အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၃ ရာ 8:54 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထိုသို့ ရှောလမုန်​မင်းကြီး​သည် ဤ​ဆုတောင်း​အသနားခံချက်​အလုံးစုံ​တို့​ကို ထာဝရဘုရား​ထံ​တောင်းလျှောက်​ပြီး​သောအခါ ထာဝရဘုရား​၏​ယဇ်ပလ္လင်​ရှေ့​တွင် ဒူးထောက်​ပြီး ကောင်းကင်​သို့ လက်​ကို​ဆန့်​ရာ​မှ ထ​၍

အခန်းကိုကြည့်ပါ။

Common Language Bible

ရှော​လ​မုန်​သည်​ယဇ်​ပလ္လင်​တော်​ရှေ့​တွင် လက်​ကို မြှောက်​ချီ​ကာ​ဒူး​ထောက်​လျက် ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပြီး​သော​အ​ခါ နေ​ရာ​မှ​ထ​၍​ရပ်​တော်​မူ​ပြီး​လျှင်၊-

အခန်းကိုကြည့်ပါ။

Garrad Bible

ရှော လ မုန် မင်း သည် ထာ ဝ ရ ဘု ရား ထံ အ သ နား တော် ခံ တောင်း လျှောက် မှု ကို အ ဆုံး သတ်၍ ထာ ဝ ရ ဘုရား ၏ ပူ ဇော် ရာ ပလ္လင် တော် ရှေ့၊ ကောင်း ကင် ထက် သို့ လက် အုပ် ချီ လျက်၊ ဒူး ထောက် လျက် ပြု ရာ မှ ထ ပြီး လျှင်

အခန်းကိုကြည့်ပါ။

Judson Bible

ထို​သို့​ရှော​လ​မုန်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆု​တောင်း​ပ​တ္ထ​နာ​ပြု၍​ပြီး​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ရှေ့​မှာ ဒူး​ထောက်​လျက်၊ လက်​ဝါး​တို့​ကို ကောင်း​ကင်​သို့​ဖြန့်​လျက် နေ​ရာ​မှ​ထ၍၊

အခန်းကိုကြည့်ပါ။



၃ ရာ 8:54
9 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​ယဇ်ပလ္လင်​တော်​ရှေ့​၊ အစ္စရေး​လူထု​အပေါင်း​တို့​ရှေ့​တွင်​ရပ်​လျက် ကောင်းကင်​သို့​လက်​ကို​ဖြန့်​ပြီးလျှင်


ထိုသို့ ရှောလမုန်​မင်းကြီး​ဆုတောင်း​ပြီး​သောအခါ ကောင်းကင်​မှ​မီး​ကျလာ​၍ မီးရှို့ရာယဇ်​နှင့်​ပူဇော်သက္ကာ​တို့​ကို လောင်ကျွမ်း​လေ​၏​။ ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​သည်​လည်း အိမ်​တော်​ကို ဖုံးလွှမ်း​လေ​၏​။


လာ​ကြ​၊ ရှိခိုးကိုးကွယ်​ကြ​စို့​။ ညွတ်တွား​ကြ​ကုန်စို့​။ ငါ​တို့​ကို​ဖန်ဆင်း​တော်မူ​သော ထာဝရဘုရား​၏ ရှေ့​တော်​၌ ဒူးထောက်​ကြ​ကုန်စို့​။


တစ်ခါက ကိုယ်တော်​သည် တစ်​နေရာ​၌ ဆုတောင်း​လျက်​နေ​တော်မူ​၏။ ဆုတောင်း​ပြီး​သောအခါ တပည့်​တော်​တစ်​ပါး​က “သခင်​ဘုရား၊ ယောဟန်​သည် သူ​၏​တပည့်​များ​ကို​သင်ပေး​သကဲ့သို့ အကျွန်ုပ်​တို့​ကို​လည်း ဆုတောင်း​ရန်​သင်ပေး​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။


ထို့နောက် ကိုယ်တော်​သည် သူ​တို့​ထံမှ​ခဲတစ်ပစ်စာ​ခန့်​ခွာသွား​၍ ဒူး​ထောက်​လျက်


ကိုယ်တော်​သည် ဆုတောင်း​ရာ​မှ​ထ​၍ တပည့်​တော်​တို့​ထံသို့ ပြန်လာ​သောအခါ သူ​တို့​သည် ဝမ်းနည်း​နွမ်းလျ​သဖြင့် အိပ်ပျော်​နေ​ကြ​သည်​ကို တွေ့​လျှင်


ပေါလု​သည် ဤသို့​ဆို​ပြီးနောက် ဒူး​ထောက်​လျက် ထို​သူ​အပေါင်း​တို့​နှင့်အတူ ဆုတောင်း​လေ​၏။


သို့သော် ထို​နေ့ရက်​များ​စေ့​သောအခါ ငါ​တို့​သည် ခရီး​ဆက်​ရန် ထွက်ခွာ​ကြ​၏။ သူ​တို့​အားလုံး​သည် ဇနီး​၊ သားသမီး​များ​နှင့်အတူ မြို့​ပြင်​အထိ ငါ​တို့​ကို​လိုက်ပို့​ကြ​၏။ ငါ​တို့​သည် ပင်လယ်​ကမ်းခြေ​တွင် ဒူး​ထောက်​လျက်​ဆုတောင်း​ပြီးနောက်