ဗာသရှေဘသည် ရှင်ဘုရင်ရှေ့၌ ဦးညွှတ်ပျပ်ဝပ်လျှင် ရှင်ဘုရင်က “အဘယ်အကြောင်းရှိသနည်း”ဟု မေး၏။
၃ ရာ 1:23 - မြန်မာ့စံမီသမ္မာကျမ်း “ပရောဖက်နာသန် လာသည်”ဟု ရှင်ဘုရင်အား ကြားလျှောက်ကြပြီးလျှင် နာသန်သည် ဘုရင့်ထံပါး အခစားဝင်၍ ဦးညွှတ်ပျပ်ဝပ်၏။ Common Language Bible ပရောဖက်ရောက်ရှိကြောင်းမင်းကြီးအားသံ တော်ဦးတင်ကြ၏။ နာသန်သည်လည်းအခန်း ထဲသို့ဝင်လာပြီးလျှင်ရှေ့တော်၌ဦးညွှတ် ပျပ်ဝပ်လျက်၊- Judson Bible နာသန်သည်လည်း ရှေ့တော်သို့ ရောက်သောအခါ ဦးချပျပ်ဝပ်လျက်၊ |
ဗာသရှေဘသည် ရှင်ဘုရင်ရှေ့၌ ဦးညွှတ်ပျပ်ဝပ်လျှင် ရှင်ဘုရင်က “အဘယ်အကြောင်းရှိသနည်း”ဟု မေး၏။
ထို့နောက် နာသန်က “အကျွန်ုပ်၏သခင်အရှင်မင်းကြီး၊ အရှင်မင်းကြီးက ‘အဒေါနိယအား ငါ၏နန်းမွေကိုဆက်ခံပြီး ရာဇပလ္လင်ပေါ်တွင် စံမြန်းစေမည်’ဟု မိန့်ဆိုပြီလော။
သို့ဖြစ်၍ လူအသီးသီးတို့အား ပေးသင့်သည်ကို ပေးဆောင်ကြလော့။ အခွန်ပေးသင့်သောသူအား အခွန်ကိုလည်းကောင်း၊ အကောက်ပေးသင့်သောသူအား အကောက်ကိုလည်းကောင်း ပေးဆောင်ကြလော့။ ကြောက်ရွံ့သင့်သောသူကိုကြောက်ရွံ့၍ ရိုသေသင့်သောသူကိုရိုသေကြလော့။
လူအပေါင်းတို့ကို ရိုသေကြလော့။ ညီအစ်ကိုအချင်းချင်းချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ကြလော့။ ရှင်ဘုရင်ကို ရိုသေကြလော့။
ထိုသူငယ်ထွက်သွားသောအခါ ဒါဝိဒ်သည် တောင်ဘက်ပုန်းအောင်းရာမှ ထွက်လာပြီး မြေပေါ်မှာ ပျပ်ဝပ်လျက် သုံးကြိမ်ဦးချလေ၏။ ပြီးလျှင် တစ်ဦးကိုတစ်ဦး ဖက်နမ်းလျက် ငိုကြွေးကြ၏။ ဒါဝိဒ်သည် ယောနသန်ထက် ပို၍ငိုကြွေးလေ၏။