေါင်းတို့ကို ဆင့်ခေါ်၍ ရှင်ဘုရင်ကို ထာဝရဘုရား၏အိမ်တော်မှခေါ်ထုတ်လာကာ ကင်းစောင့်တံခါးရှိရာလမ်းအတိုင်း ဘုရင့်နန်းတော်သို့ ကြွချီစေသဖြင့် ရှင်ဘုရင်သည် ရာဇပလ္လင်ပေါ်တွင် စံမြန်းလေ၏။
နောက်တစ်စုသည် သုရတံခါးကို စောင့်ကြပ်ရမည်။ နောက်တစ်စုသည် ဘုရင့်ကိုယ်ရံတော်တို့၏အနောက်ဘက်ရှိတံခါးကို စောင့်ကြပ်ရမည်။ ဤနည်းဖြင့် အိမ်တော်ကို စောင့်ကြပ်ကြရမည်။
ထာဝရဘုရား၏အိမ်တော်၌ ဆောက်လုပ်ထားသော ဥပုသ်ဇရပ်နှင့် ထာဝရဘုရား၏အိမ်တော်သို့ ရှင်ဘုရင်ဝင်ရာ အပြင်လမ်းတို့ကိုလည်း အဆီးရီးယားဘုရင်ကြောင့် ပိတ်ပစ်လိုက်၏။
ထိုသို့ သူတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်၌ဆောင်ရွက်ရမည့်အမှုများ၊ သန့်ရှင်းရာဌာန၌ဆောင်ရွက်ရမည့်အမှုများ၊ အာရုန်၏သားမြေးနှင့် သူတို့၏ဆွေမျိုးသားချင်းတို့အတွက်ဆောင်ရွက်ရမည့်အမှုများ စသည်ဖြင့် ထာဝရဘုရား၏အိမ်တော်အမှုကို လိုက်နာဆောင်ရွက်ကြရ၏။
ကျေးရွာများမှ သူတို့၏ညီအစ်ကိုများကလည်း လာ၍ သူတို့နှင့်အတူ ခုနစ်ရက်တစ်ကြိမ် စောင့်ကြပ်ပေးလေ့ရှိ၏။
ထိုအကြောင်းတို့ကို ယုဒလူမျိုးမှူးမတ်တို့ကြားကြသောအခါ ရှင်ဘုရင်၏နန်းတော်မှ ထာဝရဘုရား၏အိမ်တော်သို့တက်လာကြပြီး ထာဝရဘုရား၏အိမ်တော်တံခါးသစ်အဝင်ဝ၌ ထိုင်ကြ၏။