အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၃ ရာ 5:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထာဝရဘုရား​သည် ကတိထား​တော်မူ​သည့်​အတိုင်း ရှောလမုန်​မင်းကြီး​အား ဉာဏ်ပညာ​ကို​ပေး​တော်မူ​၏​။ ဟိရံ​မင်းကြီး​နှင့်​ရှောလမုန်​မင်းကြီး​တို့​နှစ်​ဦး​သည် အချင်းချင်း​သင့်မြတ်​ကြ​ပြီး မဟာမိတ်​လည်း​ဖွဲ့​ကြ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထာ​ဝရ​ဘု​ရား​သည်​က​တိ​တော်​ရှိ​သည့်​အ​တိုင်း ရှော​လ​မုန်​အား​ဉာဏ်​ပ​ညာ​ကို​ပေး​တော်​မူ​၏။ ဟိ​ရံ​နှင့်​ရှော​လ​မုန်​တို့​သည်​ငြိမ်း​ချမ်း​စွာ နေ​ထိုင်​လျက် မ​ဟာ​မိတ်​စာ​ချုပ်​ချုပ်​ဆို​ကြ လေ​သည်။

အခန်းကိုကြည့်ပါ။

Garrad Bible

ထာ ဝ ရ ဘု ရား သည် ဗျာ ဒိတ် တော် အ တိုင်း ရှော လ မုန် မင်း အား ပ ညာ ကို ပေး တော် မူ ၏။ ဟိ ရံ မင်း နှင့် ရှော လ မုန် မင်း နှစ် ပါး တို့ လည်း မ ဟာ မိတ် ဖွဲ့ ၍ သင့် မြတ် ကြ သ တည်း။

အခန်းကိုကြည့်ပါ။

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ ရှော​လ​မုန်​အား​ပ​ညာ​ကို​ပေး​တော်​မူ၏။ ဟိ​ရံ​မင်း​နှင့် ရှော​လ​မုန်​မင်း​နှစ်​ပါး​တို့​သည် စစ်​တိုက်​ခြင်း​မ​ရှိ။ မိတ်​သ​ဟာ​ယ​ဖွဲ့​ကြ၏။

အခန်းကိုကြည့်ပါ။



၃ ရာ 5:12
12 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် ဗေရရှေဘ​အရပ်​၌ ပဋိညာဉ်​ဖွဲ့​ကြ​ပြီးနောက် အဘိမလက်​မင်းကြီး​နှင့် သူ​၏​စစ်သူကြီး​ဖိကောလ​သည် ထ​၍ ဖိလိတ္တိ​ပြည်​သို့ ပြန်သွား​ကြ​၏​။


“​သင့်​ခမည်းတော်​နှင့်​အကျွန်ုပ်​၏​ခမည်းတော် ကတိသစ္စာ​ပြု​ခဲ့​သကဲ့သို့ သင်​နှင့်​အကျွန်ုပ်​လည်း ကတိသစ္စာ​ပြု​ခဲ့​ပါ​၏​။ ယခု သင့်​အား ရွှေ​ငွေ​များ​ကို လက်ဆောင်​အဖြစ်​ပေးလိုက်​ပါ​၏​။ အစ္စရေး​ဘုရင်​ဗာရှာ​မင်းကြီး​သည် အကျွန်ုပ်​ထံမှ တပ်ရုပ်​သွား​ရန် သူ​နှင့်​ပြု​သော​ကတိသစ္စာ​ကို သွား​၍​ဖျက်​ပါ​လော့​”​ဟု မှာလိုက်​လေ​၏​။


သင်​တောင်း​သည့်​အတိုင်း ငါ​ပေး​မည်​။ သင့်​အား ဉာဏ်ပညာ​နှင့် ဝေဖန်ပိုင်းခြား​နိုင်​သော​နှလုံးသား​ကို ပေး​မည်​။ သင်​နှင့်​တူ​သော​သူ ယခင်​က​မ​ရှိ​ခဲ့​စဖူး​၊ နောင်​လည်း ရှိ​လိမ့်မည်​မ​ဟုတ်​။


