တိုင်ထိပ်ရှိတိုင်အုပ်ပေါ်တွင် ရာဇမတ်ကွက်များဖော်ထားပြီး ကျစ်ဆံမြီးပုံကြိုးများကို ပန်းဆိုင်းသဖွယ် ချထား၏။ ကြိုးများသည် ပထမတိုင်တွင်ခုနစ်ခု၊ ဒုတိယတိုင်တွင်ခုနစ်ခုပါရှိ၏။
၃ ရာ 7:18 - မြန်မာ့စံမီသမ္မာကျမ်း တိုင်နှင့်တကွ သလဲသီးပုံအလုံးများကို သွန်းလုပ်ပြီး တိုင်ထိပ်အုပ်နှစ်ခုစလုံးရှိ ရာဇမတ်ကွက်တွင် သလဲသီးအတန်းနှစ်တန်းရစ်ပတ်ထားခြင်းဖြင့် အလှဆင်ထား၏။ Common Language Bible ကြေးဝါသလဲသီးကုံးနှစ်ကုံးဖြင့်လည်း ကောင်းမွမ်းမံထား၏။ Garrad Bible အ ပေါ် ရှိ တိုင် အုပ် ကို ပတ် ရစ် ရန် တိုင် အုပ် တစ် ခု လျှင် သ လဲ သီး ပုံ နှစ် ကုံး စီ ကို လည်း ကောင်း၊ လုပ် ရ ၏။ Judson Bible ကြေးဝါသလဲသီးတို့ကိုလည်း လုပ်၍၊ တိုင်ထိပ်ကွန်ရွက်အပေါ်မှာ ထိပ်တစ်ခုလျှင် သလဲသီးနှစ်တန်းစီဖြင့် တန်ဆာဆင်လေ၏။ |
တိုင်ထိပ်ရှိတိုင်အုပ်ပေါ်တွင် ရာဇမတ်ကွက်များဖော်ထားပြီး ကျစ်ဆံမြီးပုံကြိုးများကို ပန်းဆိုင်းသဖွယ် ချထား၏။ ကြိုးများသည် ပထမတိုင်တွင်ခုနစ်ခု၊ ဒုတိယတိုင်တွင်ခုနစ်ခုပါရှိ၏။
တိုင်ထိပ်ရှိ တိုင်ထိပ်အုပ်ပေါ်၌ အမြင့်လေးတောင်ရှိသောနှင်းပန်းပုံပါရှိ၏။ ထိုတိုင်တို့သည် ဆင်ဝင်တစ်ဖက်တစ်ချက်တွင်ရှိ၏။
တိုင်နှစ်တိုင်နှင့် ထိုတိုင်နှစ်တိုင်ထိပ်ရှိဖလားပုံတိုင်အုပ်များ၊ တိုင်ထိပ်ရှိဖလားပုံတိုင်အုပ်နှစ်ခုကို အလှဆင်ထားသောရာဇမတ်ကွက်နှစ်ခု၊
တိုင်တစ်တိုင်စီ၏အမြင့်မှာ တစ်ဆယ့်ရှစ်တောင်ရှိပြီး တိုင်ထိပ်တွင် ကြေးနီတိုင်အုပ် ပါရှိ၏။ ထိုတိုင်အုပ်သည်လည်း အမြင့်သုံးတောင်ရှိပြီး တိုင်အုပ်ပတ်ပတ်လည်တွင်လည်း ကြေးနီအတိပြီးသောရာဇမတ်ကွက်နှင့်သလဲသီးပုံများလည်း ပါရှိ၏။ ထိုနည်းတူ ဒုတိယတိုင်တွင်လည်း ရာဇမတ်ကွက်များ ပါရှိ၏။
ကြိုးကျစ်သကဲ့သို့ ကျစ်ထားသောရွှေစင်ကြိုးနှစ်ချောင်းကို လုပ်၍ ထိုရွှေစင်ကြိုးတို့ကို ကျောက်မျက်အိုးဖြင့် ဆက်ထားရမည်။