၃ ရာ 12:18 - မြန်မာ့စံမီသမ္မာကျမ်း တစ်နေ့တွင် ရောဗောင်မင်းကြီးသည် ချွေးတပ်အုပ်အဒေါရံကိုစေလွှတ်ရာ အစ္စရေးလူမျိုးအပေါင်းတို့သည် သူ့ကို ကျောက်ခဲနှင့်ပေါက်သဖြင့် သူသေလေ၏။ ထိုအခါ ရောဗောင်မင်းကြီးသည် မြင်းရထားပေါ်သို့ အလျင်အမြန်တက်သွားပြီး ဂျေရုဆလင်မြို့သို့ ထွက်ပြေးလေ၏။ Common Language Bible ထိုအခါရောဗောင်မင်းသည် ချွေးတပ်တာဝန်ခံ အဒေါနိရံအား ဣသရေလအမျိုးသားတို့ထံ သို့စေလွှတ်တော်မူ၏။ သို့ရာတွင်ဣသရေလ အမျိုးသားတို့က ထိုသူ့အားခဲနှင့်ပစ်သတ်ကြ သဖြင့် ရောဗောင်သည်မိမိရထားပေါ်သို့အဆော တလျင်တက်၍ယေရုရှလင်မြို့သို့ထွက်ပြေး လေ၏။- Garrad Bible လ မိုင်း ဝန် အ ဒေါ ရံ ကို စေ လွှတ် ရာ ဣ သ ရေ လ တစ်မျိုး လုံး ခဲ နှင့် ပစ် သတ် ကြ သည့် အ တွက် ရော ဗောင် မင်း သည် ရ ထား ပေါ် သို့ အ မြန် တက်၍ ယေ ရု ရှ လင် မြို့ ရောက် ပြန် ပြေး ရ လေ၏။ ထို သို့ ပင် ဣ သ ရေ လ အ မျိုး သည် Judson Bible ထိုအခါ ရောဗောင်မင်းကြီးသည် အခွန်တော်ဝန်အဒေါနိရံကို စေလွှတ်၍ ဣသရေလ လူအပေါင်းတို့သည် သူ့ကိုသေအောင် ကျောက်ခဲနှင့်ပစ်ကြ၏။ |
တစ်လလျှင် လူတစ်သောင်းစီကို လက်ဘနွန်တောသို့ စေလွှတ်၏။ သူတို့သည် လက်ဘနွန်တောတွင်တစ်လ၊ ကိုယ့်အိမ်တွင်နှစ်လ နေကြရ၏။ အဒေါနိရံသည် ထိုအလုပ်ကြမ်းသမားတို့ကို ကြီးကြပ်ရ၏။
တစ်နေ့တွင် ရောဗောင်မင်းကြီးသည် ချွေးတပ်အုပ်ဟဒေါရံကိုစေလွှတ်ရာ အစ္စရေးအမျိုးသားတို့သည် သူ့ကို ကျောက်ခဲနှင့်ပေါက်သဖြင့် သူသေလေ၏။ ထိုအခါ ရောဗောင်မင်းကြီးသည် မြင်းရထားပေါ်သို့ အလျင်အမြန်တက်စီးပြီး ဂျေရုဆလင်မြို့သို့ ထွက်ပြေးလေ၏။
ထိုအခါ သူတို့သည် ဇာခရိကိုသတ်ရန် လျှို့ဝှက်ကြံစည်ကြ၏။ ရှင်ဘုရင်၏အမိန့်တော်ဖြင့် ထာဝရဘုရား၏အိမ်တော်ဝင်းအတွင်းတွင်ပင် သူ့ကို ကျောက်ခဲနှင့်ပေါက်သတ်ကြ၏။
ထိုအခါ မောရှေက ထာဝရဘုရားအား “ဤလူတို့ကို အကျွန်ုပ်မည်သို့ပြုရပါမည်နည်း။ သူတို့သည် အကျွန်ုပ်ကို ခဲနှင့်ပေါက်လုနီးပါပြီ”ဟု ဆိုလျက် အော်ဟစ်တောင်းလျှောက်လေ၏။
အရဲရင့်ဆုံးစစ်သူရဲတို့ပင် ထိုနေ့၌ အဝတ်မပါဘဲ ထွက်ပြေးရလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သို့သော် လူထုအပေါင်းတို့သည် သူတို့ကို ခဲနှင့်ပေါက်သတ်ရန် ပြောဆိုကြ၏။ ထိုအခါ ထာဝရဘုရား၏ဘုန်းအသရေတော်သည် တွေ့ဆုံစည်းဝေးရာတဲတော်၌ အစ္စရေးအမျိုးသားအပေါင်းတို့ရှေ့တွင် ထင်ရှားလေ၏။
ထိုအခါ ဗိမာန်တော်အစောင့်တပ်မှူးသည် အစောင့်တပ်သားများနှင့်အတူသွား၍ တမန်တော်တို့ကိုခေါ်ဆောင်လာကြ၏။ သို့သော် လူတို့သည် မိမိတို့ကို ခဲနှင့်ပေါက်သတ်ကြမည်ကိုစိုးရိမ်သဖြင့် အနိုင်အထက်မပြုဘဲ