ဘုရားသခင်​သည် ရှောလမုန်​မင်းကြီး​အား ဉာဏ်ပညာ​နှင့် အတိုင်းမသိ​ထိုးထွင်းသိမြင်​နိုင်စွမ်း​ကို ပေး​တော်မူ​၏​။ သမုဒ္ဒရာ​ကမ်းစပ်​ရှိ​သဲလုံး​များ​ကဲ့သို့ များပြား​သော​အသိတရား​တို့​ကို​လည်း ပေးသနား​တော်မူ​၏​။


ရှောလမုန်​မင်းကြီး​သည် အစ္စရေး​လူမျိုး​အပေါင်း​တို့​ထဲမှ အလုပ်ကြမ်းသမား အယောက်​သုံးသောင်း​ကို ခန့်ထား​ပြီး


သင့်​အား ဉာဏ်ပညာ​နှင့် အသိတရား​များ​ကို​သာမက သင့်​ရှေ့​၌​ရှိ​ခဲ့​သော​ဘုရင်​၊ သင့်​နောက်တွင်​ရှိ​မည့်​ဘုရင်​တို့​၌ မ​ရ​နိုင်​သော ဓနဥစ္စာ​၊ ကြွယ်ဝချမ်းသာ​ခြင်း​နှင့် ဂုဏ်သရေ​ရှိ​ခြင်း​တို့​ကို​ပါ ငါ​ပေး​မည်​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​သည် အိမ်​ကို ဆောက်​တော်​မ​မူ​လျှင် အိမ်ဆောက်​သော​သူ​တို့​သည် အချည်းနှီး​ကြိုးပမ်းအားထုတ်​ကြ​၏​။ ထာဝရဘုရား​သည် မြို့​ကို​စောင့်​တော်​မ​မူ​လျှင် စောင့်​သော​သူ​သည် အချည်းနှီး​စောင့်ကြပ်​၏​။


ဒါဝိဒ်​၏​သား​တော်​၊ အစ္စရေး​ဘုရင်​၊ ရှောလမုန်​၏​သုတ္တံ​စကား​များ​။


ထိုမျှမက ဒေသနာဆရာ​သည် ပညာရှိ​ဖြစ်​သည့်​အလျောက် လူ​တို့​အား အသိပညာ​ကို​လည်း သင်ကြား​ပေး​၏​။ သူ​သည် ချင့်ချိန်​တွေးဆ​၍ ရှာဖွေ​စူးစမ်း​ပြီး များစွာ​သော​သုတ္တံ​စကား​တို့​ကို စီကုံးရေးသား​ခဲ့​၏​။


သီချင်း​တကာ​တို့​တွင် အသာယာဆုံး​ဖြစ်​သည့် ရှောလမုန်​မင်းကြီး​၏​သီချင်း​။


တစ်ဖန် ထာဝရဘုရား​က “​တိုင်ရာ​မြို့​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် ညီအစ်ကိုချင်း​ဖွဲ့​သော​ပဋိညာဉ်​ကို မ​အောက်မေ့​ဘဲ ပြည်သူ​တစ်ရပ်လုံး​ကို ဧဒုံ​ပြည်​သို့ အပ်​လိုက်​လေ​ပြီ​။


သင်​တို့​ထဲတွင် ဉာဏ်ပညာ​လိုအပ်​သော​သူ​ရှိ​လျှင် ကဲ့ရဲ့​ပြစ်တင်​ခြင်း​ကို​ပြု​တော်​မ​မူ​ဘဲ ခပ်သိမ်း​သော​သူ​တို့​အား ရက်ရော​စွာ​ပေး​တော်မူ​သော​ဘုရားသခင်​ထံ တောင်းလျှောက်​စေ။ တောင်း​လျှင်​ရ​လိမ့်မည်။